သွေးအားနည်း သွေးတိုးသမားအတွက် ပဲစင်းငုံ

Health Knowledge
သွေးအားနည်း သွေးတိုးသမားအတွက် ပဲစင်းငုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွေးအားနည်း သွေးတိုးသမားအတွက် ပဲစင်းငုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွေးအားနည်း သွေးတိုးသမားအတွက် ပဲစင်းငုံ

ပဲစင်းငုံမှာFolate content ကြွယ်ဝတာကြောင့်သွေးအားနည်းရောဂါ ကာကွယ်ပေးပါတယ်

ပိုတက်ဆီယမ် များစွာပါဝင်တာကြောင့် သွေးကြောများကျယ်စေကာသွေးပေါင်ထိန်းညှိပေးနိုင်လို့ သွေးတိုးသမားအတွက် သင့်လျော်တဲ့ပဲတမျိုးဖြစ်ပါတယ်။

ထို့ပြင် သွေးကြောတွင်းရှိ သွေးခဲများဖယ်ရှားပေးနိုင်ပါတယ်။

ပရိုတိန်းကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကြီးထွားဖွိ့ဖြိုးမှု အားကောင်းစေပါတယ်။

ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန်ဓါကိုယျကလိုအပျတဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

ရောင်ရမ်းမှု လျော့ကျစေနိုင်စွမ်းရှိတာကြောင့်လိပ်ခေါင်းရောဂါကိုသက်သာစေပါတယ်။

ကယ်လိုရီ ၊အဆီဓာတ် ၊ကိုလက်စထရောပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ကောင်းမွန်တဲ့ အစားအစာတမျိုးဖြစ်ပါတယ်။

ဗီတာမင်ကြွယ်ဝစွာပါဝင်ပြီး မလိုအပ်တဲ့အဆီတွေ ဖယ်ရှားပေးတာကြောင့် ခန္ဓာကိုယ် အတွက်အားအင်ပြည့်ဝစေပါတယ်။

မလေးရှားရိုးရာ ဆေးပညာအရပဲစင်းငုံရွက်ပြုတ်ရည် ဟာချောင်းဆိုး ဗိုက်အောင့်ဗိုက်နာ ဝမ်းပျက်ဝမ်းလျော တွေကိုကုသနိုင်စွမ်းရှိပါတယ်။ထို့ပြင်ပဲစင်းငုံအရွက်ကြိတ်ရည်ကို နားကိုက်ခြင်း၊ရေယုံနာ၊အနာပေါက်ရောဂါတွေမှာ သုံးလေ့ရှိပါတယ်။

ပဲစင်းငုံအမြစ်ကို ထုံဆေး၊ သန်ချဆေး၊သလိက်ရွှင်ဆေး၊ အနာကျက်ဆေး တွေမှာ သုံးလေ့ရှိသည်။

ဖိလစ်ပိုင်မှာ ပဲစင်းငုံရွက်ပြုတ်ရည်ကိုချောင်းဆိုး ဗိုက်အောင့်ဗိုက်နာ ဝမ်းပျက်ဝမ်းလျောအတွက် အသုံးပြုပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။