ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးthayဆုံး

Local News

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်ဖွဲ့တို့ ၅ ရက်တာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၇ ဦးthayဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ် ထုတ်ပြန် ချက်အရ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်

KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ် (၅) တပ်မဟာ လက်အောက်ရှိ ရဲဘော်များသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်သည့် မယ်ဝေ(မဲဝိုင်)တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးthayဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၈ နာရီခန့်

KNLA-အမှတ် (၅) တပ်မဟာ လက်အောက်ရှိ ရဲဘော် များသည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ လယ်တိုးစခန်း အောက်ခြေရှိ ရေခတ်ဆိပ်တွင်ဝင်ရောက် ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦး thayဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့၌တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်၏ ထော့မူပလယ်မဲ စခန်းအား ပထမ တစ်ကြိမ်နှင့် နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် ဒဲကျူစခန်းအား ဒုတိယ အကြိမ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦး thayဆုံးပြီး C-Tower Post ပျက်စီးသွား ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ခန့်

KNLA-အမှတ် (၅) တပ်မဟာ လက်အောက်ရှိ စစ်သည်တော်များသည် ဖလပ်ခို ဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဒူးကွယ်လူ စခန်းအား တစ်ကြိမ်နှင့် ထော့မူပလယ်မဲတွင် တစ်ကြိမ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့

KNLA-အမှတ် (၅) တပ်မဟာလက်အောက်ရှိ ရဲဘော်များသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖါးဂေါ်လိုးတွင် တစ်ကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ အထက်ပါ ဝင်ရောက်တိုက်ခိုက်မှု (၃) ကြိမ်တွင် စစ်သား ၂ ဦးthayဆုံးခဲ့ပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော်၊ အမှတ်(၅) တပ်မဟာ လက်အောက်ရှိ စစ်သည်တော်များသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖာပွန်မြို့အတွင်းရှိ ခမရ (၃၄၀) စခန်းအား ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ အမျိုးသမီး စစ်သည် ၁ ဦး thayဆုံးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ် ထုတ်ပြန်ချက်အရ သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။