ကျောက်ကပ်ရောဂါဝေဒနာသည်များအတွက် ဝမ်းမြောက်ဖွယ်

Health Knowledge
ကျောက်ကပ်ရောဂါဝေဒနာသည်များအတွက် ဝမ်းမြောက်ဖွယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ကပ်ရောဂါဝေဒနာသည်များအတွက် ဝမ်းမြောက်ဖွယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါဝေဒနာသည်များအတွက် ဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေးကုန်ကျမှု များပြားသော ရောဂါတစ်ခုဖြစ်သည်

ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလည်းကုန်လှပါသည် အချိန်အခိုက်အတန့်တစ်ခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည် ကျောက်ကပ်အစားထိုးလဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည် လဲဖို့စရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်

ထို့ကြောင့် ကျောက်ကပ်ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ

ရောဂါဖြစ်ကာစ ဝေဒနာရှင်များပျောက်ကင်း၍ နာတာရှည် ခံစားနေရသူများသက်သာပြီးကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေလျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။

ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည် သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည် စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်ကမ္ဘာပေါ်တွင် နာမည်ကြီးနေပြီဖြစ်သည့်

HERBAL MEDICINE ကုသနည်းပါ။

အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ ယခုတင်ပြသော ဓါတ်စာ ဆေးနည်းမှာကျွန်တော်တို့မိသားစုဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

(၁) ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေး

ပါ(အသား၊ငါး မရောပါနှင့် ရောဂါမရှိသေးသူများသောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျားများအတွက် ယောက်ျားပီသစေပါသည်

(၂) တရုတ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင်ထည့်စိမ်ပါ လက်ဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါအဖတ်ဝါးစားပါညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါအိပ်ချိန်နှင့်ဝေးပါစေသွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်ည (၇)နာရီဆိုလျှင် သင့်တော်ပါသည်။

(၃) ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ တဖြေးဖြေးသက်သာလာပါမည်။

(၄) ရေပူစမ်းနှင့်နီးပါက တစ်ပါတ်တစ်ကြိမ်ချိုးပါ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါသုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ

ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေလျော့လာသည်ကို တွေ့ရပါမည်ယုံကြည်စွာ စားသုံးကြည့်ပါသက်သာပျောက်ကင်းပါက ဤဓါတ်စာကို ကျောက်ကပ်ရောဂါဝေဒနာရှင်များအား မျှဝေပါ။

မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် မျှဝေပေးလိုက်ရပါသည်

သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ကြပါစေ

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။