ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးthayစေတဲ့ သဘာဝအစားအစာတွေ

Health Knowledge
ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးthayစေတဲ့ သဘာဝအစားအစာတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးthayစေတဲ့ သဘာဝအစားအစာတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးthayစေတဲ့ သဘာဝအစားအစာတွေ

ပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ပိုးသတ်ဆေးတွေဟာ ဆေးပြင်းဖြစ်တာကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ကြာရှည်စွာ စွဲသောက်စရာမလိုဘဲ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို မြန်မြန်thayစေတဲ့ နတ်ဆေးအစားအစာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျားရည်

ပျားရည်ဟာ အရေပြားအလှအပအတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ဆေးကောင်းတစ်လက်ပါ။ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကြောင့် ဘက်တီးရီးယားပိုးတွေရဲက ကြီးထွားနှုန်းကို ရပ်တန့်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောပြီးသောက်လို့ ရသလို အနာပေါ် တိုက်ရိုက်လိမ်းပေးခြင်းဖြင့်လည်း ပိုးသေစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာလည်း ဘက်တီးရီးယားပိုးကို ရှင်းထုတ်ပေးနိုင်တဲ့ သဘာဝအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအတိုင်း အစိမ်းစားလို့လည်း ရသလို ဟင်းတွေမှာ ရောချက်လို့လည်း အဆင်ပြေတယ်။ အအေးမိဖျားနာတာ၊ သွားကိုက်သွားနာ၊ ရာသီတုပ်ကွေးတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေပြီး အဖျားပျောက်မြန်စေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ ၂စိတ်လောက် ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

၃။ ချဉ်သော အရသာရှိတဲ့ အသီးအနှံများ

ဗီတာမင် စီ ဟာ အသားအရေအတွက် ကျန်းမာရေးအတွက်ပါ အကျိုးအများကြီး ရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလို့ ရောဂါတွေကို အမြဲတိုက်ထုတ်ပေးနေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဗီတာမင် စီကို သဘာဝအသီးအနှံတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဘယ်ရီသီး စတဲ့ အသီးအနှံတွေကို ရရှိနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားလို့လည်း အဆင်ပြေသလို သကြားမထည့်ဘဲ ကြိတ်ပြီး ဖျောက်သောက်လို့လည်း ရပါတယ်။

၄။ သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်ကို ဟင်းချက်တဲ့နေရာမှာ အသုံးပြုကြပေမယ့် သူ့ရဲ့ ဆေးဘက်ဝင်တဲ့ အာနိသင်ကိုတော့ လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။ သစ်ကြံပိုးခေါက်ဟာ ဘက်တီးရီးယားပိုးအတွက်သာမက မှိုရောဂါပိုးတွေကိုပါ သေစေနိုင်လို့ မိန်းမကိုယ်မှိုစွဲတာ၊ ပွေး၊ ဝဲ၊ ညှင်းစတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကုသတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ သစ်ကြံပိုးခေါက်ကို အမှုန့်ဖြစ်အောင် သေချာကြိတ်ပြီး ရေနွေးနဲ့ ရောသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ အပြင်ဘက် ဒဏ်ရာနဲ့ အရေပြားပြဿနာတွေအတွက် ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို သမအောင် မွှေပြီးလိမ်းပေးလို့ ရပါတယ်။

၅။ ချင်း

ချင်းကိုတော့ အအေးမိတုပ်ကွေး၊ ဖျားနာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ကုသတဲ့နေရာမှာ အသုံးများပါတယ်။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးခြင်းဖြင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ပိတ်နေတဲ့ ဘက်တီးရီးယားပိုးတွေကို ရှင်းထုတ်ပေးသလို အပူငွေ့ကလည်း ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေကို ကျစေပြီး အပူအပုပ် ရှင်းစေပါတယ်။

၆။ ပန်းသီးရှာလကာရည်

အနံ့ပြင်းတဲ့ ပန်းသီးရှာလကာရည်ကို အသား၊ ငါးတွေ ပိုးသန့်စင်တဲ့ နေရာမှာ အသုံးပြုလို့ ရသလို လူတွေရဲ့ ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လည်ချောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ပိုးတွေကို thayစေပြီး အကျိုးပြု ဘက်တီးရီးယားတွေကို ပိုမိုပွားများစေအောင် ကူညီပေးနိုင်ပါတယ်။

ခုပြောပြပေးခဲ့တဲ့ အစားအစာတွေဟာ ရောဂါပိုးthayစေတယ်ဆိုတာ မှန်ပေမယ့် ဆေးဝါးအစားထိုး အသုံးပြုလို့တော့ မရပါဘူး။ အကောင်းဆုံးက ဘက်တီးရီးယားပိုးကြောင့် ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသပြီး ဆေးဝါးအကူအညီကို ယူပါ။ ဆေးသောက်နေစဉ်ကာလမှာလည်း ဒီအိမ်တွင်းဆေးဝါး အစားအစာတွေနဲ့ ရောဂါလက္ခဏာကို မြန်မြန်ပျောက်ကင်းအောင် ကုသပေးလို့ ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။