တရုတ်နှစ်သစ်ကူးအကြောင်း သိကောင်းစရာများ

Knowledge
တရုတ်နှစ်သစ်ကူးအကြောင်း သိကောင်းစရာများ

၁။ တရုတ်နှစ်သစ်ကူးဆိုတာဘာလဲ ? ? ? ? ?

တရုတ်နှစ်သစ်ကူး (သို့) နွေဦးပွဲတော်သည် တရုတ်ရိုးရာယဉ်ကျေးမှု နှင့် သမိုင်းဝင်သောတရုတ်နိုင်ငံတွင်ကျင်းပသည့် အရေးပါဆုံးသောပွဲတော်ဖြစ်သည်။ ပွဲတော်သည် တရုတ်ရာသီဥတုလေးခုတွင် ပထမဆုံးသော နွေဦး၏အစနှင့် တရုတ်လပြက္ခဒိန်အရ နှစ်သစ်တစ်ခု၏အစတွင်ကျင်းပသည်။ ပွဲတောကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလေ့ရှိပြီး တရုတ်ပြည်မှဆင်းသက်လာသော လူမျိုးစုများစုပေါင်းကျင်းပကြသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။

၂။ တရုတ်နှစ်သစ်ကူးပွဲတော်ကိုဘာကြောင့်ကျင်းပကြတာလဲ ? ? ? ? ?

တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပသောအကြောင်းအရင်းများစွာရှိသည်။ ရှေးဦးစွာတရုတ်နှစ်သစ်ကူးပွဲတော်သည် လူများကိုတိုက်ခိုက်ပြီး ကလေးသူငယ်များကို ဖမ်းယူစားသောက်သော ကြောက်မက်ဖွယ်ကောင်းသော သားရဲသတ္တဝါ “နရင်း”ကို ဆန့်ကျင်သည် ရှေးခေတ်တိုက်ပွဲမှဆင်းသက်လာသည်ဟု တရုတ်ဒဏ္ဍာရီများတွင် ဖော်ပြထားသည်။ လူအများသည် သားရဲကိုမောင်းထုတ်ရန်အတွက် မီးရှူးမီးပန်းများကို အသုံးပြုကြသည်။ ဤဓလေ့သည် ယခုချိန်ထိအတိုင် ဆက်လက်တည်ရှိနေခဲ့ပါသည်။

ဤတရုတ်နှစ်သစ်ကူးပွဲတော်သည် လယ်သမားများနှင့် အလုပ်သမားများအတွက် တစ်နှစ်တာအတွင်းကြိုးစားအားထုတ်မှုများမှ အနားယူရန်အတွက် ရည်ရွယ်ပါသည်။ နောက်တစ်နှစ် ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် ကောင်းမွန်စွာအနားယူနိုင်စေရန်အတွက် နှစ်သစ်ကူးပွဲတော်ရုံးပိတ်ရက်ရှည်များပေးထားခြင်းလည်းဖြစ်သည်။

၃။ တရုတ်နှစ်သစ်ကူးပွဲတော်သည် ဘာကြောင့်အရေးကြီးသနည်း ? ? ? ? ?

တရုတ်နှစ်သစ်ကူး၏ အရေးပါမှုသည် သမိုင်းတွင် နက်နက်ရှိုင်းရှိုင်အမြစ်တွယ်နေပြီး ပွဲတော်အချိန်သည် တစ်နယ်ရပ်ခြားတွင် ကွဲကွာနေသောမိသားစုများ ပြန်လည်ပေါင်းစည်းရန်နှင့် အတူတကွဖြတ်သန်းရန်အတွက် အရေးကြီးဆုံးသော အချိန်အခါဖြစ်သည်။ အသက်မွေးဝမ်းကြောင်းအလုပ်နှင့်ဖြစ်စေ၊ ပညာရေးအတွက်ဖြစ်စေ၊ တခြားအကြောင်းအမျိုးမျိုးကြောင်းအတွက်ဖြစ်စေ မိသားစုဝင်များသည် ကွဲကွာနေနိုင်သောကြောင့် ဤပွဲတော်သည် မိသားစုများပြန်လည်စုဝေးရန်အတွက် အဓိကအခွင့်အရေးတစ်ခု ဖြစ်သည်။ ပွဲတော်သည် လာမည့်နှစ်အတွက် ကံကောင်းခြင်းများရရှိစေရန် ဘာသာရေးထုံးတမ်းအစဉ်အလာများနှင့် ယုံကြည်ချက်များစွာဖြင့် ပြည့်နှက်နေလေသည်။

၄။ အဘယ်ကြောင့်တရုတ်နှစ်သစ်ကူးနေ့သည် နှစ်သစ်ကူးနေ့တွင်မကျရောက်ရတာလဲ ? ? ? ? ?

တရုတ်နှစ်သစ်ကူးပွဲတော်သည် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဘယ်တော့မှမကျရောက်ပါ။ တရုတ်နှစ်သစ်ကူးအတွက် မတူညီသော ရက်စွဲတစ်ခုရှိပါသည်။ တရုတ်နှစ်သစ်ကူးရက်ကို နိုင်ငံတစ်ကာသုံးပြက္ခဒိန်မှမဆုံးဖြတ်ပဲ တရုတ်လပြက္ခဒိန်မှဆုံးဖြတ်သည်။ တရုတ်နှစ်သစ်ကူးကာလသည် ဇန်နဝါရီလ (၂၀)မှ ဖေဖော်ဝါရီလ (၂၀)အတွင်းကျရောက်ပါသည်။ ၂၀၂၄ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးရက်သည် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင်ကျရောက်ပါမည်။

၅။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဘာလို့ နွေဦးပွဲတော် လို့ခေါ်တာလဲ ? ? ? ? ?

တရုတ်တွင် နွေဦး၊ နွေ၊ ဆောင်ဦး၊ ဆောင်းဟု ရာသီဉတုလေးခုရှိရာ နှစ်သစ်ကူးပွဲတော်သည် နွေဦးလ၏ အစတွင်ကျင်းပသောကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်ကို နွေဦးပွဲတော်ဟုခေါ်ဆိုခြင်းဖြစ်သည်။

၆။ တရုတ်နှစ်သစ်ကူးပွဲတော်ကို မည်သို့ကျင်းပသနည်း ? ? ? ? ?

တရုတ်နှစ်သစ်ကူးပွဲတော်၏ အရေးပါဆုံးသောအပိုင်းမှာ ငါးနှင့်ဖက်ထုပ် စသည့် ကံကောင်းစေသောအစားအစာများပါဝင်သည့် တရုတ်နှစ်သစ်ကူအကြိုရက်တွင် ကျင်းပသော ကွဲကွာနေသောမိသားစုများ၏ ပြန်လည်ဆုံစည်းသော မိသားစုထမင်းဝိုင်းလေးဖြစ်သည်။ အခြားသောရိုးရာနေ့ရက်များမှာ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ နတ်ပို့ခြင်း၊ ဘိုးဘွားများအားကန်တော့ခြင်း၊ ဟုန်ပေါင်းပေးခြင်း စသည့်နေ့အလိုက်ရိုးရာအတိုင်းပြုလုပ်ကြသော အလုပ်အကိုင်များလည်းရှိသည်။ အကျယ်တဝက်ဖော်ပြပါဦးမည်။

၇။ တရုတ်နှစ်သစ်ကူးကို မည်သည့်နိုင်ငံများတွင် ကျင်းပကြသနည်း ? ? ? ? ?

တရုတ်နှင့် သမိုင်းဝင်မျိုးရိုးရှိကြသော အိမ်နီးချင်းနိုင်ငံများတွင် ကျင်းပကြသည်။ ယခုအခါ အာရှနိုင်ငံများသာမက တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုသည် အနောက်နိုင်ငံများသို့ ပျံ့နှံ့သွားပြီး အာရှနိုင်ငံများသာမက အနောက်နိုင်ငံအများအပြားတွင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို အတူတကွ ပျော်ရွှင်ဖွယ်ကျင်းပကြသည်။

၈။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဘယ်လောက်ကြာကျင်းပကြတာလဲ ? ? ? ? ?

တရုတ်နှစ်သစ်ကူးပွဲတော်ကို ပျမ်းမျှ ၁၆ရက်ကြာကျင်းပကြသည်။ ၂၀၂၄ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးပွဲတော်သည်ဖေဖော်ဝါရီလ ၁ဝရက်နေ့မှ ဖေဖော်ဝါရီလ၂၄ရက်နေ့အထိဖြစ်သည်။ ဈေးဝယ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ နေရပ်ပြန်ခြင်းများကို ပွဲတော်မစခင် တစ်လလောက်အလိုကတည်းက ပြုလုပ်ကြရသည်။

၉။ တရုတ်နှစ်သစ်ကူးမှာ ဘာတွေဝတ်ဆင်ကြတာလဲ ? ? ? ? ?

ခေါင်းမှ ခြေဖျားအထိ အသစ်သစ်သော အသုံးဆောင်ပစ္စည်းများကို ဝတ်ဆင်ကြပြီးနှစ်သစ်အတွက် မျှော်လင့်ချက်အသစ်များကို စတင်နိုင်သည်။ နှစ်သစ်ကူးနေ့တွင် တရုတ်လူမျိုးများသည် အနီရောင်ကိုဝတ်ဆင်ကြပြီး ပျော်ရွှင်ဖွယ်ကောင်းသော ခံစားချက်နှင့်စတင်ကြသည်။ အနီရောင်သည် တရုတ်လူမျိုးများအတွက် ကံကောင်းစေသောအရောင်ဖြစ်ပြီး ကံကြမ္မာဆိုးများကို တွန်းလှန်နိုင်သည်ဟု ယုံကြည်ကြသည်။

၁၀။ တရုတ်နှစ်သစ်ကူးသည် တိရိစ္ဆာန်အမျိုးမျိုးနှင့် ဘာကြောင့်ဆက်စပ်နေသနည်း? ? ? ? ?

ရှေးခေတ်ကတည်းက တရုတ်လူမျိုးများသည် နှစ်များကို ကိုယ်စားပြုရန်အတွက် ရာသီခွင် တိရိစ္ဆာန်များကို အသုံးပြုလာကြသည်။ ရာသီခွင် တိရိစ္ဆာန် ၁၂ကောင်သည် ၁၂နှစ်တွင် တစ်ကြိမ်ပြန်လည်ဖြစ်ပေါ်ကျရောက်သည်။ ရာသီခွင် ၁၂မျိုးမှာ ကြွက် ၊ နွား ၊ ကျား ၊ ယုန် ၊ နဂါး ၊ မြွေ ၊ မြင်း ၊ ဆိတ် ၊ မျောက် ၊ ကြက် ၊ ခွေး ၊ ဝက် တို့ဖြစ်သည်။

၁၁။ တရုတ်နှစ်သစ်ကူးမှာ ဘာကြောင့် နဂါးနှင့် ခြသေ့်ကများကကြတာလဲ ? ? ? ? ?

နဂါးအက နှင့် ခြသေ့်အကများသည် ပျော်ရွှင်ဖွယ်ကောင်းသော ပွဲတော်များနှင့် ပွဲလမ်းသဘင်များကို မြင့်တင်စေရန်အတွက် အသုံးပြုသော ရိုးရာအကများဖြစ်သည်။ နဂါး သို့ ခြသေ့် အကများနွေဦးပွဲတော်ကျင်းပခြင်းသည် ကံကောင်းခြင်းများကိုဆုတောင်းပြီး နတ်ဆိုးများကို မောင်းထုတ်ရန် နည်းလမ်းတစ်ခုဖြစ်သည်ဟု ရှေးယခင်ကတည်းက ယုံကြည်ကြသည်။

၁၂။ တရုတ်နှစ်သစ်ကူးတွင် မီးရှူးမီးပန်းများဘာကြောင့် ဖောက်ကြတာလဲ ? ? ? ? ?

ရှေးယခင်က မီးရှုးမီးပန်းများပေါက်ကွဲသံသည် မကောင်းဆိုးဝါးများကို ကြောက်လန့်စေကာ ကံဆိုးခြင်းများကို ကင်းဝေးစေနိုင်သောကြောင့် နှစ်သစ်ကူးရာသီတွင် မီးရှူးမီးပန်းများဖောက်ကြသည်။

credit org Avalokiteśvara Bodhisattva – 仰光觀音堂

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။