စိတ်ညစ်ညူးနေလား ….

Astrology
စိတ်ညစ်ညူးနေလား ….

အကြောင်းမဲ့သက်သက် မိမိအိမ်ရှေ့ ….မိမိအလုပ်ဆိုင်ရှေ့ ….လာရောက်ပြီး ဆဲဆိုခြင်း …အရှက်ခွဲခြင်း …. ရန်စပြောဆိုခြင်းများ ကို ခံစားနေရပြီဆိုလျှင် အောက်ပါ ယတြာကို ပြုလုပ်ဆောင်ရွက်ပါ ။

မိမိအိမ်ရှေ့ (သို့မဟုတ်) မိမိအလုပ်ဆိုင်ရှေ့တွင် ညတိုင်းပြုလုပ်ဆောင်ရွက်ပါ ။ ငှက်ပျောတုံးတတောင်လောက်ကို ဖြတ်ပါ ။ ထိုနောက် ဝါးခြမ်းပြားကို ငှက်ပျောတုံးတွင် လခြမ်းပုံစံ ဖြစ်အောင် ကွေးစိုက်လိုက်ပါ ။

ထိုကွေးထားသော ဝါးခြမ်းပြားပေါ်တွင် ဖယောင်းတိုင်အဖြူ ၉တိုင်ကို ထွန်းညှိထားပါ ။ ၃ည ဆက်တိုက် မီးထွန်းပါ။ နောက်တနေ့ နံနက်ပိုင်း ထိုငှက်ပျောတုံးများကို ရေမျှောလိုက်ပါ ။ ထိုအချိန်မှစတင်ပြီး မိမိစိတ်အနှောက်အယှက်ဖြစ်အောင် လာရောက်ပြုလုပ်ခြင်းဘေးမှ လွတ်ကင်းချမ်းသာပါလိမ့်မည် …

ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…

ရေးသားသူ – ဆရာမဇာဇာ (ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။