၈ ခု မြောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို တရားဝင်ပိုင်ဆိုင်ခဲ့ပြန်တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ

Celebrity International News
၈ ခု မြောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို တရားဝင်ပိုင်ဆိုင်ခဲ့ပြန်တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၈ ခု မြောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို တရားဝင်ပိုင်ဆိုင်ခဲ့ပြန်တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၈ ခု မြောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို တရားဝင်ပိုင်ဆိုင်ခဲ့ပြန်တဲ့ BLACKPINK အဖွဲ့ဝင် လီဆာ

ကမ္ဘာကျော်အဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် လီဆာဟာ ၈ ခုမြောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကို တရားဝင်ပိုင်ဆိုင်သွားခဲ့ပြန်ပါပြီ။ သူ့ရဲ့တစ်ကိုယ်တော်သီချင်း “Money” ဟာ Spotify မှာ Stream တဲ့သူ ၁ ဘီလျံရှိသွားတာကြောင့် ဒီစံချိန်ကို ချိုးခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက စက်တင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြုပေးခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ တစ်ကိုယ်တော်အနေနဲ့ ထွက်ရှိခဲ့တဲ့ လီဆာရဲ့ “LALISA” သီချင်းအယ်လ်လမ်ထဲက “Money” သီချင်းဟာ စက်တင်ဘာ ၂၁ ရက်နေ့က Spotify မှာ Stream တဲ့သူ ၁ ဘီလျံရှိသွားခဲ့တာပါ။ ဒါကြောင့် လီဆာက Spotify မှာ Stream တဲ့သူ ၁ ဘီလျံရရှိခဲ့တဲ့ ပထမဆုံး ကေပေါ့ပ်တစ်ကိုယ်တော်အဆိုရှင်အဖြစ် စံချိန်ချိုးခဲ့တာပါ။ ဒီသီချင်းက Billboard Hot 100 ဇယားမှာလည်း နံပါတ် ၉၀ နေရာမှာ ရှိနေပါတယ်။
လီဆာက ဒီစံချိန်အပါအဝင် ကမ္ဘာ့ဂင်းနက်စ်စံချိန် ၈ ခုအထိ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

ဒီစံချိန် ၈ ခုကတော့

၁ Most Viewed K Pop Solo YouTube MV in 1 day (LALISA MV)
၂ Most Viewed Solo Youtube MV in 1 day (LALISA MV)
၃ Most Followed K Pop Idol on Instagram
၄ First Solo K Pop Winner at MTV’s VMA award
၅ First Solo K Pop Winner at MTV’s EMA award
၆ Fastest solo K-pop Female artist to reach 1B streams on Spotify (411 days)
၇ 1st ALBUM by a solo K-pop artist to reach 1B streams on Spotify (2 tracks)
၈ First K Pop Solo Track getting 1 billion Streams on Spotify – Money

လီဆာက တစ်ကိုယ်တော်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ ၃ နှစ်အတွင်း ဒီကမ္ဘာ့ဂင်းနက်စ်စံချိန် ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။