၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ လအတွင်း ကံကြမ္မာဟောစာတမ်း

Astrology
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ လအတွင်း ကံကြမ္မာဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ လအတွင်း ကံကြမ္မာဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ လအတွင်း ကံကြမ္မာဟောစာတမ်း

ဆရာဦးဘိုနိုင် ၏ ၇ ရက်သားသမီးများအတွက် အောက်တိုဘာလ တလလုံးအတွက် နေ့နံအလိုက် ကံကြမ္မာဟောစာတမ်း ကိုတင်ဆက်ပေးလိုက်ပါတယ်။

တနင်္ဂနွေ နေ့ သားသမီးများ

၂၀၂၃ ခုနှစ် အောက်တိုဘာလ တစ်လ အတွင်း တနင်္ဂနွေနေ့ သားသမီးများဟာ…
ယခုကာလအတွင်း အစစအရာရာ အဆင်ပြေအေးချမ်းမှုများကြုံတွေ့ခံစားရမည့်အချိန်ကာလဖြစ်ပါတယ်။ မိမိတွင်အခက်အခဲများကြုံတွေ့ရပါက မိမိကိုကူညီမယ့်သူများ ပေါ်လာတတ်ပါတယ်။

ယခုကာလတွင် လက်စွပ်၊လက်ကောက်၊ခြေကျင်း များ ဝယ်ခြင်း သို့မဟုတ် ဝတ်ဆင်ခြင်းမပြုပါနှင့်။ ၎င်းတို့ နှင့်ပတ်သတ်၍ စိတ်သောကများရတတ်ပါတယ်။ ပညာရေးနှင်ပတ်သတ်သောကိစ္စများတွင် အပြောင်းအလဲအချို့ကြုံတွေရတတ်ပါတယ်။ စိတ်ထဲတွင် အလုပ်ကိစ္စများနှင့် ရှုပ်ထွေးနေတတ်ပါတယ်။

ငွေကြေးကိစ္စများ အဆင်ပြေ၍ ဝင်ငွေကောင်းမည့်အချိန်ကာလဖြစ်ပါတယ်။ ငွေကြေးအထွက်များလည်းရှိနေတတ်သဖြင့် ငွေကြေးသုံးစွဲမှု သထိထားသင့်သည့် အချိန်ကာလဖြစ်ပါတယ်။

ယခုကာလအတွင်း အလှကုန်ပစ္စည်းများအရောင်းအဝယ်ပြုလုပ်ပါက အကျိုးဖြစ်ထွန်းမည်။ ဆန် ၊ ဆီ ၊ ဆား ၊ ဆေးနှင့် လူသုံးကုန် ၊ စားသုံးကုန်ပစ္စည်းများ အရောင်းအဝယ် အကျိုးဖြစ်ထွန်းပါလိမ့်မည်။ ဆွေးမျိုးမိဘမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီများရရှိတတ်ပါတယ်။ အမျိုးသမီး မိတ်ဆွေများ၏ အကူအညီရရှိပါက မိမိအခက်အခဲများအဆင်ပြေပါလိမ့်မည်။

လူငယ်များ အချစ်ရေးအထူးကံကောင်းသော အချိန်ကာလဖြစ်ပါတယ်။ ချစ်သူမရှိသူများ ချစ်သူအသစ်ရရှိတတ်ပြီး လက်ထပ်ရန်ရည်ရွယ်ထားသူများ အိမ်ထောင်ကျတတ်ပါတယ်။ အိမ်ထောင်ရှိသူများ တွင် သစ္စာရှိဖို့လိုအပ်ပါတယ်။ မိမိအိမ်ထောင်ဖက်အပေါ်တွင် သစ္စာပျက်ယွင်းပါက အိမ်တွင်းရေးတွင် စိတ်ညစ်စရာကိစ္စများ နှင့် အပူသောကများကြုံ တွေ့ရတတ်ပါတယ်။ ယခင်က အချစ်ရေးကံခေခဲ့လေသမျှ ယခုကာလတွင် အချစ်ရေးကံကောင်းလာပါလိမ့်မည်။ မင်္ဂလာကိစ္စရည်ရွယ်ထားသူများ ထမြောက်အောင်မြင်ပါလိမ့်မည်။ မျက်နှာပွင့်လန်း၍ မှန်ကန်သောသစ္စာတရား၏အကျိုးခံစားရပါလိမ့်မည်။

ကျန်းမာရေးအနေဖြင့် ကျန်းမာရေးအနည်းငယ်ချူချာတတ်၍ ကျန်းမာရေး သတိထားသင့်ပါတယ်။ မျက်စိနာခြင်း မျက်လုံးအားနည်းခြင်း စတဲ့ရောဂါများ သတိပြုသင့်ပါတယ်။

ယခုကာလအတွင်းတနင်္ဂနွေ သားသမီးများအနေဖြင့် ကောင်းသောကံကိုပိုမိုကောင်းမွန်စေရန်အတွက် နှင့် အညံ့များပပျောက်ကင်းစင်စေရန် အတွက် သြဇာညွန် ၆ ညွန့် အား မိမိနေအိမ်ဘုရားတွင်လှူဒါန်းခြင်းဖြင့်ကံတရား၏ အထောက်အပံ့ကိုရရှိစေနိုင်ပါတယ်။
ယခုကာလအတွင်း အကျိုးပေး ဂဏန်းများမှာ ၃ ဂဏန်း ၊၆ ဂဏန်း၊ ၇ ဂဏန်းတို့ဖြစ်ပါတယ်။
တနင်္ဂနွေနေ့သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ

တနင်္လာ နေ့ သားသမီးများ.

၂၀၂၃ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း တနင်္လာ နေ့ သားသမီးများဟာ…
ဤအချိန်ကာလသည် အမျိုးသမီး မိတ်ဆွေ အပေါင်းအသင်းများ၏ အကူအညီရရှိတတ်ပါတယ်။ အတိုက်အခံ၊အချေအတင် အပြိုင်အဆိုင်၊အငြင်းအခုံ ကိစ္စများရှိနေနိုင်သော်လည်းမိမိကြိုးစားသလောက် အရာထင်အဆင်ပြေအောင်မြင်၍ နာမည်ဂုဏ်သတင်းကျော်စောထင်ရှားစေနိုင်သည့် အချိန်ကာလဖြစ်ပါတယ်။ စီးပွားကိစ္စများ အစပျိုးလုပ်ကိုင်ရန် အထူးကောင်းမွန်ပါတယ်။

ယခုကာလမှာမိမိအနေဖြင့် အမူကိစ္စအသေးအဖွဲများကြုံတွေ့ရတတ်၍ အပြောအဆိုအနေထိုင် ဆင်ခြင်သတိထားအပ်ပေသည်။ မိမိ၏လက်အောက်ငယ်သားများ နှင့်ပတ်သတ်၍တခါတလေ စိတ်ညစ်ရတတ်ပါတယ်။

ယခုကာတွင် အိုးပြောင်း ၊ အိမ်ပြောင်း ၊ နေရာပြောင်း ၊ ဌာနပြောင်း ၊ အိပ်ယာပြောင်း ကြုံတွေ့ရတတ်ပါတယ် ။ ယာယီခရီးထွက်ရတတ်ပါတယ်။ အရာရာဟာ ရွေးချယ်စရာ နှစ်ခုနှင့်ကြုံ၍ တစ်ခုကို မလွဲမရှောင်သာလို့သာ စွန့်လွှတ်ရတာမျိုးဖြစ်တတ်ပါတယ်။
ယခုကာလတွင် အရှေ့တောင် အရပ်သို့ ခရီးသွားခြင်းကိုရှောင်ကျဥ်ပါ သွားမိပါက နေထိုင်မကောင်းဖြစ်တတ်ပါတယ်။

လူမှုရေးကိစ္စများ အဆင်မပြေဖြစ်တတ်၍ သတိထားဆက်ဆံပါ။ အိမ်တွင်းရး အဆင်မပြေမှုများ ကြုံတွေ့ရတတ်ခြင်း အဖွဲ့အစည်းများတွင်အဆင်မပြေဖြစ်တတ်ခြင်းများကြုံရတတ်ပါတယ်။

ဤကာလတွင်အရောင်းအဝယ်လုပ်ငန်းကိစ္စများအဆင်ပြေမည်။ ဆန်၊ ဆီ ၊ ဆား ၊ဆေး စျေးဆိုင်ကုန်စုံ လုပ်ငန်းများအကျိုးဖြစ်မည်။ အစုရှယ်ယာလုပ်ငန်းများ ၊ ခရီးသွားလုပ်ငန်းများ ၊ အလှကုန်နှင့်ပတ်သက်သည့်လုပ်ငန်းများ ၊ သွပ်၊သံ၊ ခဲ နှင့်ပတ်သတ်သည့်လုပ်ငန်းများအဆင်ပြေအကျိုးပေးမည်။

ကျန်းမာရေးအနေဖြင့် အနည်းငယ်ချူချာတတ်ပြီး ဆေးရုံး ဆေးခန်းများ သွားရသည်အထိတော့ မဖြစ်နိုင်ပေ သို့သော် သတိထားသင့်အပ်ပေသည်။

လူငယ် ယောင်္ကျားလေး များဖြစ်ပါက အချစ်ရေးကံကောင်းသောအချိန်ကာလဖြစ်ပါတယ်။ အချစ်ရေးမှာ စိတ်နှစ်ခွဖြစ်ရတတ်ပါတယ်။ အဆင်မပြေဖြစ်နေသော ချစ်သူစုံတွဲများတွင် နှလုံးသားထက် ဦးနှောက်ဘက်သို့ ဦးစားပေး၍ စဥ်းစားရတတ်ပါတယ်။ အိမ်ထောင်ရေး အချစ်ရေးမှာ အကောင်းအဆိုးယှဥ်တွဲပြီး ရှိနေတတ်ပါတယ်။ စိတ်ရှည်သီးခံ နာလည်မှုထားနိုင်ပါက အဆင်ပြေအေးချမ်းပျော်ရွှင်ရပါလိမ့်မည်။

ယခုကာလတွင်အညံ့များပျောက်၍ကံတရား၏အထောက်အပံ့ရစေရန်အတွက် ဘုန်းကြီးတစ်ပါးအားသင်္ကန်း လှူဒါန်းခြင်းဖြင့်ကံတရား ၏အထောက်အပံ့ကိုရရှိစေနိုင်ပါတယ်။

အကျိုးပေးသော ဂဏန်းများမှာ ၆ ဂဏန်း ၊၂ ဂဏန်း ၊ ၃ ဂဏန်း တို့ဖြစ်ပါတယ်။
တနင်္လာနေ့သားသမီးများ အားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

အင်္ဂါနေ့ သားသမီးများ

၂၀၂၃ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း အင်္ဂါ နေ့ သားသမီးများဟာ…
ယခုကာလအတွင်း လုပ်ဖော်ကိုင်ဖက်များနှင့် မိမိပတ်ဝန်းကျင်အပေါ် စိတ်အလိုမကျမူများ ကြုံတွေ့ရတတ်ပါတယ်။ မိမိကိုယ်တိုင်လည်း တခါတလေ စိတ်ညစ် စိတ်လေ အဆင်မပြေ မှုများကြုံတွေ့ရတတ်ပါတယ်။ စိတ်ရှည်သီးခံရန်လိုအပ်ပါတယ်။
မိမိအနေဖြင့် ယခုကာလတွင် စီးပွားရေး၊ဘဝတက်လှမ်းရေးဆိုင်ရာ ကိစ္စတွေအတွက် စိတ်ထဲမှာလုပ်စရာ အလုပ်တွေ များနေတတ်ပါတယ်။ မိမိဘဝ အောင်မြင်မှုအတွက် အရာရာအစပျိုးကြိုးစား လုပ်ကိုင်သင့်သောအချိန်ကာလလည်းဖြစ်ပါတယ်။ မိမိ ကြိုးစားသမျှ ထိရောက်အောင်မြင်မှုရရှိပါလိမ့်မည်။

ယခုကာလဟာ မိမိအတွက် အတိုက်အခံ အချေအတင်များနှင့် အပြိုင်အဆိုင် မနာလိုမုန်းထားသူများလည်း ရှိနေတတ်၍ အပြော အဆို၊အနေအထိုင်သတိထားသင့်ပါတယ်။ အထက်အကြီးအကဲများ၏အကူအညီများရရှိ၍ အစိုးရနှင့်ပတ်သတ်သော၊ အုပ်စု အသင်း အဖွဲ့နှင့်ပတ်သတ်သောလုပ်ငန်းများအဆင်ပြေမှုများရရှိပါမည်။ လက်အောက်ငယ်သားများနှင့်ပတ်သတ်၍ စိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်။
ပညာရေး နှင့်ဆိုင်သော ကိစ္စများတွင်မမျှော်လင့်သောအပြောင်းအလဲများကြုံတွေရတတ်ပါတယ်။

အလှကုန်၊အသုံးအဆောင် ပစ္စည်းများနှင့်ပတ်သတ်၍အရောင်းအဝယ် ပြုလုပ်ပါက အကျိုးထူးခံစားရမည်။ အမျိုးသမီးမိတ်ဆွေများမှ အထူးအကျိုးပြုပါလိမ့်မည်။
ယခုကာလတွင် ငွေကြေး အဝင်ရှိသလို အထွက်များလည်းရှိနေတတ်ပါတယ်။သေချာ သတိပြု သုံးစွဲရန်လိုအပ်ပါတယ်။ ငွေမချေးမိပါစေနှင့် ပြန်တောင်းရာတွင်ခက်ခဲနေတတ်ပြီး ပြန်တောင်းလို့အမုန်းခံရတတ်ပါတယ် ။ မိမိပေးစရာရှိသောအကြွေးများဖိအားပေးအတောင်းခံရတတ်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေးတွင် ချစ်သူအိမ်ထောင်ဖက်နှင့်သဝန်တိုစိတ်ကြောင့် စကားမကြာခဏများရတတ်ပါတယ်။ အိမ်တွင်းရေးအပူသောက အနည်းငယ် ကြုံတွေ့ခံစားရတတ်ပါတယ်။
အချစ်ရေး အိမ်ထောင်ရေးတွင် ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မကြာခဏဖြစ်ရတတ်ပါတယ်။ ကွဲမယ် ကွာမယ် လမ်းခွဲမယ်မပြောသင့်သောကာလဖြစ်၍ စကားနောက်တရားပါကာ ချစ်တဲ့သူများနှင့် လမ်းခွဲရတတ်ပါတယ်။ အချစ်ရေးတွင်ဟန်ဆောင် ဖုံးကွယ်ထားမှုများရှိပါက အလိမ်အညာပေါ်ရတတ်ပါတယ်။ ချစ်သူအိမ်ထောင်ဖက်အပေါ် သစ္စာရှိရန်လိုအပ်ပါတယ်။

နေအိမ်မှယာယီခရီးထွက်ရပါအနောက်တောင်အရပ်သို့ ခရီးသွားခြင်းရှောင်ကျဥ်သင့်ပါတယ်။ သွားမိပါက အဆင်မပြေသောခရီးဖြစ်ရတတ်ပါတယ်။ စနေသားသမီးများနှင့် သတိထား၍ပေါင်းဆက်ဆံသင့်ပါတယ်။

ယခုကာလအတွင်း အင်္ဂါသားသမီးများအနေဖြင့်အညံ့များပျောက်၍ ကောင်းသောကံအားပိုမိုကောင်းမွန်စေရန်အတွက် ကံ့ကော်ညွန့် ၈ ညွန့်အား တန်းခိုးကြီးဘုရားတွင်လှူဒါန်းခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကိုရရှိစေနိုင်ပါမည်။

ယခုကာလအတွင်းအကျိုးပေးနိုင်မည့်ဂဏန်းများမှာ ၂ ဂဏန်း ၊၅ ဂဏန်း၊ ၆ ဂဏန်း တို့ဖြစ်ပါတယ်။
အင်္ဂါ နေ့သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ.

ဗုဒ္ဓဟူးနေ့ သား သမီးများ

၂၀၂၃ ခုနှစ်အောက်တိုဘာလ တစ်လ အတွင်း ဗုဒ္ဓဟူး နေ့ သား၊သမီးများဟာ…..
ယခုကာလအတွင်း အတိုက်အခံ၊ အပြိုင်အဆိုင်ကိစ္စများနှင့် မကြာခဏကြုံတွေ့ရ၍ စိတ်ရောလူရောပင်ပန်းနေရတတ်သော်လည်း မိမိအား ချစ်ခင်ကူညီသူများလည်းရှိနေ၍ ချစ်သူတစ်ဝက် မုန်းသူတစ်ဝက်နှင့် ရှိနေတတ်သောကာလဖြစ်နေပါတယ်။ အပေါင်းသင်းမိတ်ဆွေများ၏အကူအညီရရှိပါက မိမိတွင်ရှိသောအခက်အခဲများအစစအရာရာ အဆင်ပြေအောင်မြင်မှုများ ကြုံတွေ့ခံစားရမည့်အချိန်ကာလဖြစ်ပါတယ်။

ယခုကာလတွင် လက်စွပ်၊ လက်ကောက်၊ ခြေကျင်း များဝယ်ယူခြင်း သို့မဟုတ် ဝတ်ဆင်ခြင်းမပြုပါနှင့် ၎င်းတို့ နှင့်ပတ်သတ်၍ စိတ်သောကများရတတ်ပါတယ်။
ပညာရေးနှင့်ပတ်သတ်သောကိစ္စများတွင်ကောင်းမွန်သော အရာအချို့ကြုံတွေ့ရတတ်ပါတယ်။

ယခုကာလတွင်ငွေကြေးကိစ္စများ အဆင်ပြေ၍ ဝင်ငွေကောင်းမည့်အချိန်ကာလဖြစ်ပါတယ်။ ငွေကြေးအထွက်များလည်းရှိနေတတ်သဖြင့် ငွေကြေးသုံးစွဲမှု သထိထားသင့်သည့် အချိန်ကာလဖြစ်ပါတယ်။

ယခုကာလတွင် မိမိအလုပ်အကိုင် အကြံအစည်များအတွက် အပြိုင်အဆိုင် အတိုက်အခိုက်များနှင့် မနာလိုမုန်းထားသူများကြောင့် ကြိုးစားသလောအရာမထင် စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေရတတ်ပါတယ်။ စိတ်ရှည်သီးခံနိုင်ဖို့အရေးကြီးပါတယ်။ မခံချင်စိတ်နှင့် စိတ်လိုက်မာန်ပါပြုလုပ်ပါက အကြံအစည်ပျက်ရတတ်ပါတယ်။
ယခုကာလတွင် စွန့်စားရမည့် လုပ်ငန်းအသစ်များထက် မိမိလုပ်မြဲမူလအလုပ်တွင်သာ ကြိုးစားလုပ်ကိုင်ပါကပို၍ အောင်မြင်နိုင်ပါတယ်။

ကျန်းမာရေးနေဖြင့် အနည်းငယ်ချူချာတတ်၍ ကျန်းမာရေး သတိထားသင့်ပါတယ်။ အရိုးအဆစ်များကိုက်ခဲနာကျင်ခြင်း၊ သွေးတိုး သွေးကျ၊သွေးလေ မညီညွတ်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများသတိထားရပါမည်။

အချစ်ရေး၊အိမ်ထောင်ရေးအနေဖြင့် မျက်နှာပွင့်လန်းစိတ်ရွှင်လန်းသောအချိန်ကာလဖြစ်၍ လူငယ်များ အချစ်ရေးအထူးကံကောင်း သော အချိန်ဖြစ်ပါတယ်။ ချစ်သူမရှိသူများ ချစ်သူရရှိတတ်ပြီး လက်ထပ်ရန်ရည်ရွယ်ထားသူများ အိမ်ထောင်ကျတတ်ပါတယ်။ ဤကာလတွင် မှန်ကန်သော သစ္စာတရားနှင့် တူညီသည့် အေးချမ်းပျော်ရွှင်မှုကိုခံစားရပါလိမ့်မည်။

ဗုဒ္ဓဟူးသားသမီးများအနေဖြင့်ယခုကာလတွင် ကောင်းသောကံကိုပိုမိုကောင်းမွန်စေရန်အတွက်မိမိ နေအိမ်ဘုရားတွင် ဆီမီး၊ရေချမ်း သက်စေ့ လှူဒါန်းပူဇော်ခြင်းဖြင့်ကံတရား၏ အထောက်အပံ့ကိုရရှိစေနိုင်ပါတယ်။
ယခုကာလတွင် အကျိုးပေးနိုင်သော ဂဏန်းများမှာ ၁ ဂဏန်း ၊၂ ဂဏန်း၊ ၅ ဂဏန်းတို့ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ

ကြာသပတေး နေ့ သားသမီးများ.

၂၀၂၃ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း ကြာသပတေး နေ့ သားသမီးများဟာ…
ယခုကာလသည် သူတစ်ပါး၏အကူအညီများရတတ်ပါတယ်။ ယခင်ကမိမိ‌မျှော်လင့်ထားခဲ့သောရည်မှန်းချက်ဆန္ဒများထမြောက်အောင်မြင်မည့် အချိန်ကာလဖြစ်ပါတယ်။ ရာထူးနေရာ၊အလုပ်အကိုင် နှင့် ဘဝတက်လှမ်းရေးဆိုင်ရာ ကိစ္စများ အဆင်ပြေပါလိမ့်မည်။ အထက်အကြီးအကဲများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ယုံကြည်လေးစား ခြင်း၊ နေရာပေး ချီးမြှောက်ခြင်းများကြုံတွေ့ရတတ်ပါတယ်။

အဖွဲ့အစည်းများနှင့်ပတ်သတ်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်စေပြီး အကျိုးအမြတ်များရရှိတတ်ပါတယ်။ ဤ အချိန်ကာလသည် အစုရှယ်ယာလုပ်ငန်းများ ၊ အဖွဲ့အစည်းနှင့်ပတ်သက်သည့်လုပ်ငန်းများ အဆင်ပြေအကျိုးပေးမည်။ အမျိုးသမီး မိတ်ဆွေ အပေါင်းအသင်းများ၏ အကူအညီရရှိတတ်ပါတယ်။

ယခုကာလတွင် မိမိမျှော်လင့်ထားသော အိုး ပြောင်း ၊ အိမ်ပြောင်း၊နေရာပြောင်း ဌာနပြောင်းကိစ္စ များ ကြုံတွေ့ရတတ်ပါတယ် ။ နိုင်ငံခြား ခရီးသွားရန်ကိစ္စများရှိက အဆင်ပြေမှုများ ကြုံတွေ့ရတတ်ပါတယ်။ယာယီခရီးများထွက်ရတတ်ပါတယ်။
အလုပ်ကိစ္စမှာ စိတ်ထဲတွင် တွေဝေမှုများ မကြာခဏ ကြုံတွေရတတ်သော်လည်း ခိုင်မာသေချာသောဆုံးဖြတ်ချက်များနှင့်ဆောင်ရွက်ပါက အောင်မြင်မှုများရရှိခံစားရမည့် အချိန်ကာလဖြစ်ပါတယ်။ ရာထူးတိုးနှင့် အလုပ်အကိုင်လျှောက်ထားသူများ အဆင်ပြေအောင်မြင်မှုများရရှိတတ်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေးအနေဖြင့်ဤကာလတွင် အချစ်ရေးအဆင်ပြေကာ မျက်နှာပွင့်လန်းစိတ်ရွှင်လန်းသောအချိန်ကာလဖြစ်ပါလိမ့်မယ်။ ချစ်သူ အိမ်ထောင်ဖက်ရဲ့ အကူအညီနှင့်အကြံကောင်းဥာဏ်ကောင်းများရရှိတတ်ပါတယ်။

ဤကာလတွင် ကျန်းမာရေး အနည်းငယ် ချူချာနေတတ်သော်လည်း ဆေးရုံဆေးခန်းသွားရသည်အထိတော့ မစိုးရိမ်ရပါဘူး။ အာရုံကြောဆိုင်ရာရောဂါ ၊ အရေပြားဆိုင်ရာ ရောဂါ၊ ဗိုက်အောင့် ဗိုက်နာရောဂါ၊ အရိုးအဆစ်ကိုခဲ နာကျင်တာ စတာတွေသတိထားသင့်ပါတယ်။

ဤကာလတွင်ကောင်းသောကံကို ပိုမိုကောင်းမွန်စေရန်အတွက် နေအိမ်ဘုရားတွင် ထီးလှူခြင်းဖြင့် ကံတရား၏ အထောက်အပံ့ကိုရရှိစေပါမည်။
ဤ ကာလအတွင်း အကျိုးပေးသော ဂဏန်းများမှာ ၂ ဂဏန်း ၊ ၅ ဂဏန်း ၆ ဂဏန်းတို့ဖြစ်ပါတယ်။
ကြာသပတေးနေ့သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ..

သောကြာ နေ့ သားသမီးများ.

၂၀၂၃ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း သောကြာ နေ့ သားသမီးများဟာ….
ယခုကာလအတွင် မိမိလက်ရှိလက်တလောပြုလုပ်နေသော မကောင်းမှုကံနှင့် ကောင်းမှုကံအကျိုးကို တိုက်ရိုက်ပြန်လည်၍ ကြုံတွေ့ခံစားရတတ်သောအချိန်အခါဖြစ်ပါတယ်။ ကောင်းမှုပြုလုပ်သူများအတွက် ထူးခြားသော ကောင်းခြင်းမင်္ဂလာများဖြင့် ပြည့်စုံပါလိမ့်မည်။ ဘာသာရေးအားနည်းသူများမှာ စိတ်ပူပင် သောကများရတတ်ပါတယ်။မိမိအနေဖြင့် မိမိ၏ ဝီရိယအကျိုးကိုလည်း ခံစားရမည့်အချိန်ကာလဖြစ်၍ အပြောအဆိုအနေအထိုင် ဆင်ခြင်၍ ရတနာ ၃ ပါးအထူးစီးကပ်ရန်လိုအပ်ပါတယ်။

ယခုကာလတွင် ဘာသာရေးပြုလုပ်သူများအနေဖြင့် ထူးခြားသော အောင်မြင်မှုများရရှိတတ်ပါတယ်။ တစ်ခုခုကိုစွန့်လွှတ် လိုက်ရပါကလည်း ပိုမိုကောင်းမွန်သော အရာတစ်ခုက မိမိအတွက် အလွယ်တကူရောက်ရှိလာတတ်ပါတယ်။ ဘယ်အရာမဆို ခိုင်မာသေချာသောဆုံးဖြတ်ချက်များချနိုင်ရန်တော့ လိုအပ်ပါတယ်။
ယခုကာလတွင် မမျှော်လင့်သော အောင်မြင်မှုများလည်း အလွယ်တကူ ဖြစ်ပေါ်လာတတ်ပါတယ်။ ရာထူး၊ နေရာ အလုပ်အကိုင်အခွင့် အလမ်းကောင်းများ နှင့် ရည်မှန်းချက် အကြံအစည်များ အောင်မြင်မှုရရှိပါလိမ့်မည်။

သို့သော်လည်း ဘာသာရေးအားနည်းသူများမှာယခုကာလအတွင်း ယခင်ကဲ့သို့ထက်ထက်မြတ်မြတ်မရှိနေဘဲ ဆုံးဖြတ်ချက်တွေချဖို့ တွေဝေငေးမောနေတတ်ပြီး စိတ်ညစ် စိတ်လေ အဆင်မပြေမှုအချို့နှင့် ရင်ဆိုင် ကြုံတွေ့ရတတ်ပါတယ်။
လုပ်ငန်းတွင် ငွေကြေးများ ရင်းနှီးထားပါက ငွေအိပ်ငွေသေ၍ လက်တလော ငွေပြန်ပေါ်ဖို့နှောင့်နှေးကြန့်ကြာနေတတ်ပါတယ်။
မိမိ ရစရာရှိသောငွေများ ပြန်လည်တောင်းရခက်နေတတ်ပြီး အကြွေးတောင်း၍ အမုန်းခံရတတ်ပါတယ်။ မိမိ မှပေးရန်အကြွေးရှိပါက ဖိအားပေးအတောင်းခံနေရ၍ စိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်။

ယခုကာလတွင်အတိုက်အခံအချို့ကို စိတ်အေးအေးဖြင့် မေတ္တာထားကာ ရင်ဆိုင်ကျော်လွားနိုင်ပါက အရာရာအဆင်ပြေကောင်းမွန်အောင်မြင်ပါလိမ့်မည်။

ကျန်းမာရေးအနေဖြင့် ချူချာတတ်ပါတယ်။ အာရုံကြောနှင်မျက်လုံးဆိုင်ရာရောဂါများ ၊ ခန္ဓာကိုယ်အတွင်းပိုင်းနှင့်သက်ဆိုင်သောရောဂါများ ကြုံတွေ့ခံစားရတတ်ပါတယ်။ အရှေ့မြောက်အရပ်သို့ခရီးသွားလာခြင်းရှောင်ကြဉ်သင့်ပါတယ်။ သွားမိပါက ကျန်းမာရေးညံ့ရတတ်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေးတွင် ချစ်သူအိမ်ထောင်ဖက်အပေါ် စိတ်အလိုမကျစရာများကြုံတွေ့ရတတ်ပြီး စကားမကြာခဏများရတတ်ပါတယ်။ ချစ်သူအိမ်ထောင်ဖက်အပေါ် သစ္စာရှိရန်လိုအပ်ပါတယ်။ ကာလကြာရှည်စွာ အဆင်မပြေဖြစ်နေသော ချစ်သူစုံတွဲများ ယခုကာလတွင် လမ်းခွဲရတတ်ပါတယ်။

ယခုကာလအတွင်း အညံ့များကိုပပျောက်စေရန်နှင့် ကံတရား၏အထောက်အပံ့ရရှိနေရန်အတွက် သြဇာညွှန့် ၂၁ညွန့်ကို မိမိနေအိမ်ဘုရားတွင် လှူဒါန်းပါ။
ယခုကာလအတွင်းအကျိုးပေး နိုင်မည့်ဂဏန်းများမှာ ၃ ဂဏန်း ၊ ၆ ဂဏန်း၊ ၇ ဂဏန်းကို တို့ဖြစ်ပါတယ်။ သောကြာနေ့ သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ.

စနေနေ့ သားသမီးများ

၂၀၂၃ ခုနှစ် အောက်တိုဘာလ တစ်လ အတွင်း စနေနေ့ သားသမီးများဟာ……..
ယခုကာလအတွင်း စီးပွားရေးလုပ်ငန်းနှင့် ဘဝတက်လှမ်းရေးအတွက် ကြိုးစားရန်အထူးကောင်းမွန်သောအချိန်ကာလဖြစ်ပါတယ်။ ကြိုးစားသမျှအရာထင်အဆင်ပြေမှုရရှိပါလိမ့်မည်။

ယခုကာလတွင် ယခင်က မိမိမျှော်လင့်ထားသောဆန္ဒများ အဆင်ပြေအောင်မြင်မှုများရရှိ၍ စိတ်ချမ်းသာမှုများရရှိခံစားရမည်။ ခရီးသွားလိုသူများအတွက် လမ်းခရီးတွင်မျက်နှာပွင့်လန်းကာအောင်မြင်သောခရီးဖြစ်၍ အဆင်ပြေမှုများရရှိ ခံစားရမည်။ ယာယီခရီးသွားသူများအတွက် ခရီးမှအပြန်တွင်လည်း လက်ရှိအခြေအနေထက်ပိုမိ၍ပင်အဆင်ပြေလာစေတတ်ပါသည်။ မပြီးပြတ်သေးသော လုပ်ငန်း၊အမှုကိစ္စများ ပြီးပြတ်အောင်မြင်မည်။ ယခင်က ဖြေရှင်း၍မရဖြစ်နေသော အမူကိစ္စများ ယခုကာလတွင် အောင်မြင်စွာဖြေရှင်းနိုင်ပါလိမ့်မည်။
ယခုကာလအတွင်း မိမိတွင်အခက်အခဲများကြုံတွေ့လာရပါက မိတ်ဆွေအပေါင်းအသင်းများ၏ အကူအညီဖြင့် အဆင်ပြေခြင်းများရရှိပါလိမ့်မယ်။

ငွေရေးကြေးရေး ကိစ္စများအဆင်ပြေမှုများရရှိပါမည်။ အထက်အကြီးအကဲ၊ ဆရာသမား၊မိဘများ ၏ အကူအညီများ ရရှိခံစားရပါမည်။ ယခုကာလအတွင်း မှန်ကန်သောအတွေးအခေါ်နှင့် မှန်ကန်သောဆုံးဖြတ်ချက်များပေါ်ထွက်ပါလိမ့်မည်။ သို့သော်လည်းကောင်းတာလုပ်မှ ကောင်းတာလာမည်ဖြစ်၍ မိမိအနေဖြင့်စိတ်ကောင်းစေတနာကောင်းထားကာအရာရာဆောင်ရွတ်ဖို့တော့လိုအပ်ပါသည်။

လူအများ၏အလယ်တွင် မိမိအား အကြီးအကဲအဖြစ် အလေးပေးခြင်းခံရတတ်သည် ။မိမိမျှော်လင့်ထားသော ရာထူး ၊ နေရာ နှင့် အလုပ်အကိုင်များအလွယ်တကူရရှိနိုင်မည့် အချိန်ကာလလည်းဖြစ်ပါတယ်။ ယခင်ကကြန့်ကြာနေသော အိုးပြောင်း ၊ အိမ်ပြောင်း၊နေရာပြောင်း ဌာနပြောင်း ကိစ္စများရှိပါက အခွင့်အလမ်းများရရှိလာတတ်ပါတယ်။ အိုးသစ်၊ အိမ်သစ်များရရှိတတ်သည်။ ဤအချိန်သည် ကံတရား၏ အထောက်အပံ့ကို ခံစားရသော အချိန် ကာလဖြစ်၍ ထီကံစမ်းသင့်ပါသည်။

ယခုကာလတွင် အချစ်ရေး၊ အိမ်ထောင်ရေးမှာ ယခင်ကထက် အဆင်ပြေအေးချမ်းပါ
လိမ့်မည်။ ချစ်သူစုံတွဲများ ယခင်က ညှိနှိုင်းလို့မရသောကိစ္စများ ပြန်လည်နားလည်မှုများလည်းရရှိလာတတ်ပါတယ်။ မိမိအတွက် သင့်တော်သော ချစ်သူအိမ်ထောင်ဖက်အားရွေးချယ်ဖို့ အခွင့်အလမ်းများလည်းရရှိလာတတ်ပါတယ်။ အချစ်ရေး၊အိမ်ထောင်ရေးတွင် အပြောင်းအလဲအချို့လည်းကြုံတွေ့လာရတတ်ပါတယ်။

ဤကာလတွင် ကျန်းမာရေးအနေ့ဖြင့် ထူးထူးခြားခြားအဆိုးအညံ့မရှိနိုင်ပါဘူး။
ယခုကာလအတွင်း မိမိအနေဖြင့် နေအိမ်ရှိဘုရားအား သပြေညွန့် ၁၀ ညွန့်အား လှူဒါန်းခြင်းဖြင့်လည်း ကံတရား၏အထောက်အပံ့ကြောင့် အစစအရာရာ ပိုမိုအဆင်ပြေလာစေနိုင်ပါမည်။ ၄ ဂဏန်း ၊ ၆ ဂဏန်း ၇ ဂဏန်းများအထူး အကျိုးပေးမည်။
စနေနေ့ သားသမီးများ အားလုံး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ

ရေးသားသူ –ဗေဒင်ဆရာဦးဘိုနိုင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။