လက်မအရစ်အကြောင်းများ

Astrology
လက်မအရစ်အကြောင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်မအရစ်အကြောင်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်မအရစ်အကြောင်းများ

ပုံမှာပြသလို လက်မမှာအရစ်ပိုကြတာဟာ ကောင်းမွန်ပါတယ်…အဖြတ်နဲ့ကျွန်းတို့မပါရင် သူ့ရဲ့အကျိုးကောင်းများဖြစ်တဲ့ စကားပြောဆိုဆက်ဆံမှုကောင်းမွန်ခြင်း၊လူကြီးလူကောင်းပီသခြင်း၊အတွေးအခေါ်ဥာဏ်အားသာခြင်း၊အများကိုဆရာလုပ်နိုင်စွမ်းရှိခြင်း၊အောက်လက်ငယ်သာအချွေအရံပေါများခြင်း၊ကြိုးစားအားထုတ်ကောင်းမွန်ခြင်းနဲ့လူချစ်လူခင်ပေါများမှုတို့ကိုပြပေးပါတယ်….

1/ အရစ်ဟာ ချမ်းသာမှု၊ငွေကြေးပိုင်းမြဲမှုတို့ကိုပြပေးပါတယ်..အသင့်အတင့်အားပြုမှသူအဆင်ပြေမယ်…

2/ အရစ်ဟာ သူ့ရဲ့အထောက်အကူရနိုင်မှု၊ကံကောင်းမွန်မှုရနိုင်တာကိုပြပေးပါတယ်.ပြောဆိုပေါင်းသင်းဆက်ဆံမှုကောင်းမယ်..အထောက်အကူရမယ်

3/ အရစ်ဟာ တည်ငြိမ်မှု၊ကြိုးစားအားထုတ်မှုနဲ့အဆင်ပြေနိုင်မှုကိုပြပေးပါတယ်…အသိဥာဏ်တိုးတက်မှုလဲရှိမယ်..အားသာမှုကောင်းမယ်..

4/ အရစ်ဟာ အဆင်ပြေမှု၊လုပ်ဆောင်ရည်ရွယ်မှု၊စီးပွားရေးကိုပြပေးပါတယ်..အားသာမှုရပေမယ့် (ထိုအရစ်မှာ ကျွန်းပါလို့ သူ့ရဲ့လုပ်ဆောင်မှုတွေကပင်ပန်းစွာလုပ်ကိုင်ရမယ်..ကြိုးစားရမယ်လို့ပြပေးပါတယ်..)

ကျွန်းမပါရင်သင့်တင့်မှုနဲ့အထောက်အကူရနိုင်ပါတယ်
လက္ခဏာရှင်ရဲ့ဘဝမှာ ပင်ပန်းမှုများရမယ်..ငွေမြဲမှုမတည်မြဲတတ်ပဲ အားပြုကြိုးစားနေမှသူအဆင်ပြေပါလိမ့်မယ်.. အားနည်းမှုအားသာမှုလေးကိုသေချာလေးမျှဝေပေးလိုက်ပါတယ်…

ရေးသားသူ –Thet Aung ဗေဒင်၊လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။