အိမ်ထောင်ဦးစီး လင်းလင်း လျှောက်မယ့်လမ်းကို သမီးလေးတွေနဲ့အတူတူ လျှောက်လှမ်းမယ်ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ချစ်သုဝေ

Celebrity Local News
အိမ်ထောင်ဦးစီး လင်းလင်း လျှောက်မယ့်လမ်းကို သမီးလေးတွေနဲ့အတူတူ လျှောက်လှမ်းမယ်ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ချစ်သုဝေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်ဦးစီး လင်းလင်း လျှောက်မယ့်လမ်းကို သမီးလေးတွေနဲ့အတူတူ လျှောက်လှမ်းမယ်ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ချစ်သုဝေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ဦးစီး လင်းလင်း လျှောက်မယ့်လမ်းကို သမီးလေးတွေနဲ့အတူတူ လျှောက်လှမ်းမယ်ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ… သရုပ်ဆောင်အဆိုတော် ချစ်သုဝေနဲ့ တေးရေး အဆိုတော် လင်းလင်း တို့ဟာဆိုရင် အနုပညာလောကမှာ ပရိသတ်ချစ်ခင် အားပေးမှုကို ရရှိထားတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ အနုပညာနဲ့ ထင်ပေါ်ကျော်ကြားသလို ပရိသတ်တွေကို စိတ်မပျက်စေတဲ့ ဂုဏ်သိက္ခာကြီးကြီးမားမား ပိုင်ဆိုင် ထားကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အခုဆိုရင် သူ တို့ရဲ့ နေအိမ် စည်းစိမ်တွေကို စွန့်ခွာပြီး တော်လှန်ရေးနဲ့ ပတ်သက်တဲ့အလုပ်တွေကိုပဲ လုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂) ရက်နေ့ကတော့ လင်း လင်းရဲ့ မွေးနေ့လေးလို့ သိရပါတယ်။ လင်းလင်းရဲ့ မွေးနေ့မှာ သူ့ရဲ့ဇနီးချော ချစ်သုဝေက “အရာရာ အတူတူ ဆက်လျှောက်ကြတာပေါ့ ရဲဘော်ကြီးရေ… ဖေ ဦးဆောင်ရာ မေ တို့ကလိုက်မှာပေါ့ကွာ နော့.. သမီး လေးတွေ နောက်ကျောလုံဖို့ မေမေ့တာဝန်ထား ” ဆိုပြီး ချစ်စရာကောင်းစွာ မွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။

ချစ်သုဝေနဲ့ လင်းလင်းတို့ကတော့ ယုံကြည်ရာလမ်းကို အတူတူလျှောက်လှမ်းရင်း လိပ်ပြာလုံတဲ့ မိသားစုဘဝ လေးကို တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။ လေးစားရသော လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ နှစ်ယောက် လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။