ဆေးခြောက်ထည့်သွင်းကာ ကွတ်ကီးမုန့်များ ပြုလုပ်ရောင်းချသူများကို ဖမ်းဆီးရမိ

Local News
ဆေးခြောက်ထည့်သွင်းကာ ကွတ်ကီးမုန့်များ ပြုလုပ်ရောင်းချသူများကို ဖမ်းဆီးရမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဆေးခြောက်ထည့်သွင်းကာ ကွတ်ကီးမုန့်များ ပြုလုပ်ရောင်းချသူများကို ဖမ်းဆီးရမိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆေးခြောက်ထည့်သွင်းကာ ကွတ်ကီးမုန့်များ ပြုလုပ်ရောင်းချသူများကို ဖမ်းဆီးရမိ

ကွတ်ကီး Cookie မုန့်များကို ဆေးခြောက်ထည့်သွင်းပြုလုပ်ကာ ရောင်းချနေကြသူ (၂) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ကွတ်ကီးမုန့်များအတွင်းဆေးခြောက်ထည့်သွင်းပြုလုပ်ရောင်းချနေကြောင်း သတင်းရရှိတဲ့အတွက် ၂၀၂၃ခုနှစ် မတ်လ(၈)ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့ နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၁၆)လမ်း၊ တိုက်အမှတ်(၁၂၆)၊(၈)လွှာရှိ တိုက်ခန်းအား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ထက်ရတနာစိုး (၂၄)နှစ်အားဖမ်းဆီးရမိခဲ့ပြီး သူမရဲ့ ထွက်ဆိုချက်အရ လမ်းမတော်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ဗဟိုရ်စည်အိမ်ရာဝန်း၊ တိုက်အမှတ်(၄၀)၊ (၃)လွှာရှိ အခန်း(၁၄)တွင် ဇော်လင်းနောင်(၂၁)နှစ်ကို ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းပြုလုပ်ထားသည့် Cookie မုန့် ၅၀ ခု၊ ဆေးခြောက်ရှူရာတွင်အသုံးပြုသည့် ဆေးဂေါက်တံ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ ထွက်ဆိုချက်အရ သူတို့နှစ်ဦးဟာ တရားမဝင် ပေါင်းသင်းနေထိုင်သူတွေဖြစ်ကြ ပြီးCookie မုန့်တွေအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ Online မှတစ်ဆင့် ရောင်းချခဲ့ကြတယ်လို့သိရပါတယ်။ ဆေးခြောက်ထည့်သွင်းမှု အနည်း/အများပေါ်မူတည်၍ Cookie မုန့် တစ်ခုလျှင် ၆,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ထိရောင်းချကြောင်း၊ ဆေးခြောက်တွေကို Online မှတစ်ဆင့် မြဝတီဘက်မှ မှာယူ၍ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့ကြောင်း၊ သူတို့ရောင်းချတဲ့ Cookieမုန့်တွေကို လူကြိုက်များစေဖို့နှင့် လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများမူးယစ်ဆေးဝါး သုံးစွဲလာစေဖို့ ရည်ရွယ်ပြီး Cookieမုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့ခြင်းဖြစ်တယ်လို့ စုံစမ်းဖော်ထုတ်သိရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

အဆိုပါ Cookie မုန့်များအား ဝယ်ယူစားသုံးသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကို များစွာပျက်စီးစေနိုင်ပြီး စတင်စားသုံးစဉ် ခွန်အားများတိုးပွားလာကာ အိပ်ချင်စိတ်များ ပြေပျောက်သည်ဟု မှားယွင်းစွာထင်မြင်နေသော်လည်း နောက်ပိုင်းတွင် စားချင်စိတ်နည်းပါးလာပြီး ကိုယ်အလေးချိန် ကျဆင်းလာခြင်း၊ ကြွက်သားတောင့်တင်းလာခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အာရုံစူးစိုက်မှုနည်းလာခြင်း၊ မှတ်ဉာဏ်ယိုယွင်းလာခြင်း၊ စိတ်တိုဒေါသထွက်ခြင်းများ ဖြစ်ပေါ်လာသည့်အပြင် စားသုံးသည့်ကာလ ကြာလာသည်နှင့်အမျှ နောက်ထပ်မစားရလျှင်မနေနိုင်အောင် စိတ်ရောကိုယ်ပါစွဲလမ်းမှုကို ဖြစ်ပေါ်လာပြီး စိတ်ချောက်ချားခြင်း၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာလာခြင်း၊ ဦးနှောက်အတွင်းသွေးယိုခြင်း၊ အသက်ရှူကြပ်လာခြင်း၊ နှလုံးခုန်ရပ်ခြင်းများဖြစ်လာကာ နောက်ဆုံးရုတ်တရက်thayဆုံးသည်အထိ ဆိုးကျိုးများကို ခံစားရနိုင်တယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ရေးသားသူ – Yangon Media Group

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။