ထိုင်းဈေးဝယ်စင်တာပစ်ခတ်မှုမှာ မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦး thayဆုံး

International News
ထိုင်းဈေးဝယ်စင်တာပစ်ခတ်မှုမှာ မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦး thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းဈေးဝယ်စင်တာပစ်ခတ်မှုမှာ မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦး thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းဈေးဝယ်စင်တာပစ်ခတ်မှုမှာ မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦး thayဆုံး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ နာမည်ကျော် ဈေးဝယ်စင်တာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ စင်တာမှာ အလုပ်လုပ်တဲ့ မြန်မာအမျိုးသမီးတစ်ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦး thayဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၃ ရက် ညနေပိုင်းက Siam Paragon ဈေးဝယ်စင်တာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာတော့ အသက် ၁၄ နှစ်အရွယ် သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သံသယရှိသူဟာ ဈေးဝယ်စင်တာနားက ကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားဖြစ်ပြီး စိတ်ကျန်းမာရေးကုသမှု ခံယူခဲ့ရဖူးသူပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဆေးမသောက်တော့ဘူးလို့ ထိုင်းရဲမှူးချုပ် ဆူကီမိုက ပြောပါတယ်။ သံသယရှိသူက ဘာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ သူ့ကို ပါသမ်ဝမ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

” သူ့ကိုယ်ပွားနောက်တစ်ယောက်က thayနတ်နဲ့ပစ်ဖို့ ပြောလို့ သူ ပစ်လိုက်တာပါဆိုပြီး ပြောထားတယ်” လို့ ထိုင်းရဲမှူး ဆူကီမိုက ဆိုပါတယ်။
ဒီပစ်ခတ်မှုမှာ တရုတ်နိုင်ငံသားတစ်ဦး၊ လာအိုနိုင်ငံသားတစ်ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။