အစ္စရေးထိုးစစ်ဆင်မှု စကတည်းက thayဆုံးသူ ပါလက်စတိုင်း ၃ သောင်းကျော်ရှိပြီ

International News
အစ္စရေးထိုးစစ်ဆင်မှု စကတည်းက thayဆုံးသူ ပါလက်စတိုင်း ၃ သောင်းကျော်ရှိပြီ

ဂါဇာ၊ အစ္စရေး ထိုးစစ်၊ အရပ်သား၊ thayဆုံးမှုဓာတ်ပုံ

ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ အောက်တိုဘာလကတည်းက စလို့ ပါလက်စတိုင်းလူမျိုး ၃ သောင်းကျော် thayဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဂါဇာဒေသက ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ thayဆုံးသူအများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်lat nat ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်အတွင်း အရပ်သား ရာပေါင်းများစွာကိုthetဖြတ်ခဲ့ပြီး ဓားစာခံတွေဖမ်းဆီးခေါ်ဆောင်သွားခဲ့အပြီးမှာ အစ္စရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးအစိုးရက သူတို့အနေနဲ့ ဟားမတ်စ်အဖွဲ့ကို အပြတ်ချေမှုန်းပစ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ဒါမှမဟုတ် ယာယီ ဆိုင်းငံ့ထားဖို့ အစ္စရေးအစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တနေ့တခြား တိုးလာနေပါတယ်။

စားနပ်ရိက္ခာ စောင့်နေတဲ့ ပါလက်စတိုင်းအများအပြား အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် thayဆုံး

ဂါဇာ၊ အစ္စရေး၊ စားနပ်ရိက္ခာ၊ ပစ်ခတ်မှုဓာတ်ပုံ

ဟားမတ်စ်အဖွဲ့ကို အစ္စရေးက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာပဲ ဂါဇာစီတီးမြို့ရဲ့ အနောက်တောင်ဘက်မှာ စားနပ်ရိက္ခာ အထောက်အပံ့တွေရဖို့ စောင့်ဆိုင်းနေကြသူ ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာ thayဆုံးခဲ့ပါတယ်။

အနည်းဆုံး လူ ၇၀ လောက် thayဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးတင့်ကားတွေအနားမှာ ရပ်တန့်လိုက်တဲ့ စားနပ်ရိက္ခာ ထရပ်ကားတွေဆီ ပြေးလာကြသူတွေကို အစ္စရေးစစ်သားတွေက thayနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီဖြစ်ရပ် ဘယ်လိုဖြစ်ခဲ့သလဲဆိုတာကို အသေးစိတ် သိရဖို့ စစ်ဆေးသုံးသပ်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။