မယ်စကြဝဠာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နီကာရာဂွာအလှမယ် သရဖူဆွတ်ခူးပြီး ထိုင်းအလှမယ် 1st runner-up ရရှိ

International News
မယ်စကြဝဠာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နီကာရာဂွာအလှမယ် သရဖူဆွတ်ခူးပြီး ထိုင်းအလှမယ် 1st runner-up ရရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မယ်စကြဝဠာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နီကာရာဂွာအလှမယ် သရဖူဆွတ်ခူးပြီး ထိုင်းအလှမယ် 1st runner-up ရရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မယ်စကြဝဠာပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် နီကာရာဂွာအလှမယ် သရဖူဆွတ်ခူးပြီး ထိုင်းအလှမယ် 1st runner-up ရရှိ

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ နီကာရာဂွာအလှမယ် ရှန်နစ်ပလာစီယို့စ်က မယ်စကြဝဠာသရဖူ ဆွတ်ခူးခဲ့ပြီး ထိုင်းအလှမယ် အန်တိုနီယာပေါ်ဆစ်က 1st runner-up ဆု ဆွတ်ခူးသွားခဲ့ပါတယ်။

မယ်စကြဝဠာသရဖူကို ပလာစီယို့စ် ဆွတ်ခူးနိုင်ခဲ့တာဟာ မယ်စကြဝဠာပြိုင်ပွဲမှာ နီကာရာဂွာအလှမယ်တစ်ဦး သရဖူဆွတ်ခူးနိုင်တဲ့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးအဆင့် အမေး၊ အဖြေကဏ္ဍမှာ ” အခြားအမျိုးသမီးတစ်ဦးရဲ့ ဘဝမျိုးနဲ့ ရှင်သန်နေထိုင်ခွင့် ရမယ်ဆိုရင် ဘယ်သူ့ဘဝကို ရွေးချယ်ချင်လဲ”လို့ မေးမြန်းခဲ့ပြီး ပလာစီယို့စ်က ၁၈ ရာစု ဗြိတိန်အမျိုးသမီးရေး လှုပ်ရှားသူ မေရီဝိုစတိန်းခရက်ဖ်ရဲ့ ဘဝမျိုး နေထိုင်ချင်တယ်လို့ ဆိုပါတယ်။

1st runner-up ရခဲ့တဲ့ ဒိန်းမတ်နွယ်ဖွား ထိုင်းအလှမယ် အန်တိုနီယာပေါ်ဆစ်ကတော့ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာလာလာယူဆွတ်ဇိုင်ဘဝကို ရွေးချယ်မယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။