သူ့ဘဝဇာတ်ကြောင်းမှတ်တမ်းစီးရီးရဲ့Premiere show ကို မိသားစုဝင်အကုန်လုံးနဲ့ တက်ရောက်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

Celebrity International News
သူ့ဘဝဇာတ်ကြောင်းမှတ်တမ်းစီးရီးရဲ့Premiere show ကို မိသားစုဝင်အကုန်လုံးနဲ့ တက်ရောက်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့ဘဝဇာတ်ကြောင်းမှတ်တမ်းစီးရီးရဲ့Premiere show ကို မိသားစုဝင်အကုန်လုံးနဲ့ တက်ရောက်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့ဘဝဇာတ်ကြောင်းမှတ်တမ်းစီးရီးရဲ့Premiere show ကို မိသားစုဝင်အကုန်လုံးနဲ့ တက်ရောက်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

အကျော်အမောဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့ ဘဝဇာတ်ကြောင်းမှတ်တမ်းရုပ်ရှင်စီးရီး Beckham ရဲ့ Premiere Show ကို အောက်တိုဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့ဇနီးဖြစ်သူ၊ သားသမီး ၄ ဦးနဲ့အတူ တက်ရောက်ခဲ့တာပါ။

“ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာနဲ့ မှန်ကန်တဲ့အချိန်ဖြစ်တယ်လို့ ခံစားရတယ်။ ပြန်ကြည့်လို့ရအောင်၊ ပျော်ရွှင်ရအောင် မိသားစုအတွက် တစ်ခုခုလုပ်ပေးချင်ခဲ့တာလည်းပါတယ်။ ၉၀ ခုနှစ်တွေမှာ ကျွန်တော်ရဲ့အသက်မွေးဝမ်းကျောင်းကို မန်ချက်စတာမှာ စတင်ခဲ့တဲ့အချိန် ပတ်ဝန်းကျင်မှာ အံ့အားသင့်စရာကောင်းတဲ့ဂီတနဲ့ မြင်ကွင်းတွေရှိခဲ့ပြီး မန်ချက်စတာက ဘောလုံးလောကမှာ အအောင်မြင်ဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ခဲ့တာပါ။ ဒါက အရမ်းထူးခြားတဲ့အရာတစ်ခုခုကို အမှတ်ရစေပါတယ်။ ဒီမှတ်တမ်းစီးရီးတိုကို လူတွေ ကြည့်ပြီး အမှတ်တရကောင်းတွေကို ပြန်သတိရဖို့ မျှော်လင့်ပါတယ်”လို့ အဲဒီပွဲမှာ ဘက်ခမ်းက ပြောကြားခဲ့ပါတယ်။

Beckham မှတ်တမ်းရုပ်ရှင်က ဘက်ခမ်းရဲ့ဘောလုံးသမားဘဝအစကနေ ကမ္ဘာကျော်ဘောလုံးသမားဖြစ်သွားခဲ့တဲ့အထိ အနိမ့်အမြင့်အတတ်အကျတွေပါဝင်တဲ့ အပိုင်း ၄ ပိုင်းပါ စီးရီးအတိုလေးဖြစ်ပါတယ်။ ဒါကို Netflix မှာ အောက်တိုဘာ ၄ ရက်နေ့ စပြီးပြသသွားမှာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။