ပရိသတ်အများကြီးရှေ့မှာ ရှိန်းတင်ထူးစီက ရည်းစားစကားပြောခံရလို့ ရှက်သွားခဲ့တယ်ဆိုတဲ့ ရတနာဗိုလ်

Celebrity Local News
ပရိသတ်အများကြီးရှေ့မှာ ရှိန်းတင်ထူးစီက ရည်းစားစကားပြောခံရလို့ ရှက်သွားခဲ့တယ်ဆိုတဲ့ ရတနာဗိုလ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပရိသတ်အများကြီးရှေ့မှာ ရှိန်းတင်ထူးစီက ရည်းစားစကားပြောခံရလို့ ရှက်သွားခဲ့တယ်ဆိုတဲ့ ရတနာဗိုလ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်အများကြီးရှေ့မှာ ရှိန်းတင်ထူးစီက ရည်းစားစကားပြောခံရလို့ ရှက်သွားခဲ့တယ်ဆိုတဲ့ ရတနာဗိုလ်

ပရိသတ်ကြီးရေ… သရုပ်ဆောင်ရတနာဗိုလ်ကတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် နာမည်ကြီးလာခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး လက်ရှိ ဇာတ်လမ်းတွဲခေတ်မှာလည်း အောင်မြင်မှုတွေထိပ်ဆုံး ကနေ ရရှိနေသူဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရတနာဗိုလ်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စားစွာ နဲ့ အားပေးကြတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို လက်မလည်အောင်လုပ်ကိုင် နေရသလို ပွဲတက်တွေလည်း အချိန်ပေးတက်ဖြစ်နေတဲ့ ရတနာဗိုလ်ဟာ ပြီးခဲ့တဲ့ရက်ကလည်း သရုပ်ဆောင် ရှိန်း တင့်ထူးနဲ့အတူတူ ပွဲတက်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အစီအစဉ်တင်ဆက်သူစိုးကြီးရဲ့တောင်းဆိုမှုနဲ့ ရှိန်းတင့် ထူးက ရတနာဗိုလ်ကို ရည်းစားစကားပြောရတဲ့ အခြေအနေမျိုး သရုပ်ဆောင်ပြခဲ့ရပြီး ရတနာဗိုလ်က လည်း ပရိသတ်တွေအများကြီးရှေ့မှာ အပြောခံရတာ ကြောင့် ရှက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရတနာဗိုလ်နဲ့ ရှိန်းတင့်ထူးတို့ဟာ ပြီးခဲ့တဲ့လတွေက လည်း ထိုင်းနိုင်ငံက ဘားတစ်ခုမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကြောင့် ချစ်သူစုံတွဲတွေဖြစ်နေကြပြီဆိုတဲ့ ကောလဟာလတွေထွက်ပေါ်လာပေမယ့် နှစ်ယောက် စလုံးက ငြင်းဆိုထားကြတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။