ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အား မြှင့်တင်ပေးမလဲ

Knowledge
ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အား မြှင့်တင်ပေးမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အား မြှင့်တင်ပေးမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အား မြှင့်တင်ပေးမလဲ

ကလေး တစ်ယောက်ရဲ့ စိတ်ဓာတ်က နုနယ်ပါတယ်။ သူတို့လေးတွေ စိတ်အားတက်ကြွနေဖို့ စိတ်ဓာတ်ခွန်အား ပြည့်ဝနေဖို့လိုအပ်ပါတယ်။ စိတ်ခွန်အားပြည့်ဝပြီး အားအင်တက်ကြွနေမှ သူတို့လေးတွေရဲ့ နေ့စဉ်ဘဝဟာ ဖြောင့်ဖြူးသာယာနေမှာပါ။ ဒီလို စိတ်အားတက်ကြွနေဖို့၊ စိတ်ခွန်အားမြင့်မားနေဖို့ဆိုရင် မိဘအုပ်ထိမ်းသူတွေရဲ့ လမ်းညွှန်မှုနဲ့ ဆုံးမပဲ့ပြင်မှုတွေက အဓိကကျပါတယ်။

ကိုယ့်ရင်သွေး ပျော်ရွှင်တက်ကြွနေအောင် ဘယ်လို အားပေးကြမလဲ။ ဘယ်လို စိတ်အားတက်ကြွစေမလဲ။ နည်းလမ်းလေးတွေ ရှိပါတယ်။

ဘယ်လိုလုပ်ရမလဲ သင်ကြားပေးပါ

ကလေးဆိုတာ သိချင်စိတ်များတယ်။ ဒါကြောင့် ဘာလုပ်လုပ် သူတို့က ဝင်ပါချင်တတ်ကြစမြဲ။ ဒီလိုအခြေအနေမျိုးမှာ ဆူငေါက်ပြီး နှင်ထုတ်လိုက်တာထက် ဘယ်လိုလုပ်ရတယ်၊ ဘာကြောင့်လုပ်ရတယ် ဆိုတာမျိုး သင်ကြားပေးမယ် ပြောပြပေးမယ်ဆိုရင် သူ့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးရာရောက်ပါတယ်။

ဖေဖေမေမေတို့နဲ့ နေတဲ့အချိန်တိုင်းမှာ ဆုချီးမြှင့်ပါ

တီဗီကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေထက် ဖေဖေမေမေတို့နဲ့ နေတဲ့အချိန်ပိုများတာက ကလေးတွေအတွက် ပိုအကျိုးရှိပါတယ်။ ကိုယ်တိုင်ကလည်း ကလေးတွေက အချိန်ပေးဖို့လိုပါတယ်။

ပေါက်ကရမုန့်တွေ မစားဖြစ်တိုင်း ဆုချပါ

လမ်းဘေးသွားရည်စာတွေ၊ Junk Food တွေနဲ့ အသင့်စားအစားအစာတွေဟာ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေအကြိုက်လည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုအစားအစာတွေကို မစားဖို့ ဆူပူနေတာမျိုးထက် မစားရင် ဘယ်လိုဆုချမယ်ဆိုပြီး ဆွဲဆောင်တာက ပိုကောင်းတဲ့နည်းပါ။

ရလဒ်ကိုမကြည့်ပါနဲ့၊ ကြိုးစားမှုအတွက် ဂုဏ်ယူပါ

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို အလေးထားပေး၊ ဂုဏ်ပြုပေးဖို့ လိုပါတယ်။ ပထမရမှ၊ နိုင်မှ ဂုဏ်ပြုဖို့ လိုအပ်တာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုလိုက်တာက ကလေးကို နောက်နောင်မှာ ပိုကြိုးစားဖြစ်စေပါလိမ့်မယ်။

တည်ငြိမ်ပါ၊ ဆူဆူပူပူမလုပ်ပါနဲ့

ကလေးက အမှားလုပ်မိရင်တောင်မှ တည်တည်ငြိမ်ငြိမ်ရှင်းပြပါ။ ဆူပူကြိမ်းမောင်းနေတာဟာ ကလေးငယ်ရဲ့ စိတ်ကို ထိခိုက်စေတတ်ပါတယ်။ အမှားလုပ်ဖို့ ကြောက်သွားတာဟာ အမှားမလုပ်ဖြစ်စေဖို့ထက် နောက်ထပ်အမှားအယွင်းတွေ ပိုဖြစ်လာစေဖို့ ပိုနီးစပ်သွားစေတတ်ပါတယ်။

အတူတူလေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ရင်းနှီးမှုကိုပိုစေသလို ကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လေ။ မိဘနဲ့သားသမီးကိုလည်း ပျော်ရွှင်မှုတိုးစေတာမို့ ကလေးရဲ့ စိတ်ကို အားတက်စေပါလိမ့်မယ်။ တစ်နေ့မှာ တစ်နာရီလောက်တော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်နော်။

စိတ်ခွန်အားပေးပါ

အများနဲ့ နှိုင်းယှဉ်ပြပါ။ အခက်အခဲဆိုတာ လူတိုင်းရင်ဆိုင်ရတယ်၊ စိတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ဖို့ ပြောပြပါ။

အတူတူချက်ပြုတ်စားကြည့်

မီးဖိုချောင်အလုပ် အတူလုပ်တာက ရင်းနှီးမှုကို ပိုစေသလို ယုံကြည်မှုကိုလည်း ပိုတိုးစေတတ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။