ဗလာဟင်းလင်းထဲမှ ရသော ဆေးတံယတြာ

Astrology
ဗလာဟင်းလင်းထဲမှ ရသော ဆေးတံယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗလာဟင်းလင်းထဲမှ ရသော ဆေးတံယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗလာဟင်းလင်းထဲမှ ရသော ဆေးတံယတြာ

ကျွန်ုပ်သည် ဗေဒင်ဆရာအဖြစ်ဖြင့် နှစ်ပေါင်း များစွာ အသက်မွေးခဲ့ဖူးသည်ဖြစ်ရာ ကျွန်ုပ်ထံသို့ ဗေ ဒင်လာရောက်မေးမြန်းသူများ၏ အခက်အခဲပေါင်းများ စွာကို ယတြာပြုလုပ်ပေးရတတ်ပါသည်။
တချို့ သယ် ဆောင်လာသော အခက်အခဲများမှာ ကျွန်ုပ်တတ်ကျွမ်း သော ယတြာပညာ၏အပြင်ဘက်မှ ဖြစ်နေတတ်၏။

အလွယ်စကားဖြင့်ပြောရသော် ကျွန်ုပ် မလုပ် တတ်ပါ။ ထိုအခါမျိုးတွင် ကျွန်ုပ်သည် ကောင်းကင်ပြင် ဗလာ ဟင်းလင်းကြီးဆီသို့ မော့ကြည့်ပြီးလျှင် ထို အဆုံး အစ မရှိသော ဗလာကြီးအတွင်းမှ ကျွန်ုပ်အလို ရှိသော ယ တြာနည်းလေးတစ်နည်း ရှိတန်ကောင်း ရဲ့ဟု ယုံကြည် ကာ အာရုံပြု၍ ငြိမ်နေတတ်ပါသည်။

ထိုအခါမျိုးတွင် ထူးဆန်းသောယတြာတစ်မျိုး မဟုတ်လျှင်တစ်မျိုးဆိုသလိုကျွန်ုပ်၏ခေါင်းအတွင်းသို့ ရောက်လာတတ်ပါသည်။ ထိုရောက်လာသောယတြာ ကို ယုံယုံကြည်ကြည် ပင် အသုံးပြု၍ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

ဆောင်ရွက်တိုင်းလည်း ထိုယတြာများ သည် အောင်မြင်သည်ချည်း ဖြစ်နေသည်ကို အံ့သြ ဖွယ်ရာ တွေ့လာရသည်။အမှန်စင်စစ်အားဖြင့် ဗလာဟင်းလင်းပြင်အ တွင်း မှ ထူးဆန်းသောယတြာများ ရသည်ဆိုသော် လည်း ထိုယတြာများကို မည်သည့်ပုဂ္ဂိုလ်က ပေးနေ သည်ကို အမှန်တကယ် မသိပါ။

တစ်ခါတွင် ကျွန်ုပ်၏ လုပ်ငန်းများ ရပ်ဆိုင်းသွား စေရန်အတွက် မသမာသူ များက ကြံစည်ကြလေ၏။ ၎င်းတို့သည် တစ်ဦးချင်း ကြံစည်သည်မဟုတ်။ အသင်းအဖွဲ့ပြုလုပ်ကာ ကြံ စည်ကြခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်လည်း ဗလာ ဟင်းလင်း အတွင်း မှယတြာကို တောင်းရ လေ၏။

ထိုသို့တောင်းခဲ့ရာ ဆေးတံတစ် ချောင်းကို တုံး လုံး လှဲ၍ အပေါ်မှ ဖယောင်းတိုင် ထွန်း ရန် ရရှိလေ ၏။ ကျွန်ုပ်လည်း ထိုအတိုင်း ပြုလုပ် လိုက်လေ၏။ ကျွန်ုပ်အားတိုက်ခိုက်သော ရန်သူများသည် အချင်းချင်း မသင့်မတင့် ဖြစ်ကာ ပြိုကွဲကုန်၏။

တစ်ယောက်ကိုတစ် ယောက်လည်း သက်ဆိုင် ရာ သို့ တိုင်ကြကုန်၏။ ကျွန်ုပ်ကိုလည်း ဒုက္ခမပေး နိုင်ကြ တော့ပေ။ ထို့ကြောင့် ကျွန်ုပ်က ဗလာဟင်းလင်းပြင် ဆီသို့ အာရုံတောင်းကြည့်၏။ ”ဆေးတံပေါ်မှာ ဘာ ကြောင့် မီးထွန်းခိုင်းရတာလဲ …”ဟူသော မေးခွန်း ကို မေးလိုက်၏။

ထိုအခါ အဖြေကို တစ်ကိုယ်ကြား ကြားရလေ ၏။ ထိုအဖြေမှာ နားမှကြားရသည့်လား၊ ရင်မှ သိသွား သည်လား ကျွန်ုပ်မသိပါ။

ဗလာဟင်းလင်းပြင်မှ ကျွန်ုပ်အား အသိပေး ချက် တစ်ခု လာလေတော့၏။ ”ဆေးတံဆိုတာ စေ တန် ရဲ့ အနီးဆုံးကိုယ်စားပေါ့။

စေတန်ဆိုတာ နတ် ဆိုးလေ။ စေတန်ပေါ်မှာ မီးထွန်းလိုက်တော့ နတ်ဆိုး တစ်ပါးနဲ့တူတဲ့ မင်းရဲ့ ရန်သူတွေ ငြိမ်သွားတာပေါ့” ဟူ၍ ဖြစ်၏။

ကျွန်ုပ်သည် အခက်အခဲတွေ့တိုင်း ဗလာဟင်းလင် းကောင်းကင်ဆီမှယတြာများကိုတောင်း မြဲဖြစ်၏။ ရရှိသောယတြာများကိုလည်း အသုံးချ၏။

ထို့အပြင် ထိုယတြာများကို စာအုပ်တစ်အုပ် တွင် သေသေချာချာ ရေးမှတ်ထားလေ၏။

ထိုယ တြာများကို ကျွန်ုပ်က ‘ဗလာဟင်းလင်းမှ ရသောယ တြာများ’ ဟု အမည်ပေးထားလေ၏။

ကျွန်ုပ်ထံတွင် ပညာသင် ကြားသော တပည့်များ လည်း ထိုယတြာ များကို လွန်စွာလိုချင်၍ မကြာခဏ တောင်းကြလေ ၏။

ထို့ကြောင့် အခြားသူများလည်း လိုချင်လိမ့် မည် ဟု မျှော်လင့်ကာ ကျွန်ုပ်၏မှတ်စုကိုဖွင့်၍ ပြန် လည် ရေး သား လိုက်ရလေတော့သတည်း။

ရေးသားသူ – မင်းသိင်္ခ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။