အိန္ဒိယမှာ တိမ်ပြိုပြီး ရေကြီးရေလျှံလို့ လူ ၈၀ ကျော် ပျောက်ဆုံးနေ

International News
အိန္ဒိယမှာ တိမ်ပြိုပြီး ရေကြီးရေလျှံလို့ လူ ၈၀ ကျော် ပျောက်ဆုံးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိန္ဒိယမှာ တိမ်ပြိုပြီး ရေကြီးရေလျှံလို့ လူ ၈၀ ကျော် ပျောက်ဆုံးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိန္ဒိယမှာ တိမ်ပြိုပြီး ရေကြီးရေလျှံလို့ လူ ၈၀ ကျော် ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံမှာ တိမ်ပြိုပြီး ရေကြီးရေလျှံလို့ စစ်သည် ၂၂ ယောက်အပါအဝင် အနည်းဆုံး လူ ၈၀ ပျောက်ဆုံးနေပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်ပြည်နယ်ရဲ့ ရေကန် အထက်ပိုင်းမှာ တိမ်ပြိုခဲ့လို့ တီစတာမြစ်ရေ သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် အနီးနားမှာရှိတဲ့ ဆည်တစ်ခုက မြစ်ထဲကို ရေလွှတ်ခဲ့တာကြောင့် ရုတ်တရက် ရေကြီးရေလျှံခဲ့တာပါ။

ဆစ်ကင်ပြည်နယ်ထဲက တံတားနှစ်စင်း ရေစီးထဲ မျောပါသွားခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မြေနိမ့်ပိုင်းမှာ ပိတ်မိနေသူတွေကို ရွှေ့ပြောင်းပေးနေရပါတယ်။

ပိတ်မိနေသူတွေထဲမှာ ကမ္ဘာလှည့်ခရီးသည် ၃၀၀၀ ကျော် ပါဝင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပူနွေးတဲ့ ရေခိုးရေငွေ့တွေနဲ့ အေးခဲတဲ့လေ ဆုံစည်းတဲ့အခါ ရေပါဝင်မှု သိပ်သည်းဆမြင့်မားတဲ့ တိမ်စိုင်တွေ ဖြစ်လာပြီး အဲဒီတိမ်စိုင်တွေ အရည်ပျော်ကျတာကို တိမ်ပြိုတယ်လို့ ခေါ်ဝေါ်ကြပါတယ်။ ဒါပေမဲ့ တိမ်ပြိုတဲ့ဖြစ်စဉ်ဟာ ကြုံတောင့်ကြုံခဲဖြစ်စဉ်တစ်ခုပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။