လူတိုင်းသိထားသင့်တဲ့ ကော်ဖီမှုန့်ရဲ့ အိမ်တွင်းအသုံးဝင်ပုံများ

Health Knowledge
လူတိုင်းသိထားသင့်တဲ့ ကော်ဖီမှုန့်ရဲ့ အိမ်တွင်းအသုံးဝင်ပုံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူတိုင်းသိထားသင့်တဲ့ ကော်ဖီမှုန့်ရဲ့ အိမ်တွင်းအသုံးဝင်ပုံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူတိုင်းသိထားသင့်တဲ့ ကော်ဖီမှုန့်ရဲ့ အိမ်တွင်းအသုံးဝင်ပုံများ

သင်က ကော်ဖီကြိုက်တတ်တဲ့သူလား။ ကော်ဖီကြိုက်တဲ့သူတွေက ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ချေကို လျော့နည်းစေတဲ့အပြင် စိတ်ကျရောဂါခံစားနိုင်ချေလည်း နည်းတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ကော်ဖီက ဒီအချက်တွေအပြင် ဖုံးကွယ်ထားတဲ့ အရာတွေလည်းရှိပါတယ်။ ဒီအချက်ကို သင် ယုံမယုံတော့မသိဘူးနော်။ ကော်ဖီက အိမ်မှုကိစ္စတွေမှာလည်း အရမ်းအကူအညီဖြစ်ပါတယ်။ ကော်ဖီမှုန့် (သို့) ကော်ဖီဖျော်ပြီး ကျန်ခဲ့တဲ့ ‌ကော်ဖီအနယ်တွေကို ပြန်လည်အသုံးပြုလို့ရပါတယ်နော်။ အဲဒါတွေကို လွှတ်ပစ်မယ့်အစား သင့်အိမ်မှာ ဘယ်လိုအသုံးပြုရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားလို့ရတယ်

ကော်ဖီမှာ အင်းဆက်တွေကို အဆိပ်သင့်စေနိုင်တဲ့ ဒီတာပီနက် (diterpenes) ဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် ကော်ဖီမှုန့်၊ ကော်ဖီအနယ်တွေကို ခြင်၊ ယင်ကောင်၊ ပျားနဲ့အခြားအင်းဆက်ပိုးမွှားတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုလို့ရပါတယ်။ အင်းဆက်ပိုးမွှားရှိတဲ့ နေရာအနီးနားမှာ ကော်ဖီအနယ်တွေကို ဖြူးထားရုံပါပဲ။ သင့်အပင်တွေနား ပိုးမွှားတွေမလာအောင် ပင်စည်တစ်ဝိုက်မှာ ကော်ဖီအနယ်တချို့ကို ထားလို့ရပါတယ်။

ဖြတ်ပြီးသားပန်းတွေကိုလည်း အချိန်အကြာကြီးလတ်ဆတ်စေတယ်

ပန်းအိုးထဲက ပန်းတွေကို အချိန်အကြာကြီး လန်းဆန်းနေစေချင်ရင် ပန်းအိုးထဲကို ကော်ဖီမှုန့်၊ ကော်ဖီအနယ်တွေ လောင်းထည့်ထားလို့ရပါတယ်။ ဒီလိုလုပ်တာက ပန်းတွေကို အားပြည့်စေပါတယ်။ နှပ်ထားတဲ့ကော်ဖီမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်၊ မဂ္ဂနီစီယမ်၊ ပိုတတ်စီယမ်တွေကြောင့် ဖြစ်နိုင်ပါတယ်။

အသားတွေကို နူးညံ့စေတယ်

ကော်ဖီမှာ ပါဝင်တဲ့အက်ဆစ်က အသားတွေကို ပိုပြီးနူးညံ့အောင် အကူအညီပေးနိုင်ပြီး အရသာကိုလည်း ထူးကဲစေပါတယ်။ အသားကို မချက်ခင် (၂) နာရီလောက်မှာ အသားပေါ်ကို ကော်ဖီမှုန့်၊ အနယ်တချို့ကို ဖြူးပြီး ပွတ်ပေးပါ။ အသားတွေကို နူးသွားတဲ့အထိ ချက်ပေးရပါမယ်။

ညစ်ပတ်နေတဲ့ အိုးနဲ့ ဒယ်အိုးတို့ကို သန့်စင်စေတယ်

ကော်ဖီမှုန့်၊ အနယ်တွေကလည်း အိုးနဲ့ဒယ်အိုးတွေ ပွတ်တိုက်ပေးတဲ့နေရာမှာလည်း ထိရောက်မှုရှိပါတယ်။ အိုးတိုက်ပန်းကန်ဆေးတဲ့ ရေမြှုပ်ပေါ်မှာ ကော်ဖီမှုန့်အနည်းငယ်ကို ယူပြီး ခါတိုင်းအိုးတိုက်သလိုပဲ တိုက်ချွတ်ဆေးကြောပေးပါ။ အိုးနဲ့ဒယ်အိုးတွေကို သန့်စင်သွားစေပါလိမ့်မယ်။

မီးဖိုကို သန့်စင်ပေးတယ်

ပြာမှုန့်တွေရှိနေတဲ့အတွက် မီးဖိုကို သန့်စင်ရတာကလည်း မသက်သာလှပါဘူး။ ဒါပေမဲ့ ကော်ဖီအနယ်တွေက မီးဖိုသန့်စင်တဲ့အခါ သင့်ကို ကူညီပေးပါလိမ့်မယ်။ ကော်ဖီအနယ်တွေက ပြာမှုန့်တွေကို ဖိပေးတာကြောင့် ကော်ဖီအနယ်တွေမှာပြာမှုန့်တွေ ကပ်ပါလာတဲ့အတွက် နှာမွန်း၊ နှာမချေတော့ဘဲနဲ့ ပြာမှုန့်တွေကို အလွယ်တကူ လှည်းပစ်လို့ရပါတယ်။

အနံ့ဆိုးတွေကို လျော့ပါးစေတယ်

ကော်ဖီက အနံ့ဆိုးတွေကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးတဲ့ နိုက်ထရိုဂျင်ပါဝင်ပါတယ်။ ခြေအိတ်အနံ့၊ လက်ကိုင်ပုဝါအနံ့တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ဖိနပ်ထဲ၊ အံ့ဆွဲထဲ၊ အိတ်ထဲကို ကော်ဖီမှုန့်တွေထည့်ပေးပါ။ အနံ့ဆိုးတွေစုတ်ယူဖို့အတွက် ရေခဲသေတ္တာထဲမှာ ခွက်တစ်ခုနဲ့ ကော်ဖီမှုန့်အနည်းငယ်ကိုလည်း ထည့်ထားလို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။