မဟာအဆိပ်ဖြေဆေး လယ်ကန်စွန်းရွက်

Health Knowledge
မဟာအဆိပ်ဖြေဆေး လယ်ကန်စွန်းရွက်

ကျောက်ကပ်ရောင် ကျောက်တည် ဝေဒနာရှင်များအတွက် ဆေးနည်း

လယ်ကန်စွန်းရိုးနီ ၁၅ ကျပ်သား၊ထန်ဖိုဦးထန်းလျက် ၁၀ ကျပ်သားကို ရေ သုံးလီတာနဲ့ ရောကျိုပါ။ ကျိုတဲ့အခါ ပထမ ထန်းလျက်ခဲကို ရေတစ်လီတာနဲ့ ပျော်သွားအောင် ကျိုပါ။

ထန်းလျက်ခဲ ပျော်သွားရင် အမှိုက် ခဲ သဲ တွေကို စစ်ထုတ်ပစ်ပါ။ထို စစ်ထုတ်ပြီးသား ထန်းလျက်ရေကို ဒန်အိုးထဲပြန်ထည့်ပြီး ထန်းလျက်ရေ တက်လာတဲ့နေရာကို မှတ်ထားပြီး ကန်စွန်းရွက်ရိုးနီကို ခွေထည့်ပါ။ပြီးတော့ ရေနှစ်လီတာ ထည့်ပါ။ခရီးဆောင် တစ်ယောက်သုံး ရေသန့်ဘူးနဲ့ ခြင်ထည့်ရင် ရပါတယ်။

ပုံမှန် ကိုယ့်ဒေသမှာ သုံးစွဲတဲ့ရေက မငန်ရင် သုံးလို့ရပါတယ်။

ပုံမှန်မီးတောက်နဲ့ ကျိုပါ။သုံးမိနစ်ရှိရင် အဖုံးဖွင့်ပြီးကျိုပါ။

ပထမ စကျိုတုန်းက မှတ်ထားတဲ့နေရာ ရေကျန်ပြီဆိုရင် ချပါ။

အအေးခံပြီး ရေဆာတိုင်း သောက်အေးပါ။ဒီဆေးရည်မှအပ ရေမသောက်ရပါ။ထမင်းစားစဉ် ဟင်းရည်သောက်ပါက အာသာပြေရုံပဲ သောက်ပေးပါ။

ကန်စွန်းရွက်ကို လယ်ထဲမှ တူးတဲ့အခါအမြစ်ပါအောင် သေချာတူးပါ။ကန်စွန်းရွက် ပဉ္စငါးပါးဆိုပေမယ့် အမြစ်ပါရင် ရပါတယ်။ဆိုင်ကရောင်းတဲ့ ကန်စွန်းရွက်ရိုးနီက အမြစ်မပါဘူးနော်။သတိထားပါ။

ထန်းလျက်ထည့်တဲ့အခါ သောက်သုံးသူ အချို အလေး သောက်နိူင်ရုံ အတိုး အလျှော့ လုပ်လို့ရပါတယ်။

ရောဂါဖြစ်တဲ့သူက တစ်နေ့ကို ရေသန့်ဘူးနဲ့ နှစ်ဘူးကုန်ရင် ဆေးရည်နှစ်ဘူးရအောင် ကျိုပြီး သောက်ပေးပါ။

ရောဂါရှင်ဟာ ဒီဆေးရည်ကို တစ်လတိတိ နေစဉ်သောက်ပေးရင် ကျောက်ကပ်ရောင် ကျောက်တည်တာ အမြစ်ပြတ်ပျောက်ကင်းပါတယ်။

ကန်စွန်းရွက်ကို ခဏသိမ်းထားတဲ့အခါရေစိမ်ပြီး သိမ်းမထားရပါ။သန်စင်အောင် ဆေးပြီးတာနဲ့ ရေစိုအဝတ်တစ်ခုခုထဲမှာ ထည့်ပြီး သိမ်းထားပါ။

ကျိုပြီးသားဆေးရည် ၂၄နာရီကျော်ရင် ချဉ်လာတတ်တယ်။ အဲဒီဆေးရည်မျိုးကို မသောက်နဲ့တော့။

ဒီဆေးရည် သောက်မယ့်သူမှာ ဆီးချို သွေးချိုရောဂါရှိရင် ထန်းလျက်ပါလေခါ ထည့်ကျိုပြီး သောက်နိူင်ပါတယ်။

မိုးရာသီမှာရတဲ့ လယ်ကန်စွန်းရွက်ကို ကျိုတဲ့အခါမှာ အရွက် နည်းနည်းရိသွားတာနဲ့ မီးဖိုပေါ်မှချ၊ အအေးခံပြီး သောက်နိူင်ပါတယ်။

ဦးသိန်းနိူင် ဇမ္ဗူသီရိ နေပြည်တော်ထံက ရတဲ့ ဆေးနည်းဖြစ်ပါတယ်။

ဦးဇင်းဟာ အထက်က ဆေးနည်းကြောင့် ကျောက်ကပ်ယောင်၊ကျောက်ကပ်မှာကျောက်တည်တာ ပျောက်သွားပါပြီ။ အခုလည်း မကြာမကြာ သောက်ပေးနေပါတယ်။

Credit : Original Writer

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။