တောင်ကိုရီးယားနိုင်ငံမှာ ရေဖုံးလွှမ်းခဲ့တဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ အလောင်း ၁၃ လောင်း ဆယ်ယူခဲ့ရ

International News
တောင်ကိုရီးယားနိုင်ငံမှာ ရေဖုံးလွှမ်းခဲ့တဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ အလောင်း ၁၃ လောင်း ဆယ်ယူခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောင်ကိုရီးယားနိုင်ငံမှာ ရေဖုံးလွှမ်းခဲ့တဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ အလောင်း ၁၃ လောင်း ဆယ်ယူခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရေဖုံးလွှမ်းခဲ့တဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ အလောင်း ၁၃ လောင်း ဆယ်ယူခဲ့ရ

တောင်ကိုရီးယားနိုင်ငံ ချုံဂျူမြို့ရှိ ရေဖုံးလွှမ်းခဲ့တဲ့ ဥမင်လိုဏ်ခေါင်းထဲကနေ ရုပ်အလောင်း ၁၃ လောင်း ဆယ်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေညက မြစ်ကမ်းပါး ကျိုးပြီး ခုံးတံတားအောက်ဘက် ဥမင်လိုဏ်ခေါင်းထဲကို ရေဝင်ပြီး ကားတွေ၊ ဘတ်စ်ကားတွေပေါ်က လူတွေ ပိတ်မိခဲ့ကြပါတယ်။

၂၂၄၇ ပေ ရှည်လျားတဲ့ ခုံးတံတားအောက် ဥမင်ထဲမှာ လူဘယ်လောက် ပိတ်မိနေလဲဆိုတာ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကား ၁၅ စီး ပိတ်မိနေတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ အနည်းဆုံး လူ ၃၉ ဦး thayဆုံးခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ကြုံခဲ့ရပါတယ်။

ဥမင်လိုဏ်ခေါင်း ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့တဲ့ အိုဆောင်မြို့ငယ်လေးမှာ ဘတ်စ်ကားထဲက ရုပ်အလောင်းအများအပြား ဆယ်ယူခဲ့ရပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာ လူ ၉ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒေသခံအာဏာပိုင်တွေကသာ ထိထိရောက်ရောက် တုံ့ပြန်လှုပ်ရှားနိုင်မယ်ဆိုရင် လူ့အသက်တွေ ကယ်တင်နိုင်ခဲ့လိမ့်မယ်လို့ ကျန်ရစ်သူမိသားစုတွေက ဆိုပါတယ်။ ရေဖုံးလွှမ်းမှုမတိုင်ခင် နာရီအနည်းငယ်အကြာမှာ မြစ်ရေထိန်းသိမ်းရေးရုံးက မြစ်ရေချိန် သတိပေးချက် ထုတ်ပြန်ထားခဲ့ပြီး ဥမင်လိုဏ်ခေါင်းတစ်ဝိုက် ယာဉ်ကြောသွားလာမှုကို လမ်းကြောင်းပြောင်း သွားဖို့ ညွှန်ကြားခဲ့သင့်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။