၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် တက်ကြွမှု ရှိနေပါမယ်။ ကျန်းမာရေးအတွက် အထူးစိုးရိမ်စရာ မလိုအပ်ပေ။ လမ်းလျှောက်ခြင်း စသော လှုပ်ရှားမှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။

ရက်သတ္တပတ် အစောပိုင်းတွင် ကြုံတွေ့နေရသော ငွေကြေး ပြဿနာများ ပြေပျောက်နိုင်ပါမယ်။ ငွေကြေး တိုးတက်မှုနှင့် အတူ စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။ ပစ္စည်းဥစ္စာသစ်များ ဝင်ရောက်လာကိန်း ရှိနေပါမယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစုဘဝအတွက် အထူးတလည် ပြုလုပ်စရာ မလိုအပ်ပေ။ မိသားစုဝင်များ အကြား အေးချမ်းသာယာမှုများ ရှိနေပါလိမ့်မယ်။

ပြိဿရာသီခွင် – Taurus ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် အတက်အကျများ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတိူ့ကြောင့် ရောဂါဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ မွန်းကြပ်မှုကြားတွင် ပိတ်လှောင်မနေဘဲ မိတ်ဆွေ၊ အပေါင်းအသင်းတို့နှင့် အချိန်အတူ ကုန်ဆုံးပေးပါ။

အကယ်၍ စီးပွားရေး လုပ်ကိုင်နေပါက ယခုသီတင်းပတ်၏ အစတွင် ရင်းနှီးမြှုပ်နှံရန် အကြံပြုလိုပါတယ်။ သို့သော် ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ သတိထား ဆောင်ရွက်ပါ။ မိမိအပေါ် အခွင့်ကောင်းယူမှုများ ကြုံတွေ့ရတတ်ပါတယ်။ ဘဏ္ဍာရေးအရ ပုံမှန်အနေအထားတွင် လည်ပတ်နေပါမယ်။

ယခုအပတ်တွင် မိသားစုများ အကြား သံသယဖြစ်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် တစ်ဦးပေါ် တစ်ဦး ယုံကြည်မှု ထားရှိပေးပါ။ လုပ်ဆောင်လိုသည့် ကိစ္စရပ်များအတွက် ကူညီထောက်ပံ့ပေးရန် လိုအပ်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ သို့သော် အစားအသောက်နှင့် ပက်သက်၍ ဆင်ခြင်ပေးရန် လိုအပ်ပါလိမ့်မယ်။ အထူးသဖြင့် ကယ်လိုရီပိုများသော အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

အသေးစား အိမ်ခြံမြေလုပ်ငန်းနဲ့ ငွေရေးကြေးရေးကိစ္စရပ်များ အတွက် ကောင်းမွန်သော အချိန်ကာလဖြစ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း မိမိမျှော်မှန်းထားသည့် အတိုင်း ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ သို့သော် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သတိထားပေးပါ။ အလျင်စလို မပြုလုပ်ပါနှင့်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစုဘဝတွင် ချစ်‌ခြင်းမေတ္တာနှင့် အတူ ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။ မိသားစုဝင်များ အကြား အပြန်အလှန် နားလည်မှုတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။ သို့သော် အိမ်ထောင်သည်များ အနေနှင့် မိမိတို့၏ အိမ်ထောင်ရေးကို အနည်းငယ် ဂရုစိုက်ပေးရပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ကြီးကြီးမားမား ရောဂါဝေဒနာ ခံစားရမည် မဟုတ်ပေ။ ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ အသီးအနှံများ စားသုံးပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း ရရှိလာသော ငွေကြေးသည် လက်ထဲတွင် မတည်မြဲနိုင်ပေ။ ငွေကြေး တောင်းဆိုမှုများ ရှိနေနိုင်ပါမယ်။

ဤကာလအတွင်း အချို့သော ကိစ္စရပ်တို့ကြောင့် စိတ်ခံစားချက် ပြင်းထန်နေနိုင်ပါမယ်။ အထူးသဖြင့် စိတ်တိုင်းမကျကာ ဒေါသဖြစ်လွယ် နေပါမယ်။ ဒါ့ကြောင့် မိသားစုဝင်များနှင့် ဖြစ်စေ၊ အပေါင်းအသင်းများနှင့် ‌ဖြစ်စေ စကားပြောဆိုရာတွင် စိတ်ခံစားချက်ကို ထိန်းချုပ်ထားရန် လိုအပ်ပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ သို့သော် ခါးနာခြင်း ဝေဒနာ ခံစားရနိုင်ခြေ ရှိနေသောကြောင့် အလေးအပင် မခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။

ဤကာလအတွင်း အသုံးစရိတ်တို့သည် မြင့်မားနေတတ်ပါတယ်။ အထူးသဖြင့် ရပ်ဝေးတွင် ရောက်ရှိနေကြသော Leo ရာသီခွင်များ အနေနဲ့ ငွေကြေး ပိုမိုသုံးစွဲရတတ်ပါတယ်။

မိသားစုဝင်များနှင့်အတူ နေအိမ်အတွက် ပြုပြင်ပြောင်းလဲမှု အချို့ပြုလုပ်ရန် စီစဉ်နိုင်ပါတယ်။ ဤကာလအတွင်း မိမိ၏ ခံစားချက်များကို တန်းဖိုးထားသူ ဒါမှမဟုတ် ရင်းနှီးသော သူငယ်ချင်းများအား ဖွင့်ဟပြောဆိုပေးပါ။ နှစ်သိမ့်မှုနှင့်အတူ စိတ်ခွန်အားများ ပြန်လည်ရရှိလာပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေးနှင့် အညီ သန့်ရှင်းလက်ဆတ်သော အစားအစာများကို စားသုံးပေးပါ။ ဒါ့အပြင် မနက်ခင်းတိုင်း လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးအရ အဆင်ပြေနေပါမယ်။ အကယ်၍ အခက်အခဲများ ကြုံတွေ့လာပါက ငွေကြေး ထောက်ပံ့မှုတို့ကြောင့် ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ပါမယ်။ ငွေကြေး ကိစ္စရပ်များ အပြင် လူမှုဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားပေးရပါမယ်။

Virgo ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ အသက်မွေးဝမ်းကြောင်းနှင့် စပ်လျဉ်း၍ ရလာဒ်ကောင်းများ ရရှိစေနိုင်ပါတယ်။

တူရာသီခွင် – Libra ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အားစိုက်ပေးရပါမယ်။ မိမ်၏ ကျန်းမာရေးအပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်း သို့မဟုတ် ယောဂ စသော လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်ပေးပါ။

ငွေကြေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေးနှင့် ပတ်သက်၍ ပြဿနာများကို အချိန်အတော်ကြာ ကြုံတွေ့နေရပါက အတိုင်းအတာ တစ်ခုအထိ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန်အပြင် မိသားစုဘဝအတွက်ပါ အချိန်ပေးနိုင်ပါမယ်။ မိသားစုအတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( October 9 to October 15 )
===============================================

ယခုအပတ်တွင် ‌ဆီးချိုရောဂါ ရှိကြသော Scorpio ရာသီခွင်များ အနေနဲ့ ဂရုစိုက်သင့်ပါတယ်။ အ‌စားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။ ငွေကြေး သုံးစွဲမှုကို ချင့်ချိန်ပေးပါ။

ရက်သတ္တပတ် အစောပိုင်းတွင် ငွေကြေး အခြေအနေသည် အဆင်ပြေနေပေမယ့်လို့ နောက်ပိုင်းတွင် ငွေကြေး အကျပ်အတည်းများ ရှိလာနိုင်ပါတယ်။

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ မိသားစု ဘဝသည် အေးချမ်းနေပါမယ်။ ညီအကို၊ မောင်နှမတို့နှင့် ဆက်ဆံရေးသည် ကောင်းမွန်နေပါမယ်။

ဓနုရာသီခွင် – Sagittarius ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ပိုမိုအားထုတ်ပေးရပါလိမ့်မယ်။ အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။ ကျန်းမာရေးအတွက် လိုအပ်သော လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ အသုံးစရိတ်နှင့် ဝင်ငွေကို မျှတအောင် စီစဉ်ပေးရပါမယ်။ ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စများကို သတိထားပေးရပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

မိသားစုဘဝတွင် ပျော်ရွင်မှုများ ရှိနေပါမယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါမယ်။ သူငယ်ချင်းအချို့ သို့မဟုတ် ဆွေမျိုးတို့သည် မိမိနေအိမ်သို့ ရုတ်တရက် လာရောက် လည်ပတ်နိုင်ပါတယ်။

မကာရရာသီခွင် – Capricorn ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် မိမိတို့၏ လုပ်ငန်းတာဝန်အပြင် ကျန်းမာရေးအတွက်ပါ အချိန်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

‌ဤကာလအတွင်း ငွေကြေး ဆုံးရှုံးနိုင်ခြေ မြင့်မားနေနိုင်ပါမယ်။ အထူးသဖြင့် ငွေပေးငွေယူ အမျိုးအစားတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စများတွင် အတတ်နိုင်ဆုံး မိမိကိုယ်မိမိ သတိထားပါ။

မိမိ၏ ယုံကြည်မှုအပေါ် အလွှဲသုံးစား ပြုလုပ်ခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိ၏ လျှို့ဝှက်ချက်များကို အခြားသူများအား ထုတ်ဖော်ပြောဆိုခြင်းများ မပြုလုပ်ပါနှင့်။

ကုမ်ရာသီခွင် – Aquarius ( October 9 to October 15 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စားသောက်မှု ပုံစံကို မြှင့်တင်ရန် လိုအပ်ပါမယ်။ ဒါကြောင့် လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပြီး အစပ်များသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဤကာလအတွင်း မိမိ၏ ပျော်ရွှင်မှုအတွက် ငွေကြေး သုံးစွဲရာတွင် အကန့်အသတ် ထားပေးရပါမယ်။ အစောပိုင်းတွင် ငွေကြေးသည် အ‌ဆင်ပြေနေနိုင်သော်လည်း နောက်ပိုင်းတွင် အကျပ်အတည်းတို့နှင့် ကြုံတွေ့ရတတ်ပါတယ်။

မိသားစုဘဝတွင် ပျော်ရွင်မှုကို ရယူလိုပါက မိမိ၏ အလုပ်တာဝန်နှင့် မိသားစုအကြား မျှတမှုရှိအောင် စီမံခန့်ခွဲပေးရပါလိမ့်မယ်။ မိသားစုများအပေါ် အချိန်ပေးနိုင်အောင် ကြိုးစားပါ။

မိန်ရာသီခွင် – Pisces ( October 9 to October 15 )
===============================================

ဤကာလအတွင်း Pisces ရာသီခွင်တို့သည် ကျန်းမာရေးအရ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သော အရာများးမှ ဝေးဝေးနေထိုင်ပေးပါ။

ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ ယခင်က ချေးငှားထားသော အကြွေးဟောင်းများ ပြန်လည် ရရှိတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှ ငွေကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ခြေ ရှိနေပါတယ်။

ဤကာလတစ်လျှောက်လုံး ညီအစ်ကို မောင်နှမများထံမှ ရံဖန်ရံခါ ပံ့ပိုးကူညီမှု ရရှိနိုင်မည် ဖြစ်ပြီး မိသားစုဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ မိမိ၏ မိသားစုအတွက် အချိန်ပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။