နေ့ စွဲ မြေငလျင်လှုပ်အဟော (အစ အဆုံး)

Astrology
နေ့ စွဲ မြေငလျင်လှုပ်အဟော (အစ အဆုံး)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့ စွဲ မြေငလျင်လှုပ်အဟော (အစ အဆုံး) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေ့ စွဲ မြေငလျင်လှုပ်အဟော (အစ အဆုံး)

ဆုထူးပန်ဦးကျော် ရေးသည့်လောကီပဒေသာကျမ်းတွင်နေ့ စွဲ မြေငလျင်လှုပ်အဟောမှာ (အစ အဆုံး)

တနင်္ဂနွေနေ့ ငလျင်လှုပ်သော် = သာယာဝပြောအံ့။
တနင်္လာနေ့ ငလျင်လှုပ်သော် = မြေသြဇာ ကောင်းအံ့။ ထိုနေ့မှာ သားမွေးသော် သားကောင်းရတနာဖြစ်အံ့။
အင်္ဂါနေ့ ငလျင်လှုပ်သော် = ရန်သူရောက်မည်။ ပုန်ကန်မှုများမည်။
ဗုဒ္ဓဟူးနေ့ မြေငလျင်လှုပ်သော် = မိန်းမရတနာရောက်မည်။
ကြာသပတေးနေ့ မြေငလျင်လှုပ်သော် = ဘုရား ရဟန္တာ စကြဝတေးမင်း သန္ဓေယူမည်။
သောကြာနေ့ မြေငလျင်လှုပ်သော် = သူတော်ကောင်း ကွယ်အံ့။
စနေနေ့ မြေငလျင်လှုပ်သော် = ပုဏ္ဏား ဟူးရားတို့ ဘေးသင့်အံ့။

ဆုထူးပန်ဦးကျော် ရေးသည့်လောကီပဒေသာကျမ်းတွင်
လ စွဲမြေငလျင်လှုပ်အဟောမှာ

.လစွဲ မြေငလျင်လှုပ် အဟော

တန်ခူးလမှာ မြေငလျင်လှုပ်သော် = ရန်ပျောက်မည်။ မြေဆီ ပေါမည်။
ကဆုန်လ = သစ်သီးဝလံပျက်မည်။ သာသနာပျက်မည်။
နယုန်လမှာ = ကိုယ်ဝန်ဆောင် မိန်းမပျို ပျက်စီးမည်။
ဝါဆိုလမှာ = ပြည့်ရှင်မင်းကြီး နတ်ရွာစံမည်။
ဝါခေါင်လမှာ = ဆင်းရဲ ဝေဒနာ ရောက်မည်။
တော်သလင်းလမှာ = ရဟန်း ပုဏ္ဏားတို့ ပျက်စီးမည်။
သီတင်းကျွတ်လမှာ = အမတ်စစ်သူကြီးတို့ ဘေးသင့်မည်။
တန်ဆောင်မုန်းမှာ = လူတို့ ရောဂါရမည်။
နတ်တော်လမှာ မြေလှုပ်သော် = စစ်ကြီး ရောက်မည်။
ပြာသိုလမှာ ။ = ပြည်ရွာ ချောက်ချားမည်။
တပို့တွဲလမှာ ။ = ဇနပုဒ်တိုင်းကား ပျက်စီးမည်။
တပေါင်းလမှာ မြေလှုပ်သော် = ထကြွ ပုန်ကန်မည်။

ရေးသားသူ – မောင်ညွန့်လွင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။