တိရစ္ဆာန်ရုံမှာ ၂ယောက်သားချိန်းတွေ့date လုပ်ခဲ့ကြတဲ့ Bobby Soxer နဲ့ DJ max

Celebrity Local News
တိရစ္ဆာန်ရုံမှာ ၂ယောက်သားချိန်းတွေ့date လုပ်ခဲ့ကြတဲ့ Bobby Soxer နဲ့ DJ max

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိရစ္ဆာန်ရုံမှာ ၂ယောက်သားချိန်းတွေ့date လုပ်ခဲ့ကြတဲ့ Bobby Soxer နဲ့ DJ max ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တိရစ္ဆာန်ရုံမှာ ၂ယောက်သားချိန်းတွေ့date လုပ်ခဲ့ကြတဲ့ Bobby Soxer နဲ့ DJ max

ပရိသတ်ကြီးရေ… အမိုက်စားRap သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး Bobby Soxer ကိုတော့ အထွေအထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူးနော်။ Bobby Soxer ဟာ အဆိုတော် လွှမ်းပိုင်နဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုခံခဲ့ရပြီး သူမတို့နှစ်ယောက်ကတော့ ချစ်သူသက်တမ်း (၁၃) နှစ်အကြာမှာ တရားဝင်လမ်းခွဲ လိုက်ကြပြီပဲဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ လမ်းခွဲပြီးတဲ့နောက် DJ Max လို့ ခေါ်တဲ့ လူငယ်လေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုပြီး သတင်းတွေရော ဓာတ်ပုံတွေရော ထွက်ပေါ်လာခဲ့တဲ့ Bobby Soxer ဟာ အဆိုပါသတင်းတွေနဲ့ ပတ်သက်ပြီး ဘာကိုမှဖြေရှင်းခြင်းမရှိပါဘူး။

ဒါပေမယ့် Bobby Soxer နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းတွေမှာ Bobby Soxer ကို DJ Max နဲ့ အမြဲတမ်းတွဲမြင်ရလေ့ရှိပြီး DJ Max ကလည်း Bobby Soxer ရဲ့ နာမည်ကို တက်တူးထိုးထားတဲ့အထိ ကို ဆက်ဆံရေးရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း Bobby Soxer က ရန်ကုန်တိရစ္ဆာန်ရုံထဲမှာ လည်ပတ်ခဲ့ တဲ့ ဗီဒီယိုတွေကိုတင်လာခဲ့ပြီး အဆိုပါဗီဒီယိုမှာ DJ Max ရဲ့တက်တူးထိုးထားတဲ့လက်တစ်ဖက်ပါလာခဲ့ပြီး DJ Max ရဲ့ Story မှာလည်း Bobby Soxer နဲ့ တိရစ္ဆာန်ရုံမှာ လည်ပတ်ခဲ့တဲ့ ဓာတ်ပုံလေးကို တင်လာခဲ့တာပဲဖြစ်ပါ တယ်။

Bobby Soxer ဟာ အဆိုတော်လွှမ်းပိုင်နဲ့ တရားဝင် လမ်းခွဲပြီးမှ အချစ်သစ်ရရှိသွားတယ်ဆိုရင်တောင် ဒါ ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ဖြစ်တဲ့ အတွက် ပရိသတ်တွေအနေနဲ့ နားလည်ပေးမယ်လို့ ထင် ပါတယ်နော်။ Bobby Soxer ကလည်း သူမကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူမရဲ့ သီချင်းနဲ့အနုပညာလှုပ်ရှားမှုတွေကိုသာ ကြည့်ရှုအားပေးကြဖို့မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။