ပတ်စ်ပို့တန်းစီရင်း အသက်ဆုံးတဲ့အထိဖြစ်ကြတာဘာကြောင့်လဲ

Local News
ပတ်စ်ပို့တန်းစီရင်း အသက်ဆုံးတဲ့အထိဖြစ်ကြတာဘာကြောင့်လဲ

မန္တလေးက နိုင်ငံကူးလက်မှတ်ရုံးရှေ့မြင်ကွင်း (ပုံဟောင်း)

မန္တလေးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပတ်စ်ပို့ရုံး) ရှေ့မှာ ထောင်နဲ့ချီတဲ့ လူတန်းရှည်ကြီးဖြစ်နေပါတယ်။ မနက်အရုဏ်တက်ချိန်လောက်ကတည်းက ကြိုတင်တန်းစီသူတွေရှိတဲ့အထိ ပတ်စ်ပို့ရဖို့ ကြိုးစားပမ်းစား စောင့်ဆိုင်းကြတာပါ။

ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးမြို့ ပတ်စ်ပို့ရုံး မှာ တိုကင်ရဖို့ တန်းစီနေကြသူတွေထဲ လူအုပ်ပိမှုဖြစ်ခဲ့တာကြောင့် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်က အသက် ၅၂ နှစ်ရှိတဲ့ ဒေါ်ခင်မျိုးအေးနဲ့ အသက် ၃၉ နှစ်ရှိတဲ့ ဒေါ်ခိုင်ဝေတို့ ၂ ဦး အသက်ရှုthayဆုံးခဲ့ပြီး ကျန်တဲ့ ၁ ဦးကတော့ ခြေထောက်ကျိုးဒဏ်ရာရတဲ့အထိဖြစ်ခဲ့ပါတယ်။

လူအုပ်ပိမှုမှာ အသက်ရှုကျပ်ခဲ့တဲ့ အဲဒီအမျိုးသမီး ၃ ဦးကို ကူညီရေးအဖွဲ့တွေက မန္တလေးဆေးရုံကြီးကို ပို့ခဲ့ပါတယ်။

” အမျိုးသမီး ၁ ဦးက လမ်းမှာ thayဆုံးခဲ့ပြီး၊ ဆေးရုံအရောက်မှာ နောက်ထပ် ၁ ဦးthayဆုံးခဲ့တာပါ။ နောက် ၁ ဦးကတော့ ဆေးကုသမှု ခံယူနေပါတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်‌ပေးခဲ့တဲ့သူတစ်ဦးကပြောပါတယ်။

‘‘အသက်ရှုကျပ်တာ ၆ ဦးလောက်ရှိခဲ့တယ်။ အများစုက ညလုံးပေါက် လာရောက်တန်းစီနေကြသူတွေ’’ လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

မန္တလေး ပတ်စ်ပို့ရုံးမှာ တစ်ရက်ကို လျှောက်လွှာ (၂၅၀) ခန့်သာ လက်ခံပါတယ်။ ဒါပေမယ့် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့နောက်မှာ ပတ်စ်ပို့ရဖို့ လာရောက်တန်းစီသူက လူဦးရေ ၅,၀၀၀ ထက်မနည်း ရှိတယ်လို့ မြို့ခံတချို့ကပြောပါတယ်။

နိုင်ငံကူးလက်မှတ်အတွက် တန်းစီတဲ့သူတွေဟာ မနက် ၉ နာရီ ရုံးဖွင့်ချိန် ဝင်ခွင့်ရဖို့အတွက် နေ့စဥ် ည ၁၂ နာရီလောက်ကတည်းက ကြိုတင်တန်းစီကြတာဖြစ်တယ်လို့ ပက်စ်ပို့အတွက် ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြောပါတယ်။

ပတ်စ်ပို့ ထုတ်ပေးရာမှာ ရဟန်းသံဃာ၊ သက်ကြီးရွယ်အိုနဲ့ အထူးဦးစားပေး ဆိုသူတွေအတွက် လျှောက်လွှာ (၁၀၀) သတ်မှတ်ထားပြီး ကျန်တဲ့ (၁၅၀) ခန့်ကိုပဲ တန်းစီသူတွေထဲက ရှေ့ဆုံးက လူတွေကို လျှောက်လွှာလက်ခံပေးတာလို့ မန္တလေးအခြေစိုက်သတင်းတွေက‌ဖော်ပြပါတယ်။

တန်းစီသူနဲ့ လျှောက်လွှာချပေးတဲ့ ပမာဏမမျှတတဲ့အတွက် အခုလို တိုးကြိတ်ကျပ်ညပ်ပြီး ‌လူthayဆုံးကြတဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

သေဆုံးသူ နှစ်ဦးဟာ ကိုယ်တိုင်လာလျှောက်သူနဲ့ နေရာတန်းစီပေးသူ တွေလို့ အတည်ပြုပေမဲ့ ဒီအမျိုးသမီးနှစ်ဦး လူအုပ်ပိthayဆုံးခဲ့ရမှုဟာ နိုင်ငံကူးလက်မှတ် ရဖို့ကြိုးစားသူတွေ ဘယ်လောက်တောင်ရှိနေလဲဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။

” လူthayတဲ့အထိဖြစ်ရတာက စနစ်မကောင်းလို့ပဲ။ လူထုကို ရသမျှကန့်သတ်ပိတ်ဆို့ထားတာတွေက မလိုလားအပ်တဲ့ အဖြစ်တွေကိုရောက်လာတယ်။ကန့်သတ်ထားတာမရှိရင် ဒီလိုတန်းစီစရာလည်းမရှိဘူး” ပတ်စ်ပို့လုပ်ဖို့ကြိုးစားနေသူတစ်ဦးကမှတ်ချက်ပြုပါတယ်။

မန္တလေးပက်စပို့ ရုံးက ရန်ကုန်လို တုံကင်ယူ QRကုဒ်စနစ်နဲ့ ရက်ချိန်း ပေးပြီး ထုတ်ပေးရာကနေ အခုနှစ် ဇန်နဝါရီလကစပြီး ဦးရာယူ စနစ်နဲ့ ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

မန္တလေးမှာ ပုံမှန် ၁၀ရက်နဲ့ ကျပ် ၆သောင်းဝန်းကျင်လောက်သာကုန်ကျပေမယ့် တပတ်လောက်ပဲကြာပြီး ပွဲစားနဲ့ အမြန်လုပ်မယ်ဆိုရင် ကျပ် သိန်းနှစ်ဆယ်လောက်အထိ ပေါက်စျေးရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ ပတ်စ်ပို့ရဖို့ကြိုးစားကြလို့ လူthayဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့သလို ရန်ကုန်မှာလည်း နိုင်ငံကူးလက်မှတ်အတွက် ကျပ် ၁၅ သိန်းကနေ ကျပ် ၂၀ ကြားမှာသုံးရဖို့ အထိ တရားမဝင်စျေးကွက်ရှိနေတယ်လို့ ပတ်စ်ပို့လုပ်ဖို့ ကြိုးစားနေသူတချို့ကပြောပါတယ်။

ရန်ကုန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာတော့ ပတ်စ်စပို့ အသစ်လုပ်တာနဲ့ သက်တမ်းတိုးတာတွေ အတွက် QR ကုဒ်ရရှိဖို့ အွန်လိုင်းကတင်ရတာဖြစ်ပါတယ်။ အခုဖေဖော်ဝါရီလမှာတင်ရင်တော့ လာမယ့်သြဂုတ်လ အထိ စောင့်ရမှာဖြစ်တယ်လို့ QR ကုဒ်လျှောက်ထားသူတွေက ပြောပါတယ်။

” လူငယ်တွေက တောင်စဥ်ရေမရ ကစဥ့်ကလျားဖြစ်ကုန်တာ။ သူတို့ဘက်ကစဥ်းစားရင် ပြည်တွင်းစစ် ဖြစ်နေတဲ့တိုင်းပြည်မှာ စစ်မှုထမ်းဖို့ဆိုတာ အချင်းချင်းပြန်ပစ်ရမှာလား၊ သူတို့ကဘာလုပ်ရမှာလဲ။ သူတို့က စစ်သားတွေမဟုတ်ဘူး၊ သူတို့မှာရန်သူဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခံထားရတာမရှိဘူး။ အဲဒီတော့ သူတို့မိဘတွေကလည်း နိုင်ငံထဲက ရသမျှနည်းလမ်းသုံးပြီးထွက်ခိုင်းတယ်၊ သူတို့ကလည်း ထွက်ဖို့ ကြိုးစားကြတယ်” လို့ ရန်ကုန်မြို့က ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။