ဂါဇာနယ်စပ်ကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးပြော

International News
ဂါဇာနယ်စပ်ကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာနယ်စပ်ကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာနယ်စပ်ကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးပြော

ဂါဇာနယ်စပ်ကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီလို့ အစ္စရေး စစ်တပ်က ပြောလိုက်သလို သူတို့ရဲ့ စစ်လေယာဉ်တွေကလည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အစ္စရေး တောင်ပိုင်းကို ဟားမတ်ရဲ့ အရင်က မကြုံဖူးတဲ့ အတိုင်းအတာနဲ့ တိုက်ခိုက်လာမှုတွေကို ရှင်းလင်းနိုင်ပြီး ဖြစ်ကာ ဟားမတ်စ် လက်နက်ကိုင် ၁၅၀၀ လောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေး စစ်တပ်က ဂါဇာကို လုံးဝ ပိတ်ဆို့ စီးနင်းနေပြီမို့ ဟားမတ်စ်အတွက် ပုန်းစရာ နေရာ မရှိတော့ဘူးလို့ ဆိုပါတယ်။ ကုလသမဂ္ဂကတော့အဲဒီက အခြေအနေတွေက လက်မခံနိုင်လောက်အောင် ဆိုးနေပြီး အစ္စရေးအနေနဲ့ အရပ်သားတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်မထားမိစေဖို့ တာဝန်ရှိတယ်လို့ ထပ်လောင်း ပြောကြားထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။