ဥရောပနိုင်ငံမြို့ကြီးများတွင် မြန်မာ့အရေး မေ့မသွားရန်နှင့် သွေးမအေးရန် စတစ်ကာကမ်ပိန်းဖြင့် လှုံ့ဆော်

International News Local News

ဥရောပနိုင်ငံမြို့ကြီးများတွင် မြန်မာ့အရေး မေ့မသွားရန်နှင့် သွေးမအေးရန် စတစ်ကာကမ်ပိန်းဖြင့် လှုံ့ဆော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဥရောပနိုင်ငံမြို့ကြီးများတွင် မြန်မာ့အရေး မေ့မသွားရန်နှင့် သွေးမအေးရန် စတစ်ကာကမ်ပိန်းဖြင့် လှုံ့ဆော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၇
ဥရောပနိုင်ငံမြို့ကြီးများတွင် မြန်မာ့အရေး မေ့မသွားရန်နှင့် သွေးမအေးရန် စတစ်ကာကမ်ပိန်းဖြင့် လှုံ့ဆော်မှုများ လုပ်ဆောင်ကြသည်။


ဥရောပရောက် မြန်မာနိုင်ငံသားအချို့ က Don’t Forget Myanmar စာတန်းနှင့် လက်(၃)ချောင်းပုံပါသည့် စတစ်ကာများကို ဥရောပနိုင်ငံရှိမြို့အချို့တွင် အောက်တိုဘာလ (၁၆)ရက်နေ့တွင် စတင် ကပ်ခဲ့သည်။

ကမ်ပိန်း၏ပထမဆုံး အစီအစဉ် အနေဖြင့် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင်စတင်လုပ်ဆောင်ခဲ့ပြီး အခြားမြို့များတွင်လည်းဆက်လက်လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်းသိရသည်။

အဆိုပါစတစ်ကာကမ်ပိန်းကို မြန်မာ့အရေး နိုင်ငံတကာမှ ပိုမိုအာရုံစိုက်နိုင်အောင် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး မည်သည့် နိုင်ငံ ဒေသ မှ မြန်မာ့အရေး စိတ်ဝင်စားသူမည်သူမဆို Sticker များကို Soft Copy တောင်းယူနိုင်ပြီး ကမ်ပိန်းပြုလုပ် နိုင်ကြောင်း သိရသည်။

ကနဦးအနေဖြင့် Don’t Forget Myanmar (#dontforgetmyanmar) hashtag ဖြင့် လူမှုကွန်ယက်စာမျက်နှာများစတင်ဖွင်လှစ်ခဲ့ပြီးဖြစ်သည်။

အဆိုပါကမ်ပိန်းအနေဖြင့် မြန်မာ့အရေးကမ္ဘာက ပိုမိုအာရုံစူးစိုက်အောင်ရည်ရွယ်ပြီး ပြည်ပမှ ငွေကြေးလှူဒါန်းမှုများကို လက်ခံမည်မဟုတ်ဘဲ မြေပြင်မှ ရဲဘော်များထံသို့သာ တိုက်ရိုက်ချိတ်ဆက် လှုဒါန်းနိုင်ရန်လည်း ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။