၁၆ နှစ်သမီးလေး AI ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ၁ နှစ်အတွင်းမှာ ဒေါ်လာ ၁၂ သန်းတန်ကြေးရှိနေပြီ

International News Tech
၁၆ နှစ်သမီးလေး AI ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ၁ နှစ်အတွင်းမှာ ဒေါ်လာ ၁၂ သန်းတန်ကြေးရှိနေပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၆ နှစ်သမီးလေး AI ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ၁ နှစ်အတွင်းမှာ ဒေါ်လာ ၁၂ သန်းတန်ကြေးရှိနေပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၆ နှစ်သမီးလေး AI ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ၁ နှစ်အတွင်းမှာ ဒေါ်လာ ၁၂ သန်းတန်ကြေးရှိနေပြီ

နည်းပညာခေတ်မှာ အသက် ၁၆ နှစ်အရွယ် အိန္ဒိယလူမျိုး ပရန်ဂျာလီ အာဝါစသီ ဆိုသူ မိန်းကလေးက Delv.AI ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပါတယ်။ Miami Tech Week ပွဲအတွင်း ပရန်ဂျာလီက ဒီကုမ္ပဏီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ တည်ထောင်ခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ ၄၅၀၀၀၀ အောင်မြင်စွာရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာပါ။ သူ့ကို စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လာအောင် သူ့အဖေက လှုံ့ဆော်ပေးခဲ့တာပါတဲ့။

ကျောင်းတွေမှာ ကွန်ပျူတာသိပ္ပံပညာကို မြှင့်တင်ပေးလိုတဲ့ သူ့ရဲ့အင်ဂျင်နီယာဖခင်ရဲ့ စိတ်အားထက်သန်မှုကြောင့် သူ ငယ်စဉ်ကတည်းက နည်းပညာကို စိတ်ဝင်စားလာခဲ့တာပါ။ ဒီတွန်းအားပေးမှုက သူ့အသက် ၇ နှစ်မှာ Coding ရေးတာကို စတင်ဖို့ လှုံ့ဆော်ပေးခဲ့ပြီး သူ့ရဲ့ထူးခြားတဲ့လမ်းကြောင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။ သူ့အသက် ၁၁ နှစ်မှာ ဖလော်ရီဒါကို မိသားစုလိုက် ပြောင်းရွှေ့တဲ့အချိန် သူ့အတွက် အခွင့်အလမ်းအသစ်တွေ ပေါက်ဖွားလာခဲ့ပြီး ကွန်ပျူတာသိပ္ပံသင်တန်းတွေ၊ ယှဉ်ပြိုင်ရတဲ့သင်္ချာပရိုဂရမ်တွေကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ဖို့ အခြေအနေတစ်ရပ်ဖြစ်ပေါ်စေခဲ့တာက သူ့အသက် ၁၃ နှစ်အရွယ်မှာ Florida International University ရဲ့သုတေသနဓာတ်ခွဲခန်းမှာ အလုပ်သင်လုပ်ခဲ့တဲ့အချိန်ကပါ။ အလုပ်သင်ကာလအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် အထက်တန်းကျောင်းကို အွန်လိုင်းကနေ တက်ရင်း စက်ပညာသင်ယူမှုပရောဂျက်တွေကို စူးစမ်းလေ့လာခဲ့ရပါတယ်။ အဲဒီကာလမှာ OpenAI က ChatGPT-3 beta ကို ထွက်ရှိခဲ့ပြီး AI ကို အသုံးပြုကာ သုတေသနဒေတာထုတ်ယူတာနဲ့ အကျဉ်းချုပ်ဖော်ပြတာကို လွယ်ကူချောမွေ့စေဖို့ စိတ်ကူးဖြစ်ပေါ်စေခဲ့ပါတယ်။ ဒေတာထုတ်ယူတဲ့လုပ်ငန်းစဉ်တွေကို မြှင့်တင်ဖို့နဲ့ ဒေတာ siloတွေကို ဖျက်သိမ်းဖို့ဆိုတဲ့ ပရန်ဂျာလီရဲ့မစ်ရှင်နဲ့အတူ Delv.AL ကို တည်ထောင်ဖို့ စိတ်ကူးရခဲ့တာပါ။

Delv.ALရဲ့အဓိကရည်ရွယ်ချက်က တိကျတဲ့အချက်အလက်တွေကို ထိထိရောက်ရောက်သိနိုင်အောင် သုတေသနပညာရှင်တွေကို ကူညီပေးဖို့ပါ။ ပရန်ဂျာလီက On Deck and Village Global ကနေ ရင်းနှီးမြှုပ်နှံမှုတွေလည်း ရရှိခဲ့ပါတယ်။ Delv.AI က ရန်ပုံငွေအနေနဲ့ ဒေါ်လာ ၄၅၀၀၀၀ ရရှိထားပြီး လက်ရှိမှာ ကုမ္ပဏီရဲ့တန်ဖိုးက ခန့်မှန်းခြေ ဒေါ်လာ ၁၂ သန်းရှိနေပါပြီ။

ပရန်ဂျာလီရဲ့အိန္ဒိယမိဘတွေရဲ့အမြင်မှာ ပညာရေးက အခြေခံတန်ဖိုးအဖြစ် ဆက်လက်ရှိနေပေမဲ့ ကုမ္ပဏီအတွက် သူ့ရဲ့တာဝန်တွေကို ဦးစားပေးနေရတာကြောင့် အခုအချိန်မှာတော့ သူ့ရဲ့ကောလိပ်အစီအစဉ်တွေကို ရွှေ့ဆိုင်းထားရပါတယ်။ အနာဂတ်မှာ သူ့ရဲ့စွန့်ဦးတီထွင်မှုခရီးကို အကျိုးပြုမယ့် လုပ်ငန်းကျွမ်းကျင်မှုပညာတွေ လေ့လာဆည်းပူးဖို့ အဆင်မြင့်ပညာရေးကို ပြန်တက်ဖို့ မျှော်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။