ပရုပ် ထောပတ် မီးထွန်းအစီအရင်

Astrology
ပရုပ် ထောပတ် မီးထွန်းအစီအရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပရုပ် ထောပတ် မီးထွန်းအစီအရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပရုပ် ထောပတ် မီးထွန်းအစီအရင်

ယခုဖြစ်ပျက်နေတဲ့ မိတ်ဆွေတို့၏အနာဂါတ်အရေးမသေချာမရေရာဖြစ်နေသည့် ပစ္စုပ္ပန်ကပ်ဘေးကာလတွင် မဝေခွဲနိုင်သော၊စိတ်ဆုံးဖြတ်ချက်ချမရသောကိစ္စများ
ဖြစ်နေကြမယ်ဆိုတာကို တွေးမိနေပါတယ်။
ထို့ကြောင့်စွန့်စားလုပ်ကိုင်နေထိုင်နေရသူများကလည်း အမှားအယွင်း​တွေဖြစ်တတ်ပြီး ဘဝအတက်အကျမြန်တတ်သည့်ကာလပါ။

စီးပွားရှာရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရပ်များ
ကြောင့် ငွေရေးကြေးရေးလာဘ်လာဘ ပျောက်ဆုံးပြီး
စိတ်ပူပင်သောကရောက်နေကြသူများ……

မိမိအိမ် တစ်မိသားစုလုံး တစ်ယောက်ကိုတစ်ယောက်
စိတ်ဝမ်းကွဲနေကြပြီး ရန်ဖြစ်ရန်များဖြစ်နေကြသူများ…..

ကံဇာတာ အနိမ့် အမြင့် အလိုက်တိုက်ပွဲဝင်နေကြပြီး
ဆင်းရဲခြင်းကိုကျော်ဖြတ်နေကြရသူများ……

ထို့ကြောင့် ရှည်ကြာသောအောင်မြင်မှု မြဲမြံသော
ရပ်တည်မှုများကို အလျင်မြန်ဆုံးအလိုရှိပါက
အကောင်းဆုံးနည်းလမ်းတစ်ရပ်ကို မျှဝေပေးပါရစေ။

ညနေပိုင်း(6:00Pmမှ7:00Pm)အချိန်အတွင်း
ပရုပ်ပြား{၂ပြား၊၃ပြားခန့်} ကို ဇာဂနာအချွန်လေးနှင့်
ညှပ်ယူပြီး ထောပတ်ဆီတွင် နှစ်လိုက်ပါ။
ထို့နောက် ထောပတ်နှစ်၍ယူထားသောပရုပ်ပြားကို
ကြေးခွက်လေးထဲတွင် ထည့်ပြီး မီးရှို့ကာ မိမိ၏
အိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား
နေ့စဉ် ညနေတိုင်း ပူဇော်ပေးရပါမည်။
ပရုပ်ပြားက မီးစွဲမြန်သည်အတွက် မီးသတိပြုပါရန်။
စီးပွားတက်ပါစေ၊ငွေဝင်များပါစေ၊ကံပွင့်ကံမြင့်ပါစေ

ဆရာဦးမင်းနိုင် နှင့်တကွသင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ်လေးစားကြည်ညို ရှိခိုးဦးခိုက်လျက်…

ရေးသားသူ –ဗေဒင် ဆရာ ပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။