မွေးကင်းစအရွယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးတွေကိုရွှေဆွဲပြားလေးတွေဆင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

Celebrity Local News
မွေးကင်းစအရွယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးတွေကိုရွှေဆွဲပြားလေးတွေဆင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မွေးကင်းစအရွယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးတွေကိုရွှေဆွဲပြားလေးတွေဆင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မွေးကင်းစအရွယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးတွေကိုရွှေဆွဲပြားလေးတွေဆင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော် မင်းသမီး ခိုင်နှင်းဝေကတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲ မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူတစ်ယောက်ပဲ ဖြစ် ပါတယ်။ ခိုင်နှင်းဝေဟာ ကလေးငယ်တွေကို မွေးစား စောင့်ရှောက်ပေးနေတဲ့ မိဘမဲ့ဂေဟာကို တည်ထောင် ထားပြီး ပရဟိတအလုပ်တွေနဲ့အတူတူ အနုပညာ အလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေလျက်ရှိ တာပဲ ဖြစ်ပါတယ်။

ကလေးတွေကို မိခင်ရင်းတစ်ယောက်သဖွယ် ပြုစု စောင့်ရှောက်တတ်တဲ့ ခိုင်နှင်းဝေဟာ ဒီတစ်ခါမှာလည်း သူမရဲ့ ကလေးတွေကို ရွှေဆွဲကြိုးနဲ့ ဆွဲပြားလေးတွေကို ဆင်မြန်းပေးခဲ့တာကို တွေ့ရပါတယ်။ ခိုင်နှင်းဝေက “မွေးကင်းစ, လေးထဲက ပြုစုခဲ့ရတဲ့ သူတို့လေးတွေ အတွက် တသက်တာ အမှတ်တရ လေး များ ကိုယ်စီ လုပ်ပေးထားဖြစ်ပါတယ်ရှင်..” ဆိုပြီး ဆိုပြီး ကလေးလေး တွေရဲ့လက်ဗွေရာပါတဲ့ ဆွဲသီးလေးတွေနဲ့ ဆွဲကြိုးလေး တွေ လုပ်ပေးထားတယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ကလေးတွေအပေါ်မှာ မိခင်ရင်းတစ် ယောက်သဖွယ် အကောင်းဆုံးပြုစုစောင့်ရှောက်ရင်း မေတ္တာတွေပေးနေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေဆီ ရောက်ရှိလာတဲ့ ကလေးတိုင်းကလည်း သူတို့လေးတွေ ရဲ့ မိရင်းဖရင်းနဲ့ ခွဲခွာနေရတယ်ဆိုပေမယ့် ခိုင်နှင်းဝေဆီ ကိုရောက်ရှိလာခဲ့တာကတော့ အဆိုးထဲက အကောင်း လို့ ဆိုနိုင်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။