သီချင်းကောင်းကောင်း သီချင်းတောင်း ကဏ္ဍ “အလွမ်းည ရင်ခုန်သံ “

Local News

ဒီနေ့ည အတွက် ချစ်ပရိတ်ကြီးကို ရွေးပေးချင်တဲ့ ခေါင်းစဉ်လေးကတော့ “အလွမ်းည ရင်ခုန်သံ“ ပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြောင့် ဝေးနေရတဲ့ စုံတွဲတွေ၊ LDRS တွေအတွက် အထူးရည်ရွယ်ပါတယ်။ ကိုယ့်ရဲ့ချစ်သူလေးကို မန်းရှင်းပီး ရင်ခုန်သံတွေ ဖလှယ်လို့ရပါတယ်နော်။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကိုဗစ်ကာလကြီးကို အနိုင်ယူကျော်လွှားနိုင်ပါစေလို့ ကျွန်တော်တို့ မိုးနတ်မင်း ဝိုင်းတော်သားတွေက ဆုတောင်းပေးပါတယ်။

အခုည “အလွမ်းည ရင်ခုန်သံ” ရဲ့ ပထမဦးဆုံး အဖွင့်သီချင်းကို ထူးအိမ်သင် အောင်ရင် ဘိိုဘို ညီပုလေး ဖိုးဖန် တို့သီဆိုထားတဲ့ “ မျှော်လင့်တဲ့ည “ ကို ရွေးချယ်ပေးချင်ပါတယ်။ ဆရာကြီးတွေ စုပီးဆိုထားတဲ့ ဒီသီချင်းဟာ vocal skill ကို အတော့်ကို ပြထားတဲ့ သီချင်းဖြစ်ပါတယ်။ ၅ ယောက်ဆိုထားမှန်းတောင် မသိသာတဲ့ သီချင်းမျိုးပါ။ အခုလို တစ်ယောက်နဲ့ တစ်ယောက်ဝေးကွာနေတဲ့ အချိန်မှာ သီချင်းစာသားလေးတွေက ရင်ခုန်သံနဲ့ တိုက်ဆိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုသီချင်းကို ရန်ကုန်က ကိုအုတ်ကီးကနေ စမ်းချောင်းက သူ့ကောင်မလေးနားဆင်ဖို့ တောင်းဆိုပေးထားတာဖြစ်ပါတယ်။

https://www.youtube.com/watch?v=l0Tvt6PFzAc

 

ဒုတိယ တစ်ပုဒ်ကတော့ ကိုမျိုးကြီး သီဆိုထားတဲ့ “ အပြာရောင် အချစ်ည” ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ အိပ်မပျော်သေးတဲ့ ကောင်မလေးကို ချော့သိပ်တဲ့ပုံနဲ့ ရေးဖွဲ့ထားတဲ့ ဒီသီချင်းလေးကို ရန်ကုန်က ကိုစိုး၀ဏ္ဏက သူ့ရဲ့မုံရွာက ဆုဝေလွင်ဆိုတဲ့ကောင်မလေးအတွက် တောင်းဆိုပေးထားပါတယ်။ နားဆင်ခံစားပေးကြပါဦးနော်။

 

တတိယတစ်ပုဒ်ကတော့ ကိုစိုင်းထီးဆိုင်ရဲ့ “မောင့်အရိုင်းပန်း” ဆိုတဲ့သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ ရန်ကုန်က ကိုသောင်းရီက သူ့ရဲ့ဇနီးလောင်းလေး အတွက်တောင်းဆိုပေးထားပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်တို့ မိုးနတ်မင်း ဝိုင်းတော်သားတွေက ဆုတောင်းပေးလိုက်ပါတယ်နော်။ အားနွဲ့တဲ့ မိန်းမသားလေးကို ဖော်ညွှန်းထားတဲ့ မောင့်အရိုင်းပန်းလေးကို နားဆင်ခံစား ကြည့်ကြပါဥိးနော်။

ကျွန်တော်တို့ကို အားပေးကြတဲ့ ချစ်ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်။ စိတ်ကျန်းမာ ကိုယ်ကျန်းမာနဲ့ ကိုဗစ်ကာလကြီးကို ကျော်လွှားနိုင်ပါစေလို့ ကျွန်တော်တို့ ဝိုင်းတော်သားတွေကနေ ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply