ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း မပြောမိလို့ လူthetမှုဖြစ်

International News
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း မပြောမိလို့ လူthetမှုဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း မပြောမိလို့ လူthetမှုဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း မပြောမိလို့ လူthetမှုဖြစ်

ထိုင်ဝမ်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်း မပြောမိရာက အစပြုပြီး အခန်းဖော်ချင်း ဓားထိုးမှု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ယန်က KTV မှာ Waiter လုပ်ပါတယ်။ သူ့ရဲ့ အခန်းဖော်ကတော့ ဝမ်လို့ အမည်ရတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့ ည ၈ နာရီဝန်းကျင်မှာ ယန် အလုပ်သွားဖို့ အခန်းထဲက ထွက်တော့မယ့်အချိန် ဝမ်က အခန်းတံခါး ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယန်က ကျေးဇူးတင်စကားမဆိုဘဲ အခန်းထဲက ထွက်သွားလို့ ဝမ်က လှမ်းအော်ခဲ့ပါတယ်။ ” ငါက မင်းကို တံခါးဖွင့်ပေးတာတောင် ကျေးဇူးတင်ပါတယ် တစ်ခွန်းမပြောဘူးပေါ့” လို့ ဝမ်က အော်ဟစ်ခဲ့တာပါ။ အဲဒီနောက်မှာ ယန်က ” တောင်းပန်ပါတယ်။ ကျေးဇူးပါ”လို့ ပြောပြီး သူ့ရဲ့စကူတာကို တွန်းထွက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ယန်ရဲ့ တုံ့ပြန်ပုံကို မကျေနပ်တဲ့ ဝမ်က နောက်က ပြေးလိုက်ပြီး လက်သီးနဲ့ထိုးခဲ့ပါတယ်။ လက်သီးချက်ကြောင့် ယန်ရဲ့ ဘယ်ဘက်ပါး ဒဏ်ရာရခဲ့ပြီး သူ့အိတ်ထဲမှာ အသင့်ဆောင်ထားလေ့ရှိတဲ့ ဓားနဲ့ ထိုးခဲ့တာပါ။ ရင်ဘတ်ကို သုံးချက်၊ ဗိုက်ကို တစ်ချက် ထိုးခံရတဲ့ ဝမ်ဟာ လှေကားရင်းက သွေးအိုင်ထဲ လဲကျသွားခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ဝမ်ကို ဆေးရုံတင်ပို့ခဲ့ပေမဲ့ ဆေးရုံရောက်ပြီးနောက် ကွယ်လွန်သွားခဲ့တာပါ။

ယန်ကလည်း ရဲစခန်းမှာ အဖမ်းခံခဲ့ပြီး သူ့လုပ်ရပ်အတွက် နောင်တရမိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။