အစ္စရေးက ဂါဇာကို ဗုံးကြဲနေဆဲ၊ ပါလက်စတိုင်း တသန်းလောက် အကူအညီတွေလိုအပ်နေလို့ ကုလသမဂ္ဂက ပြော

International News
အစ္စရေးက ဂါဇာကို ဗုံးကြဲနေဆဲ၊ ပါလက်စတိုင်း တသန်းလောက် အကူအညီတွေလိုအပ်နေလို့ ကုလသမဂ္ဂက ပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစ္စရေးက ဂါဇာကို ဗုံးကြဲနေဆဲ၊ ပါလက်စတိုင်း တသန်းလောက် အကူအညီတွေလိုအပ်နေလို့ ကုလသမဂ္ဂက ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစ္စရေးက ဂါဇာကို ဗုံးကြဲနေဆဲ၊ ပါလက်စတိုင်း တသန်းလောက် အကူအညီတွေလိုအပ်နေလို့ ကုလသမဂ္ဂက ပြော

ဂါဇာကို အစ္စရေးက ဗုံးကြဲနေတာက လျော့ကျသွားတာ မရှိသေးပါဘူး။

တင့်ကားပစ်ရော့ကက် ပစ်တဲ့နေရာတွေ၊ အမိန့်ပေး နေရာတွေ၊ ခြံဝင်းတွေ အပါအဝင် ရာနဲ့ချီတဲ့ စစ်ရေး ပစ်မှတ် ၁၀၀ ကျော် မနေ့ညက ထိမှန်ခဲ့တယ်လို့ အစ္စရေး မီဒီယာက ပြောပါတယ်။

အစ္စ‌ရေး လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဂါဇာက လူပေါင်း ၂,၇၀၀ ‌ကျော် thayဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကို မြေပြင်ထိုးစစ်လုပ်ဖို့ အစ္စရေးက ပြင်ဆင်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ ဘိုင်ဒန်က စစ်ဆင်ရေးကို သတိထားပြီး လုပ်ဖို့ အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဘိုင်ဒန်က အမေရိကန် CBS ရုပ်သံ မီဒီယာကို ပြောကြားရာမှာ သူ့အနေနဲ့ ဟားမတ်စ်ကို ချေမှုန်းရမယ် ဆိုတာကို လက်ခံတယ်၊ ဒါပေမဲ့ ဂါဇာကို အစ္စရေးက သွားသိမ်းပိုက်မယ်ဆိုရင်တော့ ဒါဟာ တကယ့်အမှားကြီးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ နိုင်ငံတကာ ဥပဒေဘောင်အတွင်းကနေ လုပ်ဆောင်လိမ့်မယ်လို့ သူ ယုံကြည်တဲ့အကြောင်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

ပါလက်စတိုင်း အရပ်သားတွေ အနေနဲ့ အစားအစာ၊ ရေ၊ ဆေးဝါး စတာတွေ ရရှိ နိုင်ခွင့် ရှိဖို့လိုအပ်တာကို သူလက်ခံတယ်လို့လည်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

ပါလက်စတိုင်း တသန်းလောက် အကူအညီတွေလိုအပ်နေလို့ ကုလသမဂ္ဂက ပြော

ဂါဇာတောင်ပိုင်းကို ထွက်ပြေးလာကြတဲ့ ပါလက်စတိုင်း တသန်း လောက်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်း ရေးမှူးချုပ် မာတင် ဂရက်ဖစ်က ဘီဘီစီကို ပြောပါတယ်။

သူက အရပ်သားတွေဟာ လုံခြုံဘေးကင်းရာကို ရွှေ့ပြောင်းနိုင်ရမယ်၊ တိုက်ခိုက်ခံရခြင်းက ကင်းဝေးဖို့ လိုအပ်တယ်လို့ ဆိုပြီး အစ္စရေးဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို မလိုက်နာဘူးလို့ စွပ်စွဲလိုက်ပါတယ်။

မစ္စတာ ဂရက်ဖစ်က ဟားမတ်စ်တို့ ပြန်ပေးဆွဲထားတဲ့ အစ္စရေးလူမျိုးတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ပြန်ပေးဆွဲတာဟာ တရားဥပဒေနဲ့ မညီသလို ကျင့်ဝတ်နဲ့လည်း မညီဘူးလို့ သူက ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။