ခုနစ်ရက်သားသမီးများအတွက် 15.10.2023မှ 21.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 15.10.2023မှ 21.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 15.10.2023မှ 21.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 15.10.2023မှ 21.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

ဆိုင်းငံ့ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်အဆင်ပြေမည်။ လူမျိုးကွဲနှင့်ဆက်စပ်လုပ်သောလုပ်ငန်းများမှ အောင်မြင်မှုများရရှိမည်။ မတော်တဆထိခိုက်မှုများဂရုစိုက်ရမည်။ အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စအတွက် ငွေကုန်များမည်။ ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်သောကိစ္စမှ အောင်မြင်မှုရရှိမည်။ ဦးခေါင်းနှင့်မျက်စိတို့တွင် မတော်တဆထိခိုက်မှုများဖြစ်မည်။ ညာခြေ၊ ညာလက်တို့တွင် မတော်တဆထိခိုက်တတ်သည်။ ယာဥ်၊ ကားမောင်းနှင်မှု ဂရုစိုက်ပါ။ ခိုက်ရန်ဖြစ်ပွားလွယ်သည်။ တစ်ပါးသူရန်ပွဲကြား ဝင်ဖျန်ဖြေခြင်းရှောင်ပါ။

ယတြာ – ခရုရှည်လေးတစ်ခုကို ရွှေရောင်သုတ်ပြီး အမြင့်တစ်နေရာတွင် တင်ထားပါ။

တနင်္လာသားသမီး

နှောင့်နှေးခက်ခဲနေသည်များ ပြန်လည်အဆင်ပြေမည်။ အရပ်ဝေးနှင့်ဆက်ဆံဆောင်ရွက်သောကိစ္စများမှ ထူးခြားသောအောင်မြင်မှုများဖြစ်ပေါ်မည်။ ငွေကြေးကိစ္စအတွက် ပြောဆိုဆောင်ရွက်ခြင်းများ အောင်မြင်မည်။ အလုပ်အဆင့်တိုးပွားမည်။ ဝင်ငွေတိုးမည်။ ရန်အတိုက်အခံအားလုံးကို ကျော်လွှားနိုင်မည်။ ပိတ်နေသောလမ်းကြောင်းများ ပြန်ပွင့်မည်။ အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။ ငွေကြေးကိစ္စစကားပြောဆိုမှု အောင်မြင်မည်။ လုပ်ငန်းမရှိသူလုပ်ငန်းရမည်။ ပညာအတတ်နှင့်ပတ်သက်သောကိစ္စမှန်သမျှ အောင်မြင်မှုရမည်။

ယတြာ – ပန်းအိုးအတွင်း အဝါရောင်သစ်ခွပန်းတစ်ပွင့်ထိုးစိုက်၍ အမြင့်တစ်နေရာတွင် တင်ထားပါ။

အင်္ဂါသားသမီး

သက်သက်သာသာနေရခြင်းလုံးဝမရှိ။ တစ်ခုပြီးတစ်ခု အလွန်အလုပ်ရှုပ်နေမည်။ မိမိကိစ္စသာမက တစ်ပါးသူကိစ္စရေးရာများကိုပါ ကိုင်တွယ်လုပ်ကိုင်နေရမည့်ကာလဖြစ်သည်။ အပြိုင်အဆိုင်အတိုက်အခံများ၊ အခက်အခဲများကြားမှ အလုပ်ကိစ္စများဆောင်ရွက်ရမည်။ အေးအေးဆေးဆေးအနားယူခြင်းပင်လျှင် ပင်ပင်ပန်းပန်းခရီးသွား၍ နားရခြင်းမျိုးဖြစ်မည်။

မိမိစိတ်ကူးမည်မျှရှိစေ၊ လုပ်ဆောင်နိုင်သောစွမ်းအားမည်မျှရှိစေ စိတ်တိုင်းကျ အင်တိုက်အားတိုက်လုပ်နိုင်ခြင်းမရှိ။ လွှမ်းမိုးမှု၊ ထိန်းချုပ်မှုများအောက်တွင် သတ်မှတ်ထားသည့်အတိုင်းအတာ တစ်ခုထိသာလုပ်နေရမည်။ ကြီးကဲသူများနှင့် အယူအဆကွဲလွဲမှုများရှိမည်။ ပြိုင်ဆိုင်အနှောင့်အယှက်ပေးသူများပြားမည်။ အလွန်စိတ်ရှည်သည်းခံရမည်။

ယတြာ – သိမ်းငှက်ပျံဝဲနေသောပန်းချီကားကို အနီးအနားတွင် ချိတ်ဆွဲထားပါ။

ဗုဒ္ဓဟူးသားသမီး

အကြံသစ်များလက်တွေ့ကျကျလုပ်၍ အောင်မြင်မည်။ ကြိုတင်ရရှိထားသည့် သတင်းစကားများ မပီပြင်။ မူလစီမံထားသည့်အတိုင်းလုပ်က အခက်အခဲကြုံမည်။ ရုတ်ခြည်းဆုံးဖြတ်ပြီး ဆောင်ရွက်သည်များမှအောင်မြင်မည်။ ခက်ခဲသောပြဿနာများကို မိတ်ဆွေကောင်းများအကူအညီဖြင့်ဖြေရှင်းအဆင်ပြေနိုင်သည်။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စအတွက် စကားများရတတ်သည်။

အရာရာကိုသတိဖြင့်ဆောင်ရွက်ပါ။ ယာဥ်ကားမောင်းနှင်မှု အထူးဂရုစိုက်ပါ။ ဖန်တီးမှုအသစ်များနှင့် အောင်မြင်မှုအသစ်များရရှိမည်။ ငွေကြေးကံကောင်းမည်။ အရပ်ဝေးမှရောက်ရှိနေသည့် ဧည့်သည်များနှင့်အချိန်ကုန်နေရမည့်ကာလဖြစ်သည်။ ကိုယ့်ကိစ္စထက်မိသားစုကိစ္စအတွက် အချိန်ပိုပေးနေရမည်။ မိသားစုတွင် အလုပ်သစ်၊ စီးပွားသစ်များဆောင်ရွက်အောင်မြင်မည်။

ယတြာ – နဂါးပုံတစ်ခုကို ပိုက်ဆံဘူးထဲတွင်ထည့်ခြင်းဖြင့် ငွေကြေးစီးပွားကံကောင်းစေပါသည်။

ကြာသပတေးသားသမီး

မပြီးမပြတ်ကြန့်ကြာနေသော အလုပ်များပြီးမြောက်အောင်ဆောင်ရွက်နိုင်မည်။ မိသားစုအတွင်း ကျန်းမာရေးအညံ့များရှိနေသည်။ ငွေကြေးနှင့်ပတ်သက်၍ အခါတိုင်းထက်ပို၍ ဝင်ကိန်းရှိသည်။ စီးပွားကံကောင်းမည်။ သို့သော် အရင်းအနှီးများလွန်းသောလုပ်ငန်းများ စတင်ရန်မသင့်ပါ။ အရဲစွန့်ပြီးလုပ်ရသောကိစ္စများရှောင်ပါ။ အရာရာကိုပုံမှန်အေးချမ်းစွာဆောင်ရွက်ရမည့်ကာလဖြစ်ပါသည်။

ပုံမှန်အတိုင်းစနစ်တကျ တွက်ဆလုပ်ပါ။ အရာရာကိုသတိနှင့်ယှဥ်ပြီး ဆောင်ရွက်ပါ။ ကောင်းသောတိုးတက်မှုဘက်သို့ ဦးတည်လာသည်။ ရည်ရွယ်ထားသည်များ အောင်မြင်အောင်စွမ်းဆောင်နိုင်မည်။ ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စဆိုင်ရာ ပြောရေး ဆိုရေးအောင်မြင်မည်။ နေရာဝန်းကျင်အတွင်း အပြောင်းအလဲများရှိမည်။

ယတြာ – စုဘူးကို အကြွေစေ့ထည့်ပြီး အမြင့်တစ်နေရာတွင် တင်ထားပါ။

သောကြာသားသမီး

ဘဝကံ တိုးတက်မည့်လဖြစ်သည်။ မိမိလိုလားချက်၊ ရည်ရွယ်ချက်များ စနစ်တကျလုပ်၍ အောင်မြင်ခြင်းကို ရရှိမည်။ ပြဿနာဟောင်းများကို ဖြေရှင်းနိုင်မည်။ အဆုံးသတ်မှုမပြုရသေးသည့် ကိစ္စများအားအောင်မြင်စွာ ပြီးစီးအောင်ဆောင်ရွက်နိုင်မည်။ အလုပ်အကြံအစည်သစ်များတိုးချဲ့ဆောင်ရွက်နိုင်သည်။ အညံ့ကင်းစင်၍ အဘက်ဘက်မှကောင်းသည်။ အခါတိုင်းထက်ပို၍ ငွေဝင်ကိန်းကောင်းသည်။

လူသိထင်ရှားဖြစ်အောင် ဆောင်ရွက်ခြင်း၊ အသေးစိတ်အနုစိတ်ဆောင်ရွက်ခြင်းတို့ပြု၍ ကောင်းသည်။ အသောက်အစားလျှော့လေ တိုးတက်လေဖြစ်မည်။ ထူးခြားသောအခွင့်အရေးကောင်းများရရှိမည်။ ပေါ်လာသည့်အခွင့်အရေးများကို အသုံးချ၍ ဘဝအဆင့်တစ်ခုမြင့်မားတိုးတက်သွားနိုင်သည်။ အရာရာသတိနှင့်ဆောင်ရွက်ရမည်။ ထွက်ပေါက်ရှာပြီး ငွေကုန်မည်။

ယတြာ -ရွှေငါးကိုးကောင် ရေကူးခပ်နေသောပုံ အနီးအနားတွင်ထားပါ။

စနေသားသမီး

အဆင်ပြေခြင်းနှင့် တိုးတက်ခြင်းဘက်သို့ ဦးတည်လာသည်။ ရည်မှန်းထားသည်များ အောင်မြင်မည်။ ငွေကြေးကံကောင်းမည်။ အလုပ်သစ်များ၊ ကုန်ပစ္စည်းသစ်များဖြန့်ချိ၍ အဆင်ပြေမည်။ မိမိကိစ္စမဟုတ်ဘဲ သူတစ်ပါးအတွက်ဆောင်ရွက်ရင်း စိတ်ရှုပ်ထွေးရခြင်းများဖြစ်တတ်သည်။ ကာလအတန်ကြာ အကြွေးထား၊ ဘေးချထားသည့်ကိစ္စများကို အချိန်ပိုပေးပြီး စာရင်းဇယားရှုပ်ထွေးနေရမည်။

အလိုရှိရာ၊ ဆန္ဒရှိရာများ ဆောင်ရွက်က ပီပြင်စွာတိုးတက်မည်။ အရာရာ သတိနှင့်ယှဥ်၍ ဆောင်ရွက်ပါ။ လူယုံဒုက္ခပေးတတ်သည်။ သူတစ်ပါးကြောင့် မိမိအကြံပျက်တတ်သည်။ ထူးခြားသောအပြောင်းအလဲများဖြစ်လာမည်။ အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ရည်ရွယ်ချက်များ အောင်မြင်မည်။

ယတြာ – အိမ်အနီးဝန်းကျင် သန့်ရှင်းရေးလုပ်ပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။