စားသောက်ဆိုင် ၂၀ ကျော်မှာ စားချင်ရာ မှာစားပြီး နှလုံးရောဂါဖောက်ဟန်ဆောင်ခဲ့တဲ့ အမျိုးသားကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

Funny International News
စားသောက်ဆိုင် ၂၀ ကျော်မှာ စားချင်ရာ မှာစားပြီး နှလုံးရောဂါဖောက်ဟန်ဆောင်ခဲ့တဲ့ အမျိုးသားကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စားသောက်ဆိုင် ၂၀ ကျော်မှာ စားချင်ရာ မှာစားပြီး နှလုံးရောဂါဖောက်ဟန်ဆောင်ခဲ့တဲ့ အမျိုးသားကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စားသောက်ဆိုင် ၂၀ ကျော်မှာ စားချင်ရာ မှာစားပြီး နှလုံးရောဂါဖောက်ဟန်ဆောင်ခဲ့တဲ့ အမျိုးသားကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

နှလုံးရောဂါ ဖောက်ချင်ယောင်ဆောင်ပြီး စပိန်စားသောက်ဆိုင် ၂၀ လောက်မှာ ငွေမရှင်းဘဲ ထားခဲ့တဲ့ လစ်သူယေးနီးယားအမျိုးသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ အမည်မဖော်လိုသူ အမျိုးသားဟာ စပိန်နိုင်ငံ ကော်စတာဘလန်ကာဒေသက စားသောက်ဆိုင်အများစုအပါအဝင် အနည်းဆုံး စားသောက်ဆိုင် ၂၀ မှာ လိမ်ညာခဲ့တာပါ။

သူဟာ အစားအသောက်တွေ မှာစားပြီးရင် ရင်ဘတ်ကို လက်နဲ့ဖိပြီး လဲကျသွားတဲ့ပုံစံ ဟန်ဆောင်ခဲ့တာပါ။ အစပိုင်းမှာ သူ့ရဲ့ဟန်ဆောင်လိမ်ညာမှုကို သတိမထားခဲ့ကြပါဘူး။ နောက်တော့ စားသောက်ဆိုင်ပိုင်ရှင် တစ်ယောက်က သူ့အကြံကို ရိပ်မိသွားပြီး သူ့ဓာတ်ပုံကို အခြားစားသောက်ဆိုင်တွေထံ ပေးပို့ကာ သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာတော့ လိမ်ညာသူဟာ အလီကန်တီမြို့မှ စားသောက်ဆိုင်မှာ ဝီစကီတွေ မှာသောက်ပြီး ပင်လယ်စာတွေ စားခဲ့ပါတယ်။ ဝိတ်တာက ငွေပြေစာ လာပေးပြီးနောက်မှာ သူက ဆိုင်ထဲကနေ ထွက်သွားဖို့ ကြိုးစားခဲ့ပေမဲ့ ဝိတ်တာတွေ ဝိုင်းတားလို့ အကြံမအောင်ခဲ့ပါဘူး။

ဟိုတယ်မှာ ပိုက်ဆံကျန်ခဲ့လို့ သွားယူရမယ်ဆိုပြီး လစ်ပြေးဖို့ ကြိုးစားပေမဲ့ စားသောက်ဆိုင်ဝန်ထမ်းတွေက သူ့ကို ထွက်သွားခွင့်မပေးခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နှလုံးရောဂါဖောက်ပြီး လဲကျသွားသလို ဟန်ဆောင်ခဲ့ပြန်ပါတယ်။ ရဲအရာရှိတွေ ရောက်လာချိန်မှာ သူက ဆရာဝန်ခေါ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ရဲတွေက သူ့လုပ်ရပ်တွေကို သိရှိပြီး ဖမ်းဆီးသွားခဲ့တာပါ။

လစ်သူယေးနီးယား အမျိုးသားရဲ့ စားသောက်စရိတ်ဟာ ဒေါ်လာ ဆယ်ဂဏန်းလောက်ပဲ ကျသင့်တာဖြစ်ပြီး ကြီးလေးတဲ့ပြစ်မှုမဟုတ်တာကြောင့် သူ့အနေနဲ့ တစ်ရက်လောက် အချုပ်ကျပြီး ဒဏ်ငွေပေးဆောင်ရုံနဲ့ ပြန်လွတ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ သူ့ကို မကျေနပ်ကြတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေ စုပေါင်းပြီး တရားစွဲဖို့ ပြင်နေတာကြောင့် သူ့အနေနဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။