ခိုးဝင်မယ့် မိုးခါ (နောက်ဆုံးရ မုန်တိုင်းသတင်း)

Local News
ခိုးဝင်မယ့် မိုးခါ (နောက်ဆုံးရ မုန်တိုင်းသတင်း)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခိုးဝင်မယ့် မိုးခါ (နောက်ဆုံးရ မုန်တိုင်းသတင်း) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခိုးဝင်မယ့် မိုးခါ (နောက်ဆုံးရ မုန်တိုင်းသတင်း)
MOCHA CYCLONE UPDATE

ဘင်္ဂလားပင်လယ်အော်မှာ မေလ ၁၅ရက်နေ့အတွင်း မိုခါလို့အမည်ရတဲ့မုန်တိုင်းကြီးတစ်လုံးဖြစ်ပေါ်နိုင်တယ် ဘင်္ဂလားဒေချ်နဲ့ မြန်မာနယ်စပ်ကဝင်ရောက်မယ်ဆိုတာကို ဟိုးရက်အဝေးကြီးက ခန့်မှန်းပေးခဲ့ပြီးဖြစ်ပါတယ် မေလ ၁၃ရက်နေ့ ၁၄ရက်နေ့ မှာဝင်ရောက်မှာဖြစ်ပါတယ်

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေအားလုံးမုန်တိုင်းအဝန်းထဲကျရောက်သဖြင့် မုန်တိုင်းအန္တရာယ် ရှိပါတယ် ရခိုင်ပြည်နယ်တောင်ပိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် မုန်တိုင်းနှင့်အဝေးကြီးပါ

ဘာမှစိုးရိမ်စရာမလိုပါဘူး

ဗဇာထုတ်မပေးလို့မိုခါက ဘင်္ဂလားဒေချ်မြန်မာနယ်စပ်က ခိုးဝင်မှာဖြစ်ပါတယ် ၎င်းရဲ့ upper air Circulation system Rainfall status မုန်တိုင်းနှင့်အတူမိုးတွေသယ်ဆောင်လာပေးမှာဖြစ်လို့ အချိန်နှင့်တပြေးညီစောင့်ကြည်ထောက်လှမ်းပြီး ဘယ်နေရာဒေသတွေ မိုးကြောင့်အကျိုးပြုမယ် အန္တရာယ်ရှိနိုင်တဲ့ဒေသတွေကို အသေးစိတ်စိစစ်တွက်ချက်ပြီးအချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်

မုန်တိုင်ကြီးဖြစ်မယ်ခန့်မှန်းပေးကထဲက weather data အချက်အလက်များကို ဝယ်ယူစိစစ်တွက်ချက်ခန့်မှန်းပေးနိုင်ရန်အတွက် ပံပိုးကူညီကြသူအားလုံးကိုကျေးဇူးတင်ပါတယ် တစ်နိုင်ငံလုံးမှာ မိုးတွေရွာပါလိမ့်မယ်

ရေးသားသူ –Su Su San

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။