“အသည်းကင်ဆာအတွက် သတင်းကောင်း”

Health Knowledge
“အသည်းကင်ဆာအတွက် သတင်းကောင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အသည်းကင်ဆာအတွက် သတင်းကောင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အသည်းကင်ဆာအတွက် သတင်းကောင်း”

အရက်အရမ်းသောက်ခဲ့တဲ့အစ်ကို တယောက် အခုတော့ အသဲမှာ အနာဖြစ်လို့ ဆေးရုံခနခဏ တက်နေရပြီ။ဆေးရုံတက် ဆေးစစ်လိုက်တော့ အသဲကင်ဆာတဲ့။

အသဲကင်ဆာဖြစ်နေတဲ့ အစ်ကို အတွက် သူမိသားစုတခုလုံးက စိတ်မချမ်းမသာ ဖြစ်နေရပြီ။တမိသားစုလုံးလည်း မနားရ။ဆေးရုံတက်တော့ အစောင့်က နှစ်ယောက်စောင့်ရတယ်။

သွေးသားဖြစ်နေတော့လည်း ရောဂါပျောက်ရေး ဘယ်ဆေးကောင်းမလည်း စုံစမ်းနေရတာကလည်း တလုပ်။

ဆေးရုံကခွဲစိတ်ကုသလည်း တာဝန်မယူလို့ အိမ်ပြန်ခေါ်လာရတယ်။

ဗိုက်ကလည်း မနေနိုင်အောင်နာ။တကိုယ်လုံး ကလည်း ကိုက်ခဲနေတယ်။ဆေးထိုးတယ် ထိုးတုံးသက်သာတယ်။

ဆေးရှိန်ပြေတော့ ပြန်ကိုက်ပြန်တယ်။ညလည်း မအိပ်ရ။လူနာမအိပ်တော့ တအိမ်သားလုံးလည်း မအိပ်ရအိပ်ရေးပျက်ကြရတယ်။

ဒီလိုနဲ့ တနေ့မှာတော့ ကင်ဆာအဆင့်သုံးဖြစ်ဘူးသူရဲ့ ညီနဲ့ကွမ်းယာဆိုင်မှာတွေ့ စကားပြောမိတော့ ကင်ဆာဆေးနည်း ရပြီ။သူအကိုက အိပ်ယာထဲလဲနေသည်အထိ ဝေဒနာကို ခံစားနေရသူ။သူအကိုက အခုတော့ ကင်ဆာရောဂါ ပျောက်သွားပြီးလို့ သတင်းရပါပြီ။

ရေငတ်နေသူ ရေတွင်းထဲကျ ဆိုသလိုပါဘဲ။ရှေ့ကလူနာက လက်တွေ့ပျောက်ထားတယ်ဆိုတော့ အဲဒီဆေးကို ရချင်နေပြီးပေါ့။

ခင်များအကိုက ဘယ်ဆေးသောက်လို့ ကင်ဆာရောဂါက ပျောက်သွားတာလည်းလို့ မေးလိုက်ပါတယ်။သူကလည်း ပြောချင်နေသူမို့ လွယ်လင့်တကူဘဲ ပြောပြပါတယ်။

ဆေးနည်းကတော့လက်ခုတ်သီးနဲ့စွန်လက်သဲမြစ် သွေးတိုက်တာပါတဲ့။

ဆေးနဲ့တည့်ရင် အိပ်ပါလိမ့်မယ်လို့ ပြောလိုက်ပါသေးတယ်။သူပြောတဲ့ ဆေးပစ္စည်းတွေကို ရှာပြီးတိုက်ပါတော့တယ်။သူပြောတဲ့ အတိုင်းပါဘဲ ဆေးတိုက်တဲ့ညမှာ အိပ်ပါတော့တယ်။

အခါတိုင်းမအိပ်ရသူ အခုတော့ အိပ်ပါပြီ နောက်နေ့ကြတော့ ကိုက်ခဲတဲ့ခန္ဓာကိုယ်ကလည်း မကိုက်တော့ပါ။ဒီစာရေးတင်သောအချိန်မှာ လူနာကို ဆေးတိုက်တာလေးရက်မြောက်ဘဲ ရှိပါသေးတယ်။လူနာရဲ့အခြေအနေ ထူးခြားသက်သာမှုအပေါ်မှာ ဆက်လက်သတင်းပေး တင်ပြပါ့မယ်။

ကင်ဆာဝေဒနာကိုခံစားနေရသူများ ဆန္ဒရှိက အသုံးပြုနိုင်ရန်အတွက် စေတနာနဲ့ တင်ပြပေးချင်ပါ။အောက်ပုံကတော့ လူနာနဲ့သူ့ကိုတိုက်နေသော ဆေးပင် ဆေးမြစ်များပါ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။