သင့်ပိုက်ဆံအိတ်-မှာ ဘာတွေ ထည့်ထားသလဲ..

Astrology
သင့်ပိုက်ဆံအိတ်-မှာ ဘာတွေ ထည့်ထားသလဲ..

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ပိုက်ဆံအိတ်-မှာ ဘာတွေ ထည့်ထားသလဲ.. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ပိုက်ဆံအိတ်-မှာ ဘာတွေ ထည့်ထားသလဲ..

စွမ်းအင်တွေ အကြောင်းကို လေ့လာတဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်- ဝါစတု သျှတ္တရ ပညာရပ် အရ..မထည့်ထားသင့်တဲ့ အရာတွေ သင့်ပိုက်ဆံအိတ် ထဲမှာ ထည့်ထား လျှင်- မကောင်းတဲ့ စွမ်းအင်တွေ သင့်ဆီမှာ ရှိနေတတ်ပြီး-

– ငွေကုန်ကြေးကျ၊ ငွေယိုပေါက်တွေ။
– ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုတွေ။
– လာဘ်ပိတ် တာတွေ။
– ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး-
ထည့်ထား သင့်တဲ့- အရာတွေ- သင့်ပိုက်ဆံအိတ်ထဲမှာ ရှိနေလျှင်-
– ငွေကြေး- အဆက်မပြတ်၀င်ပြီး-
– ကျန်းမာ ချမ်းသာ ကာ-
– ငွေကုန် ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက် နိုင်ပါလိမ့်မယ်

ပထမ ဦးစွာ အရေးကြီးတာ ကတော့-

– ဟောင်းနွမ်း စုတ်ပြတ် နေတဲ့- ပိုက်ဆံအိတ် ကို ရှောင်ပါ။ ပိုက်ဆံအိတ် အစုတ် မှာ ကောင်းမြတ် တဲ့ စွမ်းအားများ မရှိတော့ပါ။
– သူများ ရဲ့ ပိုက်ဆံအိတ် အဟောင်း ကို လည်း လုံး၀ မသုံးပါနဲ့။
– ပိုက်ဆံ အိတ်မှာ ပိုက်ဆံ ပေါပေါများများ ထည့်ထားပါ။ ဘာ ပိုက်ဆံ မှ မရှိပဲ ဟောင်းလောင်း ဖြစ်နေတာမျိုး မဖြစ်ပါစေနဲ့။

ပိုက်ဆံအိတ်ထဲမှာ မထည့်ထားပဲ- လိုအပ်ရင် သီးသန့် ခွဲထားသင့်တဲ့ အရာများကတော့-

– ဘေလ်၊ ပြေစာ၊ ဟောင်းများ၊ receipt ဟောင်းများ
– ညစ်ညမ်းပုံများ၊ thayဆုံးပြီးသူများပုံ၊ ကြမ်းတမ်း ရက်စက်သော ပုံများ။ (မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်။)
– တိုလီ မိုလီ မှတ်စု များ၊ လိပ်စာ ကဒ် အဟောင်းများ၊
– သက်တမ်း ကုန်နေတဲ့- membership card များ
– သုံးမရအောင် စုတ်ပြတ် နေတဲ့ ငွေစက္ကူများ
– ခေါက်တွန့် နေတဲ့- ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံ ကို ဖြန့်ထည့်ပါ။)
– သွားရည်စာ မုန့်တွေ နဲ့ ဆေးများ။ (ဆေးများ ဟာ- ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ။)
– လက်သည်းညှပ် နဲ့ ကပ်ကြေး အပါအ၀င်- ချွန်ထက်တဲ့ အရာများ။
– ကျွမ်းကျင်သော နက္ခတ်ပညာရှင် အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော- အဆောင်များ၊
– ပရိတ်ချည်၊ လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ။)
ပိုက်ဆံအိတ်ထဲ. မှာ ထည့်ထား သင့်တဲ့ အရာများကတော့

– ငွေ၊ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။
– အထူးသဖြင့်- ငွေဒင်္ဂါး။
– လက်ချမီး မယ်တော်ပုံ- ရုပ်ပုံတော် ဖြစ်စေ- ကြေး ဒင်္ဂါး ဖြစ်စေ.
– ဗောဓိညောင်ရွက် (အထူးသဖြင့်- နှလုံး ရောဂါ ရှိသူများ အတွက်)
– ပင်လယ်ခရုခွံများ (စကြာ၀ဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်။)
– ဆန်စေ့ ၂၁- စေ့ (အင်မတန် အကျိုးများပါတယ်။ နောက်ပိုင်း ရှင်းပြပေးပါ့မယ်။)
(အခြား ရှားပါးသော အရာများကို ချန်လှပ်ထားခဲ့ပါသည်။)
အားလုံး အောင်မြင် ချမ်းသာကြပါစေ။
လွတ်လပ်စွာ လက်ဆင့်ကမ်း နိုင်ကြပါတယ်။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။