အစ္စရေး – ဂါဇာ အရေး – ဆေးရုံပေါ်လက်နက်ကျပေါက်ကွဲမှုနောက်ဆက်တွဲ

International News
အစ္စရေး – ဂါဇာ အရေး – ဆေးရုံပေါ်လက်နက်ကျပေါက်ကွဲမှုနောက်ဆက်တွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစ္စရေး – ဂါဇာ အရေး – ဆေးရုံပေါ်လက်နက်ကျပေါက်ကွဲမှုနောက်ဆက်တွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစ္စရေး – ဂါဇာ အရေး – ဆေးရုံပေါ်လက်နက်ကျပေါက်ကွဲမှုနောက်ဆက်တွဲ

သမ္မတဘိုင်ဒန် ရဲ့ အစ္စရေးခရီးမှာ ဘာတွေပြောခဲ့လဲ

အစ္စရေး နဲ့ ဟားမတ်စ်ကြားမှာ အပြန်အလှန်စွပ်စွဲမှုတွေ ရှိနေတဲ့ အင်္ဂါနေ့ ညနေပိုင်း က ဂါဇာမြို့လယ်က အင်ဂလီကန်ခရစ်ယာန်အသင်းတော်က ဖွင့်ထားတဲ့ အယ်လ်အာလီဆေးရုံကို ဒုံးကျည်ကျရောက်ပေါက်ကွဲမှုမှာ အနည်းဆုံးလူ ၅၀၀ ကျော် ‌thayဆုံးထားပါတယ်။

ပါလက်စတိုင်းပြောခွင့်ရသူတွေကတော့ အဲဒီဒုံးကျည်ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ပြောထားသလို အစ္စရေးကလည်း ဂါဇာဘက်ကလာတဲ့ ဒုံးကျည်ပစ်ခတ်မှုလို့ ‌ပြောပါတယ်။

လက်ရှိအချိန်အထိ ဆေးရုံမှာထိခိုက်ဒဏ်ရာရသူတွေ လိုက်လံရှာဖွေကုသပေးဖို့ကြိုးစားနေရတုန်းဖြစ်ပါတယ်

အပြန်အလှန်စွပ်စွဲချက်တွေရှိနေပေမဲ့ ဆေးရုံအဆောက်အအုံလုံးဝပြိုကျတာမရှိသလို ကားအချို့ပျက်စီးတာမရှိတာတွေကိုကြည့်ရင် အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု လက္ခဏာတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောပါတယ်။

တိုက်ခိုက်ခံရချိန် ရုပ်သံတစ်ခုမှာ ထွက်ပေါ်လာတဲ့အသံကို ကျွမ်းကျင်သူတွေ ကိုပြသထားချက်အရ အစ္စရေးရဲ့ တိုက်ခိုက်မှု လား ဂါဇာကမ်းမြောင်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်လားဆိုတာ မပြောနိုင်ဘူးလို့ လည်း နောက်ထပ် တစ်ယောက်က ပြောထားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်လည်း အစ္စရေးရဲ့ တဲလ်အဗီ မြို့ကိုရောက်နေပြီး အစ္စရေးရဲ့ အရေးပေါ်စစ်ကာလအစိုးရ ဝန်ကြီးချုပ် နေတန်ညာဟု နဲ့ တွေ့ဆုံ နေပါတယ်။

ကျွန်တော်မြင်ထားတဲ့ အချက်အလက်တွေကိုကြည့်ရင် ဆေးရုံပေါက်ကွဲမှုကို “အခြားအဖွဲ့က လုပ်ဆောင်ခဲ့တာ” လို့ ပြောပါတယ်။ သမ္မတဘိုင်ဒန်ကတော့ ဒီအဖြစ်အပျက်အတွက် အလွန်ဝမ်းနည်းရသလို ဒေါသလည်းထွက်ရတယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုအပေါ် ‌ရေရေရာရာအတည်ပြုနိုင်ဖို့လုပ်ဖို့လို‌သေးတယ်လို့လည်း သမ္မတဘိုင်ဒန်ကပြောပါတယ်။

အမေရိကန် နဲ့ အစ္စရေးခေါင်းဆောင် နှစ်ဦးတွေ့ဆုံချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကအစ္စရေး – ဂါဇာ ပဋိပက္ခမှာ အမေရိကန်ရဲ့ ရပ်တည်မှုကို ပြသဖို့ အစ္စရေးကို သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၇ ရက် က ဟားမတ်စ်တို့ ရဲ့ အစုလိုက်အပြုံလိုက် thetဖြတ်မှုတွေကို ဆက်ပြီး ပြောရာမှာတော့ အမေရိကန်နိုင်ငံသား ၃၁ ဦး အပါအဝင် လူပေါင်း ၁,၃၀၀ ကို “thetဖြတ်ခဲ့တယ်လို့ပြောရင် ” မလွန်ဘူးလို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။
ကလေးငယ်တွေ အပါအဝင် အစ္စရေး ဓားစာခံ‌တွေအကြောင်း ကိုလည်းထည့်ပြောခဲ့ပြီး “ဟားမတ်စ်လက်အောက်ကလွတ်အောင်ပုန်းနေရတဲ့ ကလေးတွေ ဘာတွေ တွေးနေလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ ကျွန်တော့်အတွက် နားလည်ပေးနိုင်တာထက်ကျော်လွန်သွားပါပြီ ” လို့ ကန်သမ္မတကပြောပါတယ်။

အမေရိကန်က အစ္စရေးကို ဆက်လက်ထောက်ခံသွားမှာ ဖြစ်တယ်လို့ လည်းပြောခဲ့ပြီး အစ္စရေးလူမျိုးတွေရဲ့ ” ကတိကဝတ်ရှိမှုနဲ့ ရဲစွမ်းသတ္တိ” က “အံ့မခန်းပါပဲ” “ဒီမှာရှိရတာ ဂုဏ်ယူပါတယ်” လို့ သူကပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။