ဖခင်ရဲ့အလောင်းဘေးမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

International News
ဖခင်ရဲ့အလောင်းဘေးမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖခင်ရဲ့အလောင်းဘေးမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖခင်ရဲ့အလောင်းဘေးမှာ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

အင်ဒိုနီးရှားနိုင်ငံမှ စုံတွဲဟာ သတို့သမီး ဖခင်ရဲ့ရုပ်အလောင်းဘေးမှာပဲ မင်္ဂလာပွဲ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ နိုဝင်ဘာလ ၂၆ ရက်က ဆူလာဝစီကျွန်းမှာရှိတဲ့ သတို့သမီး နေအိမ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံမှတ်တမ်းအရ စောင်ဖြူအုပ်ထားတဲ့ သတို့သမီးဖခင်ရဲ့ ရုပ်အလောင်းဘေးမှာ ထိမ်းမြားလက်ထပ်ခဲ့ကြတာပြီး မင်္ဂလာပွဲ အပြီးမှာတော့ မိသားစုဝင်တွေက ငိုကြွေးနေကြတာ တွေ့ရပါတယ်။

သွေးတိုးရောဂါနဲ့ ကျောက်ကပ်ရောဂါရှိတဲ့ သတို့သမီးရဲ့ဖခင်ဟာ မင်္ဂလာပွဲကိစ္စတွေ စီစဉ်နေရင်းနဲ့ မင်္ဂလာဆောင်နေ့ မတိုင်ခင် တစ်ရက်အလိုမှာ ကွယ်လွန်ခဲ့တာပါ။ သမီးဖြစ်သူရဲ့ လက်ထပ်ပွဲကို မြင်တွေ့ချင်တဲ့ သူ့ဆန္ဒအရ သူ့ရုပ်အလောင်းဘေးမှာ လက်ထပ်ထိမ်းမြားဖို့ သတို့သမီးဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မင်္ဂလာပွဲအပြီးမှာတော့ သူ့ရဲ့ရုပ်အလောင်းကို အနီးနားမှာရှိတဲ့ သုဿန်မှာ မြေမြှုပ်သဂြိုဟ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။