အနုပညာအလုပ်တွေကနေ အနားယူပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် Michael Caine

Celebrity International News
အနုပညာအလုပ်တွေကနေ အနားယူပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် Michael Caine

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနုပညာအလုပ်တွေကနေ အနားယူပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် Michael Caine ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကနေ အနားယူပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် Michael Caine

ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဒါရိုက်တာ Christopher Nolan ရဲ့ ရုပ်ရှင်တိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် Michael Caine ဟာ အနုပညာလောကကနေ အနားယူတော့မယ်လို့ ပြောလာခဲ့ပေမယ့် ယခုအခါမှာတော့ အမှန်တကယ်အနားယူသွားပြီဖြစ်ပါတယ်။

အော်စကာနှစ်ဆုရ ​​ဗြိတိန်သရုပ်ဆောင် Michael Caine ဟာ ၎င်းပါဝင်ခဲ့တဲ့ The Great Escaper ရုပ်ရှင်ဟာ ၎င်းရဲ့နောက်ဆုံးရုပ်ရှင်ဖြစ်ပြီး အနုပညာအလုပ်တွေကနေ အမှန်တကယ်အနားယူပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့က BBC သတင်းဌာနရဲ့ ရေဒီယိုအစီအစဥ် အင်တာဗျူးတစ်ခုမှာ တရားဝင်အတည်ပြုလာခဲ့တာပါ။
“ကျွန်တော် အနားယူတော့မယ်လို့ ဆက်တိုက်ပြောနေခဲ့တယ်။ ကဲ အခုတော့ ကျွန်တော်နားပါပြီဗျာ။”

အသက် ၉၀ အရွယ် Michael Caine ဟာ အနုပညာသက်တမ်း နှစ် ၇၀ ကျော် သက်တမ်းရှိတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ၁၉၈၆ မှာ Hannah ရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (အော်စကာ) တစ်ဆုနဲ့ ၁၉၉၉ မှာ The Cider House Rules နဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (အော်စကာ) တစ်ဆု အသီးသီးရရှိခဲ့တာပါ။

မင်းသားကြီး Michael Caine ကို ပိတ်ကားထက်မှာ နောက်ဆုံးမြင်တွေ့ရမယ့်ရုပ်ရှင်ဖြစ်တဲ့ The Great Escaper ဟာ ​ဒုတိယကမ္ဘာစစ်ကာလ ဗြိတိန်တော်ဝင်ရေတပ် စစ်မှုထမ်းဟောင်း Bernard Jordan အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Michael Caine က Bernard Jordan အဖြစ် အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။