မိသားစုအတွက်ဆို အသက်ပါရင်းရဲတဲ့ကောင်ပါ ဆိုတဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း ကိုထွန်း

Celebrity Local News
မိသားစုအတွက်ဆို အသက်ပါရင်းရဲတဲ့ကောင်ပါ ဆိုတဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း ကိုထွန်း

ပိုးကြာဖြူခင်က ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်ရဲ့ အချစ် တော် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ချစ်စရာကောင်းလှတဲ့ ရုပ်ရည်အပြင် သရုပ်ဆောင်စွမ်းရည်ကလည်းပြည့်ဝလွန်းလှတာကြောင့် ပရိသတ်များစွာကိုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ ။မင်းသမီးချောလေး ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အပြည့်ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

မကြာသေးခင်မှ လူမူ့ကွန်ယက်မှာ သူမရဲ့ ခင်ပွန်းမိသားစုနဲ့ အဆင်ပြေနေတဲ့ ပုံရိပ်တွေ ချပြလာလ့ရှိတာလည်း တွေ့ရပါတယ်…. ကလေးတွေနဲ့ ပါအဆင်ပြေနေလို့ ပရိသတ်တွေကပါ သူတို အတွက်၀မ်းသာပေးတာနေတာ လည်း သိပီးသားဖြစ်မှာပါ ။ခင်ပွန်းဖြစ်သူရဲ့ နောက်ကြောင်းကြောင့် ပိုးကြာဖြူခင်ရဲ့ မင်္ဂလာသတင်းလေးက ပရိသတ်ကြီးကြားမှာ တော်တော်လေး ဟော့ ဖစ်ပြီး လက်ရှိအချိန်ထိလည်း သူတို့မိသားစုရဲ့ သတင်းကို ပရိသတ်က စောင့်ကြည့်နေခဲ့ကြပါတယ်။

အခုတစ်ခါမှာတော့ PK ထွန်းက သူတို့မိသားစုလေးရဲ့သာယာနေတဲ့ဘဝလေးကို ဖျက်စီးဖို့ကြိုးစားနေတဲ့သူတွေကို အကြီးအကျယ်သတိပေးလာတာပဲဖြစ်ပါတယ်။
“ဒီစာအရေးအသားတွေ ဘယ်ကောင်ရေးတာမှန်းလဲ ငါသိတယ် မိသားစုအတွင်းရေး စကားတွေ ဘယ်က ရတယ် ဆိုတာလဲ သိတယ် အဲ့တော့ ကိုယ့်ဘဝနဲ့ ကိုယ်နေပါ ငါတို့ဘဝက ၂ ဦး ၂ ဖက် အတွင်းရေး ဘာလျှို့ဝှက်ချက်မှ မထားပဲ ပွင့်ပွင့်လင်းလင်းနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေး ဘယ်သူဖျက်စီးစီး ပျက်စီးမှာလဲ မဟုတ်ဘူး ဒီထက်မကလဲ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးပြီ ငါတို့ဘဝ ငါတို့အိမ်ထောင်ရေး က ပျက်စီးစရာအကြောင်းမရှိတော့ဘူး မြန်မာပြည်ကြီးက ကျဉ််းကျဉ်းလေးနော် ဒီထက်ဆိုးလာရင် Singapore ဆိုတာလဲ ကျဉ်းကျဉ်းလေး နော်

ဟိုတခါလို အမှတ်မရှိသေးရင် တော့ ဆက်ဇောင်းထပေါ့ စီးနေတဲ့ကားကဖြင့် ငါ့မိန်းမ အိတ်တစ်လုံးစာတောင်မရှိပဲနဲ့ မိသားစုရေး အရမ်းသိပါတယ်ဆိုတဲ့စတိုင်နဲ့ ယားနေတဲ့ကောင်ရော ကိုယ့်မိသားစုချင်း အဆင်မပြေတာနဲ့ပဲ မကောင်းတဲ့ကောင်ဆိုတာသိသိကြီးနဲ့ အတွင်းရေးကအစ အာချောင်တဲ့ အမျိုးတွေရော အကုန် မှတ်ထားတယ်နော်

ငါ့မိသားစုအတွက်ဆို ငါက အသက်ပါရင်းရဲတဲ့ကောင်နော် ကိုယ်တိုင်ကဖြင့် အိမ်ထောင်ရေးဖောက်ပြန်လို့ အိမ်ထောင်ကွဲ၊ အိမ်ထောင်တစ်ခုကိုတောင် ကောင်းကောင်းမတည်ဆောက်နိုင်တဲ့ကောင်ကများ ငါလို တစ်မိသားစုလုံးအပေါ် တာဝန်ကျေတဲ့ ယောက်ကျားကို လာယှဉ်ချင်သေးတာလား ငွေကြေးချမ်းသာမှုကနောက်မှ ဇာရိတ္တချင်းပဲ အရင်ယှဉ်” ဆိုပြီး ဖေ့ဘုတ်စ် စာမျက်နှာမှာရေးသားဖော်ပြလာတာတွေ့ရပါတယ်။

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။