မူကထစားရင်း ရေမြွှာပေါက်လို့ ဆေးရုံသွားရမယ့် ကိုယ်ဝန်ဆောင်က သူ့စားပွဲကို မသိမ်းနဲ့ဦး၊ ပြန်လာစားဦးမယ်လို့ မှာခဲ့

Funny International News
မူကထစားရင်း ရေမြွှာပေါက်လို့ ဆေးရုံသွားရမယ့် ကိုယ်ဝန်ဆောင်က သူ့စားပွဲကို မသိမ်းနဲ့ဦး၊ ပြန်လာစားဦးမယ်လို့ မှာခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မူကထစားရင်း ရေမြွှာပေါက်လို့ ဆေးရုံသွားရမယ့် ကိုယ်ဝန်ဆောင်က သူ့စားပွဲကို မသိမ်းနဲ့ဦး၊ ပြန်လာစားဦးမယ်လို့ မှာခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မူကထစားရင်း ရေမြွှာပေါက်လို့ ဆေးရုံသွားရမယ့် ကိုယ်ဝန်ဆောင်က သူ့စားပွဲကို မသိမ်းနဲ့ဦး၊ ပြန်လာစားဦးမယ်လို့ မှာခဲ့

မူကထ (ထိုင်းစတိုင် အသားကင်)စားနေရင်း ရေမြွှာပေါက်လို့ ဆေးရုံကို အရေးပေါ် ပို့လိုက်ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က သူစားထားတာတွေကို မသိမ်းနဲ့ဦး၊ ဆေးရုံကပြန်လာရင် ထပ်စားဦးမှာလို့ မှာခဲ့တာကြောင့် ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဒီဆိုင်မှာ ပုံမှန်လာစားနေကျ ဖောက်သည်တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ မီးဖွားမယ်လို့ ဆရာဝန်တွေက ရက်သတ်မှတ်ပေးထားတာပါ။ အချိန်စောပြီး မီးဖွားမယ်လို့ ထင်မထားတဲ့ အမျိုးသမီးဟာ မူကထ လာစားရင်း ဗိုက်နာလာပြီး ရေမြွှာပေါက်သွားခဲ့လို့ ဆိုင်ဝန်ထမ်းတွေက ဆေးရုံကား ခေါ်ပေးခဲ့ရတာပါ။

” ကျွန်မ ဘာမှ သိပ်မစားရသေးဘူးနော်။ စားပွဲကို မသိမ်းနဲ့ဦး။ တကယ်လို့ ဆေးရုံရောက်ပြီးမှ ကလေးမမွေးဖြစ်ရင် ကျွန်မ ပြန်လာစားဦးမှာလို့ သူက မှာသွားတာပါ”လို့ မူကထဆိုင်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဆိုင်ဝန်ထမ်းက ဒီအကြောင်း ပြောပြချိန်မှာ ဆိုင်ပိုင်ရှင် ဘွန်းက နောက် ၉ လလုံးလုံး သူ့ဆိုင်မှာ အခမဲ့ လာစားခွင့်ရှိတယ်လို့ ကတိပေးခဲ့ပြီး ဒီအကြောင်းကို အောက်တိုဘာလ ၁၆ ရက်က ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆိုင်ပိုင်ရှင် ဘွန်းက ဆေးရုံကိုသွားကြည့်ခဲ့ပြီး စားစရာတွေ၊ အကင်ဒယ်အိုးနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လက်ဆောင်သွားပေးခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။