၁၉ နှစ်အရွယ် ကိုရီးယားစန္ဒယားပညာရှင်ကို ဗြိတိန်တေးသံသွင်း စာချုပ်ချုပ်ဆို

Celebrity International News
၁၉ နှစ်အရွယ် ကိုရီးယားစန္ဒယားပညာရှင်ကို ဗြိတိန်တေးသံသွင်း စာချုပ်ချုပ်ဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၉ နှစ်အရွယ် ကိုရီးယားစန္ဒယားပညာရှင်ကို ဗြိတိန်တေးသံသွင်း စာချုပ်ချုပ်ဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၉ နှစ်အရွယ် ကိုရီးယားစန္ဒယားပညာရှင်ကို ဗြိတိန်တေးသံသွင်း စာချုပ်ချုပ်ဆို

ဂန္ထဝင်ဂီတကို K-pop နဲ့ ပခုံးချင်းယှဉ်နိုင်အောင် စွမ်းဆောင်နိုင်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ အသက် ၁၉ နှစ်အရွယ် ကိုရီးယား စန္ဒယားပညာရှင်ကို ဗြိတိန်နိုင်ငံရဲ့ နာမည်ကျော် Decca Records တေးသံသွင်းက စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ ယွန်ချန်းလင်ဟာ မနှစ်တုန်းက အမေရိကန်နိုင်ငံ တက္ကဆက်မြို့မှာ ကျင်းပတဲ့ ဗန်ကလီဗန်း(Van Cliburn) စန္ဒယားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဆုရသူ ဖြစ်ခဲ့တာပါ။

သူ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ဖွင့်လေ့ရှိတဲ့ ချိုပင်၊ လစ်ဇ်တို့ရဲ့တေးသွားတွေကြောင့် စန္ဒယားကို သဘောကျတဲ့ ယွန်ချန်းလင်ဟာ အသက် ၇ နှစ်အရွယ်ကတည်းက စန္ဒယား စတီးခဲ့ပြီး အသက် ၈ နှစ်အရွယ်မှာ ဆိုးလ်အနုပညာစင်တာရဲ့ ဂီတအကယ်ဒမီမှာ တက်ရောက်ပညာသင်ခဲ့ပါတယ်။

ယွန်ချန်းလင်ကို စာချုပ်ချုပ်ဆိုဖို့ တိုကျို၊ ပဲရစ်၊ အမ်စတာဒမ်၊ ရောမ၊ လန်ဒန်၊ နယူးယော့ခ်နဲ့ ဆိုးလ်မြို့မှာရှိတဲ့ တေးသံသွင်းကုမ္ပဏီ အများအပြားက အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီး နောက်ဆုံးမှာတော့ ၉၄ နှစ်သက်တမ်းရှိတဲ့ Decca Records တေးသံသွင်းက သူ့ကို စာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။

တက္ကဆက်ပြိုင်ပွဲမှာ ယွန်ချန်းလင်ရဲ့ Rachmaninoff’s concert no.3 တီးခတ်မှုကို YouTube ပေါ်မှာ ကြည့်ရှုမှုအကြိမ်ရေ ၁၂ သန်းကျော်အထိ ရှိနေပါတယ်။ ယွန်ချန်းလင်ရဲ့ ပထမဆုံးအခွေကို ၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိဖို့ ရည်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။