ဂါဇာကို ထိုးစစ်မဝင်ခင် အစ္စရေးတို့ စဉ်းစားနေနိုင်တာတွေ

International News
ဂါဇာကို ထိုးစစ်မဝင်ခင် အစ္စရေးတို့ စဉ်းစားနေနိုင်တာတွေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာကို ထိုးစစ်မဝင်ခင် အစ္စရေးတို့ စဉ်းစားနေနိုင်တာတွေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာကို ထိုးစစ်မဝင်ခင် အစ္စရေးတို့ စဉ်းစားနေနိုင်တာတွေ

အစ္စရေးက သူတို့ အရန်တပ်သားတွေ သိန်းနဲ့ချီ ခေါ်ယူထားပြီး ဂါဇာကို မြေပြင် ထိုးစစ်ဝင်ဖို့ ပြင်နေ

အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ ဝင်ရောက်စီးနင်းခဲ့ ပြီးတဲ့နောက် အစ္စရေးတို့က ဟားမတ်စ် စစ်အင်အားကို အပြီးတိုင်ချေမှုန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂါဇာကို အင်အားအလုံးအရင်းနဲ့ ဝင်မယ့် လက္ခဏာတွေ ပြထားတာ ရက်အတော်ကြာလာပါပြီ။

အစ္စရေး ကာကွယ်ရေး တပ် (Israel Defence Forces – IDF) အတွက် အရန် တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ကျော်ကိုလည်း ဆင့်ခေါ်ထားပါတယ်။ မာကက်ဗာ တင့်ကား တွေ၊ အမြောက်စနစ်တွေ၊ lat nat အပြည့်အစုံ၊ တိုက်ပွဲဝင် ယူနီဖောင်းအပြည့်နဲ့ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေဟာ ဂါဇာနယ်စပ်၊ အစ္စရေး ဖက်အခြမ်းမှာ ရှိတဲ့ စိုက်ပျိုးရေးခြံတွေ၊ ကွင်းပြင်တွေမှာ ပြည့်နှက် နေပါပြီ။

အစ္စရေး လေတပ်နဲ့ ရေတပ်ကလည်း ဂါဇာထဲမှာရှိတဲ့ ဟားမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်ဒ်အဖွဲ့ဝင်တွေ ရှိနိုင်ရာ နေရာတွေ၊ lat natတိုက်ထားနိုင်ရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ဂါဇာက အရပ်သား အများအပြား thayဆုံးခဲ့ရ၊ ဒဏ်ရာတွေ ရခဲ့ကြပြီး၊ ဟားမတ်စ် တပ်မှူး တချို့ လည်း ထိခိုက်thayဆုံးတာတွေ ရှိခဲ့ပါတယ်။

အင်္ဂါနေ့က ဂါဇာက ဆေးရုံတခု ပေါက်ကွဲမှုမှာ လူအများအပြား thayဆုံးခဲ့ရပြီး ဒါကို နှစ်ဖက်စလုံးက မလုပ်ပါဘူးလို့ ငြင်းနေကြပေမယ့် ဒေသတွင်းမှာ တင်းမာမှုက ထပ်တိုးနေပါတယ်။

ဂါဇာကို ဝင်မယ်လို့ ပြောထားပေမယ့် အစ္စရေးက ဘာလို့ မဝင်သေးတာပါလဲ။

ဒါဟာ အကြောင်းရင်း အတော်များများ နဲ့ ပတ်သက်နေပါတယ်။

ဘိုင်ဒန် – အကြောင်းရင်း ၁

သမ္မတဘိုင်ဒန် အလျင်အမြန် စီစဉ်ပြီး ဒီသီတင်းပတ်အတွင်း အစ္စရေးကို ရောက်လာ တာကို ကြည့်ရင် ဒီဆိုးဝါးနေတဲ့ အခြေအနေကို အိမ်ဖြူတော်က ဘယ်လောက် စိုးရိမ်နေသလဲ ဆိုတာကို ပြနေပါတယ်။ အမေရိကန်အစိုးရအနေနဲ့ အကြီးအမား စိုးရိမ်နေတာ ၂ ခု ရှိပါတယ်။ တခုက လူသားချင်းစာနာမှုဆိုင်ရာ အရေးက ကြီးနေ တာပါ။ နောက်တခုကတော့ ပဋိပက္ခက အ‌ရှေ့အလယ်ပိုင်း တခုလုံးကို ပြန့်သွားမယ် အန္တရာယ် ရှိနေတာပါ။

အမေရိကန် သမ္မတက အစ္စရေးတို့ ဂါဇာကို သိမ်းမယ်ဆိုရင် ဒါက “တကယ့် အမှားကြီး” ဖြစ်သွားလိမ့်မယ်လို့ သူ့ သဘောထားကို အသေအချာ ထုတ်ပြော ထားပြီးပါပြီ။ အစ္စရေးဟာ ဂါဇာကို အရင်က သိမ်းဖူးခဲ့ပြီး ၂၀၀၅ မှာ ပြန်ဆုတ်လာတာပါ။

အစ္စရေးဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းက အနီးစပ်ဆုံး မိတ်ဆွေဆိုတာကို ပြသဖို့နဲ့ ဂါဇာအတွက် အစ္စရေးရဲ့ အစီအစဉ်တွေက ဘာတွေလဲဆိုတာကို ကြားရဖို့ အတွက် သူ အစ္စရေးကို တရားဝင် ခရီးစဉ်ထွက်လာတာပါ။

နောက်ကွယ်မှာလည်း ဘင်ဂျမင် နာတန်ရာဟုရဲ့ သဘောထား တင်းတင်းမာမာ အစိုးရမှာ အကန့်အသတ် တချို့ရှိတယ်ဆိုတဲ့ အကြောင်း သူ ထောက်ပြ ပြောဆို မယ့်ပုံ တွေ့ရပါတယ်။ အစ္စရေးက ဂါဇာကို ဝင်မယ်ဆိုရင် ဘယ်လိုဝင်မှာလဲ၊ ဘယ်လို ပြန်ဆုတ်မလဲ၊ ဘယ်တော့လဲ စတာတွေကို အမေရိကန် သိချင်ပါတယ်။

တဲလ်အဗစ်က လေဆိပ်မှာ အမေရိကန် သမ္မတရဲ့ Airforce One လေယာဉ် ဆိုက်ကပ်ထားတုန်း အစ္စရေးက ဂါဇာကို စစ်အင်အား အလုံးအရင်းနဲ့ ဝင်မယ် ဆိုရင် ဒါက အမေရိကန် အတွက်ရော၊ အစ္စရေးအတွက်ပါ သိပ်အမြင် မကောင်းလှပါဘူး။

ဂါဇာက လူအthayအဆုံးများပြားလှတဲ့ အယ် အလီ အာရပ် ဆေးရုံ ပေါက်ကွဲမှုက လည်း ဒီခရီးစဉ်ကို အရိပ်မည်းထိုးနေတာပါ။ ပါလက်စတိုင်းဘက်က ပစ်တဲ့ ရော့ကက် က လမ်းကြောင်းလွဲပြီး ဆေးရုံကို မှန်သွားတာလို့ ဆိုတဲ့ အစ္စရေးဖက်က အကြောင်းပြချက်ကို သမ္မတ ဘိုင်ဒန်က လူသိရှင်ကြား လက်ခံထားပေးခဲ့ပါတယ်။ ဘီဘီစီအနေနဲ့ လူအthayအပျောက် ရာနဲ့ချီရှိနိုင်တဲ့ ဒီအထိအခိုက် အရေအတွက် စာရင်းကို သီးခြား လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ဖို့ ကြိုးစားနေသလို၊ ပေါက်ကွဲမှု ဘာကြောင့်ဖြစ်ခဲ့တာလဲ ဆိုတဲ့ အကြောင်းရင်းကိုလည်း လွတ်လွတ်လပ်လပ် ဆန်းစစ် သိနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အီရန် – အကြောင်းရင်း ၂

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အစ္စရေးတို့ ဂါဇာကို ဝင်ရင် ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးလို့ အီရန်က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ လက်တွေ့မှာ ဒါက ဘာသဘောဆောင်ပါသလဲ။

အ‌ရှေ့အလယ်ပိုင်းက ရှီးယား စစ်သွေးကြွအတော်များများကို အီရန်က ရန်ပုံငွေတွေ၊ လေ့ကျင့်သင်တန်းပေးတာတွေ၊ lat nat တပ်ဆင်ပေးတာတွေနဲ့ အတူ သူတို့ကို အတိုင်းအတာ တခုအထိ ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီအထဲမှာ အစွမ်းအထက် ဆုံးထဲက တဖွဲ့က အစ္စရေးရဲ့ မြောက်ဘက်နယ်စပ်နဲ့ ထိစပ်နေတဲ့ လက်ဘနွန် တောင်ပိုင်းက ဟစ်ဇ်ဘိုလာ ပါ။

အစ္စရေးနဲ့ လက်ဘနွန်အကြား အဆုံးအရှုံးများပြီး အဖြေမထွက်ခဲ့တဲ့ စစ်ပွဲကို ၂၀၀၆ တုန်းက လုပ်ခဲ့ကြပါတယ်။ အဲဒီစစ်ပွဲမှာ အစ္စရေးရဲ့ ခေတ်မီ တင့်ကားတွေဟာ မြေမြှုပ် မိုင်း ထိတာ၊ အသေအချာပြင်ဆင်ထားတဲ့ ချုံခိုတိုက်ခိုက်မှုတွေ ခံရတာ စတာတွေ ကြောင့် အထိနာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဟစ်ဇ်ဘိုလာတို့ဟာ အီရန်ရဲ့ အကူအညီနဲ့ lat nat တွေ ထပ်ဖြည့်တင်းထားပြီး သူတို့ဆီမှာ ရော့ကက်နဲ့ မစ်ဇိုင်း အလုံးရေ ၁၅၀,၀၀၀ လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီထဲက အများစု က အဝေး ပစ်နိုင်ပြီး ပစ်မှတ်ကို အတိအကျမှန်အောင်လည်း ထိန်းကျောင်း ပစ်ခတ် နိုင်ပါတယ်။

အစ္စရေးက ဂါဇာကို ဝင်ကျူးကျော်ရင် ဟစ်ဇ်ဘိုလာတို့က အစ္စရေးမြောက်ဘက် နယ်စပ်ကနေ ဝင်တိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု‌တွေ ရှိနေပြီး အဲသလိုသာဆိုရင် အစ္စရေးက စစ်မျက်နှာ ၂ ခု ဖွင့်ရမယ့်အခြေအနေ ဆိုက်သွားနိုင်ပါတယ်။

ဒါပေမဲ့ မြေထဲပင်လယ် အရှေ့ခြမ်းက ကမ်းလွန်ပင်လယ်ပြင်မှာ အစ္စရေးကို ကူဖို့ အသင့်ရောက်နေတဲ့ အမေရိကန် ရေတပ် လေယာဉ်တင် သင်္ဘော ၂ စီး ရှိနေတဲ့ ဒီအချိန်မှာ ဟစ်ဇ်ဘိုလာက စစ်ကို လိုချင်မလား ဆိုတာကလည်း ထည့်စဉ်းစား စရာပါ။

အမေရိကန်တို့ မြေထဲပင်လယ်မှာ ရှိနေတဲ့ အချက်က ဟစ်ဇ်ဘိုလာတို့ တိုက်ခိုက်မှု လုပ်လာရင် အမေရိကန် လေကြောင်းတိုက်ခိုက်မှု စွမ်းအားနဲ့ ပြန် လက်တုံ့ပြန် နိုင်တယ်လို့ အစ္စရေးဖက်ကို အာမခံ ပေးထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ် စစ်ပွဲတုန်းက ဟစ်ဇ်ဘိုလာတို့ဟာ သူတို့ရဲ့ တိုက်သင်္ဘောဖျက် အဆင့်မြင့် မစ်ဇိုင်းတွေကို သုံးပြီး ကမ်းရိုးတန်းအလွန်မှာ အစ္စရေး တိုက်သင်္ဘောတစီးကို ဖျက်ဆီး နိုင်ခဲ့တဲ့ အချက်ကလည်း အမှတ်ရစရာ ကောင်းတဲ့အချက်ပါ။

လူသားချင်း စာနာမှုဆိုင်ရာ အရေး – အကြောင်းရင်း ၃

အစ္စရေး အစိုးရဟာ ဂါဇာက ဟားမတ်စ်ကို အမြစ်ဖြုတ်ဖို့ လုပ်ပြီဆိုရင် ကမ္ဘာတဝန်းက ဘယ်လိုမြင်မြင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း အရေးကို ဟိုးနောက်ဆုံးကို ပို့ပစ်မယ့်ပုံပါ။

အောက်တိုဘာ ၇ ရက်တုန်းက ဟားမတ်စ်တို့ရဲ့ သွေးဆာတဲ့ အရိုင်းအစိုင်း လုပ်ရပ်တွေ ကြောင့် အစ္စရေးအပေါ် ကမ္ဘာတဝန်းက ဂရုဏာသက်ခဲ့ကြပေမယ့် အစ္စရေးတို့ရဲ့ မရပ်မနား လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အရပ်သားတွေ thayဆုံးရမှု စာရင်းက ထိုးတက်လာနေတဲ့အတွက် လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်ဖို့၊ ဂါဇာက သာမန်အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကမ္ဘာက တောင်းဆိုတာတွေက ပိုမြင့်လာပါတယ်။

တကယ်လို့ အစ္စရေးက အင်အားအလုံးအရင်းနဲ့ ဂါဇာကို မြေပြင်ထိုးစစ်ဝင်မယ်ဆိုရင် အရပ်သား thayဆုံးမှုက ထပ်တိုးလာဦးမှာပါ။

တိုက်ပွဲတွေက မြေအောက်က လှိုဏ်ခေါင်း တူးမြောင်းတွေထဲမှာလည်း ဖြစ်နိုင်ပြီး အစ္စရေး စစ်သားတွေ ‌ချောင်းမြောင်း အတိုက်ခံရတာ၊ စနိုက်ပါလက်ချက်နဲ့ မိတာ၊ အဝေးထိန်း မိုင်းတွေနဲ့ အတိုက်ခံရတာ စတာတွေကြောင့် အထိအခိုက်တွေ ရှိလာ နိုင်ပါတယ်။

ဘာပဲဖြစ်စေ အရပ်သားthayဆုံးမှုကတော့ တိုးလာမှာ ဖြစ်ပြီး ဖိအားတွေလည်း ထပ်တိုးလာနိုင်ပါတယ်။

ထောက်လှမ်းရေးသတင်း အကြီးအကျယ် ရှုံးပွဲ – အကြောင်းရင်း ၄

အစ္စရေး ထောက်လှမ်းရေးကတော့ အပုပ်ချတာ ခံနေရပါပြီ။

ဟားမတ်စ်တို့ တိုက်ခိုက်မှု လာမှာကို ကြိုမသိထားတဲ့ ပြည်တွင်းထောက်လှမ်းရေး ရှင်းဘက်အဖို့ အထုအထောင်းခံနေရပါတယ်။ ရှင်းဘက်ဟာ ဂါဇာထဲမှာ သူတို့ သတင်းပေးနဲ့ စပိုင်ကွန်ရက်တွေ ရှိထားနိုင်ပြီး၊ ဟားမတ်စ်နဲ့ ပါလက်စတိုင်း ဂျီဟတ်ဒ် တပ်မှူးတွေကို အမြဲထောက်လှမ်းနေမှာလို့ မှတ်ယူထားကြတာပါ။

ဒါပေမဲ့လည်း စနေမနက်က အစ္စရေးတောင်ပိုင်းမှာ ထိတ်လန့်စရာတိုက်ခိုက်မှုတွေ ဖြစ်လာမှာကို သူတို့ သတင်း အစအန ကြိုတင် မရခဲ့တဲ့ အဖြစ်က ၁၉၇၃ ယွန်ကပူး စစ်ပွဲနောက်ပိုင်း အဆိုးဆုံးသော ထောက်လှမ်းရေး ရှုံးပွဲကြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ‌တော့ အစ္စရေး ထောက်လှမ်းရေးဟာ မြန်မြန်သွက်သွက် ပြင်ဆင်မှုတွေ လုပ်ပြီး ဓားစာခံ ဖမ်းဆီးခံသွားရသူတွေရဲ့ အမည်တွေ၊ ရှိနေတဲ့ နေရာတွေ၊ ဟားမတ်စ် တပ်မှူးတွေ ပုန်းခိုနေတဲ့နေရာတွေကို သိအောင်လုပ်ခဲ့ကာ သူတို့ အစ္စရေး ကာကွယ်ရေး တပ်ကို အကူအညီပေးနိုင်ခဲ့ပါတယ်။

သူတို့အနေနဲ့ သတင်း အချက်အလက်တွေ အခုထက် ပိုရဖို့ အချိန်ပို တောင်းထား တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှသာ တပ်တွေက နေရာအတိအကျကို တိုက်ရိုက် တိုက်ခိုက်နိုင် မှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအတော်များများက အပြစ်တင်မှုတွေ၊ ဂါဇာ မြောက်ပိုင်း အပျက်အစီးပုံတွေ အကြားက ပြန်တိုက်ခိုက်လာတာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

အစ္စရေးက အဆက်မပြတ်ဗုံးကြဲနေတဲ့ ကြားက ဟားမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်ဒ်အဖွဲ့တို့ဟာ ဆက်လက်လှုပ်ရှားနိုင်ဆဲရှိနေပြီး အစ္စရေး တပ်တွေ ဝင်လာတဲ့အခါ ချောင်းမြောင်းတိုက်ခိုက်မှုတွေ၊ မိုင်းဆွဲတိုက်ခိုက်မှုတွေ လုပ်ဖို့ ပြင်ဆင်ထားနိုင်ပါတယ်။ သူတို့ဟာ မြေအောက် ဥမင် တူးမြောင်းတွေထဲမှာ ပိုအန္တရာယ်‌ပေးနိုင်ပါတယ်။ ဒါကြောင့် သူတို့ ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာကို အစ္စရေး ထောက်လှမ်းရေးက ဖော်ထုတ်ပြီး ကာကွယ်‌‌ရေးတပ်ကို ပေးနိုင်ဖို့ အားသန် နေမှာပါ။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။