ကြက်ကြော်ဆိုင်ရှင်ကို အံ့အားသင့်စေခဲ့တဲ့ အစားသူရဲကောင်း

International News
ကြက်ကြော်ဆိုင်ရှင်ကို အံ့အားသင့်စေခဲ့တဲ့ အစားသူရဲကောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြက်ကြော်ဆိုင်ရှင်ကို အံ့အားသင့်စေခဲ့တဲ့ အစားသူရဲကောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြက်ကြော်ဆိုင်ရှင်ကို အံ့အားသင့်စေခဲ့တဲ့ အစားသူရဲကောင်း

ဗီယက်နမ်နိုင်ငံက ကြက်ကြော်ဆိုင်ပိုင်ရှင်ဟာ ၁ နာရီခွဲအတွင်း ကြက်ကြော်ဗန်းကြီး ၂ ဗန်း ကုန်အောင် စားပြနိုင်ရင် ဒေါင် ၅ သန်း ( မြန်မာငွေ ၅ သိန်းဝန်းကျင်) ပေးမယ်လို့ စိန်ခေါ်မှုတစ်ခု လုပ်ခဲ့တယ်။ တော်ရုံလူ ကုန်နိုင်ဖွယ်မရှိတဲ့ ပမာဏပါ။

ဒါပေမဲ့ မိုင်လို့ အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် အစားသူရဲကောင်းမလေးကတော့ ၅၅ မိနစ်အတွင်း ကြက်ကြော်ဗန်းကြီး ၂ ဗန်းလုံး ပြောင်စင်အောင် စားပြပြီး ဆုကြေးငွေ ဒေါင် ၅ သန်း ရယူသွားခဲ့ပါတယ်။ သူ့စားနေတာကို Tik Tok ပေါ်တင်ဖို့ ဗီဒီယိုရိုက်ထားခဲ့ပြီး ဆိုင်ရှင်ဖြစ်သူက မျက်လုံးပြူးပြီး ကြည့်နေတာ တွေ့ရမှာပါ။

မိုင်ရဲ့ စားနိုင်စွမ်းကို သိချင်နေသေးတဲ့ ဆိုင်ပိုင်ရှင်ကတော့ အခုစားပြတာရဲ့ ၃ ဆ ( ကြက်ကြော်ဗန်းကြီး ၆ ဗန်း) စားပြနိုင်ရင် ဒေါင် ၁၅ သန်း ဆုပေးမယ်လို့ ထပ်ပြီး စိန်ခေါ်ထားပါတယ်။ မိုင်ဟာ အစားအသောက်နဲ့ပတ်သက်ရင် နာမည်ကြီးသူဖြစ်ပြီး အရင်ကလည်း ဒီလို စိန်ခေါ်မှုတွေမှာ အနိုင်ရခဲ့ဖူးပါတယ်။ သူဟာ တစ်နာရီအတွင်း ဘီယာ ၁၃ ဘူး သောက်ပြခဲ့ဖူးသလို အလေးချိန် ၅ ကီလိုဂရမ်ရှိတဲ့ ခေါက်ဆွဲတွေကို ကုန်အောင် စားပြနိုင်ခဲ့လို့ ဆုငွေ ဒေါင် သန်း ၃၀ ရခဲ့ဖူးသူပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။