မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ

Astrology
မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ
(လက်ဝါးပြင်ပေါ်မှ လက်ရေစာ/ဗွေတစ်ချို့ရဲ့ အလုပ်သဘော၊သဘာဝများ)

ဖြောင့်တန်းနေသော လက်သန်းလက်ချောင်းထိပ်တွင် အဖျက်ကင်း၍ သန့်ရှင်းသော ခရုပတ်ဗွေတွေ့ပါက လူချစ်လူခင်များပြီး ရွှေ၊ ငွေ အကျိုးပေး၍ မပြတ်ဝတ်ဆင်ရတတ်ပါတယ်။ (A)

အချို့သောလက်တို့တွင် ကံလမ်းကြောင်းမပါရှိသော်လည်း လက်ဖဝါးအောက်ခြေဘက်မှ အထက်သို့ ချွန်တက်နေသော လက်ရေစာပါရှိပါက (ကံလမ်းကြောင်းနှင့်တူညီစွာ) အကျိုးစီးပွားဖြစ်ထွန်းအောင်မြင်နိုင်ပါတယ်။ (B)

သောကြာဂြိုလ်ခုံထက်တွင် (မည်သည့်ဗွေမဆို၊ မည်သည့်ဘက်လှည့်သည်ဖြစ်စေ) ဗွေပါရှိက အလွန်ကောင်းပါတယ်၊ တစ်ပါးအပေါ် မေတ္တာတရားထားတတ်ကာ ထင်ပေါ်ကျော်ကြားတတ်ပါတယ်။ (C)

တနင်္လာဂြိုလ်ခုံထက်တွင် လက်ရေစာအခုံးနှစ်ခုတွေ့ရလျှင် ငွေတိုးငွေချေးလုပ်ငန်းတွေနဲ့ အကျိုးပေးသူ ဖြစ်ပါတယ်။ (D)

တနင်္ဂနွေဂြိုလ်ခုံထက်တွင် ဗွေတစ်ခုတည်ရှိနေပါက ဘဝဟာ ရေပမာ ငြိမ်းချမ်းသာယာရှိပါလိမ့်မယ်။

ရေးသားသူ –ဗေဒင်လက္ခဏာ သုတေသီ ဆရာတင်နိုင်လင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။