မဟာဘုတ်ခွင် လူမှုဆက်ဆံရေး သဘောတရားများ

Astrology
မဟာဘုတ်ခွင် လူမှုဆက်ဆံရေး သဘောတရားများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်ခွင် လူမှုဆက်ဆံရေး သဘောတရားများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်ခွင် လူမှုဆက်ဆံရေး သဘောတရားများ

မိမိနှင့် ဆက်ဆံသူသည် မည်သည့်အဖွား ဖြစ်စေကာမူ ယင်းအဖွားများနှင့် မသက်ဆိုင်ပါ ။ မိမိ၏ မူလမဟာဘုတ် ( မွေးမဟာဘုတ် ) တွင် မိမိနှင့် ဆက်ဆံမည့်သူသည် မည်သည့်နေ့ဖွား၍ ထိုသူ၏မွေးနံသည် မိမိမဟာဘုတ်ခွင်တွင် မည်သည့်ခွင်၌ရှိသည်ကို ဖော်ထုတ်ပြီး ဆက်ဆံရပါမည် ။

ပုတိခွင် နှင့် ဆက်ဆံမှု

ခွင့်လွှတ်သည်းခံပြီး ဆက်ဆံရမည် ။ မလျော့လွန်း မတင်းလွန်း အနေအထားဖြင့် ဆက်ဆံရ မည် ။ လျော့လွန်းလျှင် မရနိုင်သလို ၊ တင်းလွန်းလျှင်လည်း မရတတ်ပါ။ ချည်တိုင်တွင်ကား ချည် နှောင်ထားရပါမည် ။ သို ့ရာတွင် ကြိုးကို ဟိုထား၍မရ ၊ ကြိုးရှည်ရှည်နှင့် လှန်ထားမှသာလျှင် မိမိ လိုရာ ပုံသွင်း၍ ရပါမည် ။ ကြိုးချည်ထားပြီး လျော့ပေးလိုက် ၊ ပြန်လည်ဆွဲယူလိုက် လုပ်ရပါမည် ။ လုံးဝလွှတ်ထား၍ မရသလို ဆွဲကိုင်ထားလို ့လည်း မရပါ ။ နားလည်ရခက်သောသူမျိုး ဖြစ်ပါသည် ။

စိတ်ကို တစိုက်ထဲ ရှိမနေတတ်ပါ ။ စိတ်အပြောင်းအလဲ မြန်ဆန်တတ်ပါသည် ပြောင်းအလဲ မြန်တတ်သည်ကို သိထားခြင်းအားဖြင့် စိတ်ထားမပြောင်းမီ မိမိဆောင်ရွက်ရမည့် လုပ် ငန်းအားလုံးကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ထားသင့်သည် ။ သဘောတူရုံအဆင့်ကို ကြာရှည် ထားရှိလျှင် နောက်ပိုင်း စိတ်ပြောင်းသွားသဖြင့် သဘောမတူဟု ဆိုလာလျှင် ကြမ်းလွန်း၍ မရပါ ။ ချော့မော့ပြီး ပြောလျှင် ၊ ဖျောင်းဖျပြောဆိုလျှင် ရပါသည် ။

ဘင်္ဂခွင် နှင့် ဆက်ဆံမှ

ဖောက်ပြန်ပြောင်းလဲတတ်သော စိတ်ရှိသဖြင့် စိတ်ချလက်ချ ပစ်ပယ်ထားလို့ မရပါ ။ သစ္စာမ ရှိ ၊ ကတိမတည်တတ်ပါ ။ ငွေကြေးကိစ္စ စိတ်မချရပါ ။ ဘင်္ဂအခွင်သည် အပျက်သဘောကြောင့် မိမိ အတွက် တစ်ခုမဟုတ်တစ်ခု ပျက်စီးဆုံးရှုံးမှုကို ရစေတတ်ပါသည် ။ အသက်ကြီးပါက မြည်တွန် တောက်တီး နေတတ်သည် ။ အသက်ငယ်ရွယ်သူဖြစ်ပါက ဂျီကျတတ်သည် ။

မိမိခွင်၌ သားသမီး တစ်ဦးဦး၏ မွေးနံသည် ဘင်္ဂကျနေမှု ထိုကလေးအတွက် တစ်နည်းမဟုတ် တစ်နည်း နားပူနားဆာ လုပ်မှုကြောင့်သော်လည်းကောင်း ၊ ကဂျီကဂျောင် ကျမှုအတွက်သော်လည်း ကောင်း စိတ်ဆင်းရဲရတတ်ပါသည် ။ အမြဲတမ်း ဆင်ခြေပေးတတ်သဖြင့် ပြောဆိုမကောင်းသူများ ဖြစ်တတ်ပါသည် ။

ထိုသူမျိုးအားဆက်ဆံပါက ရေရှည်အသုံးမချပဲ လတ်တလော ကိစ္စများအတွက်သာ မြန်မြန်ဆန်ဆန် လုပ်ဆောင်စေပါက အသုံးဝင်မည် ၊ အသုံးတည့်မည် ဖြစ်ပါသည် ။

မရဏခွင် နှင့် ဆက်ဆံမှု

ပြန်မပြောနားမထောင်သူလည်း ဖြစ်တတ်သည် ။ သို့တည်းမဟုတ် ဆန့်ကျင်ပြီး အမြဲလုပ် တတ်သည် ။ ထိုသူများအပေါ် အမိန့်ပေးခိုင်းစေလိုက မရတတ်ပါချေ ။ စည်းရုံးသိမ်းသွင်းခြင်းအား ဖြင့်သာ အောင်မြင်မှု ရနိုင်ပါသည် ။ သူ့အလိုကျပြောဆိုပြီး လုပ်ကိုင်လျှင် အောင်မြင်မှု ရရှိပါမည် ။

ထိုသူမျိုးကို ဆရာတင်ပြီး . . ဒါဆိုလျှင် ဒီလိုလုပ်လျှင် ကောင်းမလားလို့ဆိုပြီး အကြံဉာဏ် တောင်းပြီး ၊ သူ့ဆီက အကြံဉာဏ်ယူပြီး သူကအားလုပ်ခိုင်းလျှင်လည်း ရပါသည် ။ မဟုတ်မခံတတ် ၊ ဘုပြောတတ် ၊ တစ်ဇွတ်ထိုး လုပ်တတ်သည်ကို မိမိအနေဖြင့် ဒေါသမထွက်ပဲ စိတ်ရှည်ရှည်နှင့် သည်း ခံ ဆက်ဆံရန်ကား လိုပါသည် ။ “ ဘူးဆိုလျှင် ဖရုံမသီး ” သူများဖြစ်၍ “ ဟင့်အင်း ” ဆိုလျှင်ကား ဆက်လက်မကြိုးစားပဲ ရပ်ဆိုင်းထားရန် လိုပါသည် ။ နောက်မှတစ်ကြိမ်ထပ်ပြီး မေ့လောက်ပြီဆိုမှ ချော့မော့ပြောလျှင် ရတတ်ပါသည် ။

အထွန်းခွင် နှင့် ဆက်ဆံမှု

ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းပြီးမြောက်နိုင်ပါသည် ။ အကြံဉာဏ်ကောင်း များ ရရှိနိုင်ပါသည် ။ ဖြစ်ထွန်းမည့် လုပ်ငန်းများ ၊ အကျိုးရှိမည့် လုပ်ငန်းများကို ပူးတွဲ၍ လုပ်ကိုင် ရပါမည် ။ အကြမ်းပတမ်း ဆက်ဆံ၍ မရပါ ။ အော်ဟစ်ငေါက်ငမ်း ပြောဆို၍ မရပါ ။ ညင်သာပျော့ ပျောင်းစွာသာ ဆက်ဆံရပါမည် ။ အကျိုးအကြောင်းခိုင်လုံစွာ ပြောဆိုဆက်ဆံလျှင် လက်ခံမည့်သူ များသာ ဖြစ်ပါသည် ။ ထိုသူမျိုးနှင့် ဆက်ဆံရာတွင် စိတ်မညစ်တတ်ပါ ။

သိုက်ခွင် နှင့် ဆက်ဆံပူ

သူတို့တတွေနှင့် ဆက်ဆံသည့်အခါမှာ စည်းကမ်းထားပြီး ဆက်ဆံရပါမည်။ သူ့စည်းကိုယ့်စည်းထားပြီး ဆက်ဆံလျှင် ရေရှည်ဆက်ဆံလို ့ ရပါသည် ။ လျှို့ဝှက်စွာ ပြောဆိုရမည့် ကိစ္စများတွင် နှုတ်လုံတတ်ပါသည် ။ အေးဆေးစွာ နေတတ်သူများ ဖြစ်ပါ၍ ဝုန်းဝုန်းဒိုင်းဒိုင်း သွားပြောဆိုမှုများ ၊ နားပူနားဆာ လုပ်မှုများ လက်မခံတတ်ပါ ။ ထိုသူမျိုးကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ပေးရပါမည် ။ သူသဘောကျ ဆုံးဖြတ်ပေးစေရပါမည် ။ သူ့ကို အချုပ်အချယ်ဖြင့် လုပ်လာလျှင် မကြိုက်တတ်ပါ ။ အနှောင်အဖွဲ့ထားပြီး လုပ်ကိုင်ခြင်းမျိုးကို ထိုသူတို့နှင့် ဆက်ဆံရာတွင် ရှောင်ရှားပေးရပါမည် ။

ရာဇခွင် နှင့် ဆက်ဆံမှု

ဩဇာပေးတတ်သူများဖြစ်၍ သူ၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပေးပါက ထိုသူများအ ပေါ် အလွန်နှစ်ခြိုက်တတ်ပါသည် ။ ကိုယ်လိုချင်တာ ၊ ကိုယ်ဖြစ်ချင်တာကို နောက်ထားပြီး သူလို လားတာ သူခိုင်းတာကို ပြီးဆုံးအောင် လုပ်ရပါမည် ။ ထိုနောက်မှ မိမိလိုရာပြောလျှင် လျှောလျှောရှူ ရှူ လုပ်ပေးတတ်ပါသည် ။

ထိုသူတို့ကား မာန်မာနကြီးသူ ၊ ဂုဏ်သိက္ခာ ရှေ့တန်းတင်သူများဖြစ်၍ ထိုသူတို့အား နိမ့်ချ သည့် ၊ အရှက်ရစေသည့် စကားမျိုး မပြောဆိုမိရန် အထူးသတိထားရပါမည် ။ ထိုသူတို့အပေါ် မိမိ က ရက်ရက်ရောရော ကျွေးမွေး ပေးကမ်း ထောက်ပံ့ခြင်းပြုပါလျှင် မိမိလိုရာ တောင်းဆို၍ရပါမည် ။ အထူးသဖြင့် ထိုသူမျိုးအား မိမိက အောက်ကျို ့ခံပေါင်းခြင်း ၊ လက်ဆောင်ပဏ္ဏာပေးပြီး ပေါင်းခြင်း များ ပြုပါက မိမိအတွက် ထိုသူတို ့ထံမှ အထူးအကူအညီ ရရှိမည်သာ ဖြစ်ပါသည် ။

အဓိပတိခွင် နှင့် ဆက်ဆံမှု

မိမိနှင့် ဆက်ဆံမည့်သူသည် မိမိထက် ကြီးကဲသူဖြစ်ပါက ကန်တော့မည့်ပစ္စည်း တစ်ပါတည်း ပြောဆိုရပါမည် ။ မိမိထက် ငယ်သူဖြစ်ပါက သူနှစ်သက်တတ်သည့် ၊ ကြိုက်တတ်သည့် လက်ဆောင် ပေးပြီး ပြောဆိုရပါမည် ။ အဓိပတိခွင်သည် နာယကခွင် ၊ အကြီးအကဲခွင် ၊ ဆရာခွင်ဖြစ်ရာ ထိုသူ များ၏ ပြောဆိုသောစကားများကို စိတ်ဝင်တစား နားထောင်ပေးရပါမည် ။

မိမိကသာ လိုရာပြောဆိုပြီး ထိုသူတို့၏စကားကိုအလေးအနက် မထားပါကလည်း မိမိ၏ ရည်မှန်းချက် ၊ မိမိလိုရာကိစ္စ ထိုသူတို့ထံမှ ရနိုင်မည်မဟုတ်ကြောင်း သိထားရန် လိုအပ်ပါသည် ။ ထိုသူတို့ ကား ဆရာလုပ်လိုသူများဖြစ်၍ များများဆရာတင်လေ သူတို့သဘောကျလေဖြစ်မည် ။ အဲဒီ အခါမှာ မိမိလိုရာကို အောင်မြင်မှုရမည်မှာ သေချာပါသည် ။

မှတ်ချက်

မိမိ၏ မွေးမဟာဘုတ်အရ မိမိ၏ ဇနီး ( သို့) ခင်ပွန်း ( သို့) သားသမီးသည် . . မည်သည့် မဟာဘုတ်ခွင်တွင် ရှိသည်ကိုကြည့်ပြီး အထက်ပါသဘောအတိုင်း လက်တွေ့သုံးစွဲပြီး ဆက်ဆံကြည့် ပါက ရာနှုန်းပြည့်နီးပါး အောင်မြင်မည် ဖြစ်ပါကြောင်း လက်တွေ့ က သက်သေခံပါလိမ့်မည် ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။