လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသားအန်ဘိုဟွန်း

Celebrity International News
လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသားအန်ဘိုဟွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသားအန်ဘိုဟွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသားအန်ဘိုဟွန်း

ကိုရီးယားနာမည်ကျော်အဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးနဲ့ မင်းသား အန်ဘိုဟွန်းတို့ဟာ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါပြီ။ သူတို့လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းက အောက်တိုဘာ ၂၄ ရက်နေ့မှာ ထွက်ရှိလာခဲ့တာပါ။

“ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ရဲ့ဆက်ဆံရေးက အလုပ်အရမ်းများတာကြောင့် ဝေးကွာဖို့ဖြစ်လာခဲ့ပြီး မကြာသေးခင်ကမှ လမ်းခွဲခဲ့ကြတယ်” လို့ သတင်းထွက်ရှိခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး BLACKPINK ရဲ့အေဂျင်စီ YG Entertainment က အခုလို အတည်ပြုပေးခဲ့ပါတယ်။ “ဂျီဆူးနဲ့ အန်ဘိုဟွန်းတို့ လမ်းခွဲလိုက်တာ မှန်ပါတယ်”လို့ ဆိုပါတယ်။

ဒီသတင်းကို YG entertainment မှာလည်း တရား၀င် အတည်ပြုထားခဲ့ပါတယ်။Jisoo နှင့် Ahn bo Hyun တို့ဟာ လွန်ခဲ့တဲ့ ဩဂုတ်လတုန်းကမှ လက်တွဲထားခဲ့တာဖြစ်ပြီး အဆိုပါ သတင်းထွက်ခဲ့တုန်းက တစ်ကမ္ဘာလုံး ဟိုးလေးတကျော် ဖြစ်ခဲ့ပါ‌ သေးတယ်။

ရေးသားသူ –POP PLUS

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။